အကျဉ်းကျခံနေရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မိခင်နှင့် တွေ့ခွင့်ရ
DVB
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဇူလိုင် ၂၇ ရက် ဒီကနေ့မှာ မိသားစုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။
ဒီနေ့မနက် ကိုဝေမိုးနိုင်ကို မုံရွာအကျဉ်းထောင်ထဲက ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ ရုံးထုတ်တဲ့အချိန် ကိုဝေးမိုးနိုင်ရဲ့ မိခင်ဖြစ်သူက တရားခံပြသက်သေအနေနဲ့ သွားရောက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
#DVB #News #ဝေမိုးနိုင်
uicode
DVB