မန္တလေးမြို့ပေါ်မှာ တိုက်ခိုက်ရေးတွေ ပြန်လုပ် မန်းလည်း ကြ-မ်းပြီဗျာ–ရုပ်သံ

News

မန္တလေးမြို့ပေါ်မှာ တိုက်ခိုက်ရေးတွေ ပြန်လုပ်ဆောင်တော့မယ်လို့ MRDO အဖွဲ့ ထုတ်ပြန်

MFP ၊ ဇူလိုင် – ၂၇

မန္တလေးမြို့ပေါ်မှာ တိုက်ခိုက်ရေးတွေကို ပြန်လည်လုပ်ဆောင်တော့မယ်လို့ Mandalay Revolution and Defense Organization (MRDO) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရဲမွန်တောင်ရပ်ကွက် ၃၅ လမ်းနဲ့ ၅၉ လမ်းအနီးက စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုနဲ့အတူ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတုန်းက ရရာပစ္စည်းနဲ့ လုပ်ခဲ့ရတာဖြစ်တဲ့အတွက် ထိရောက်မှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ ကျွန်တော်အဖွဲ့တွေအကုန်ကတော့ စစ်သင်တန်းတက်နေတာဗျ၊ အဲဒါကြောင့်အခုနောက်ပိုင်းတွေမလုပ်ဖြစ်တော့လို့ပါ၊ အရင်ကတော့ နာမည်မရှိဘဲ ဘာမှမထုတ်ပြန်ဘဲ လုပ်တာပါ၊ အခုက ရပ်တည်ဖို့အဆင်မပြေတော့တို့ သပိတ်ကာလတုံးက သုံးခဲ့တဲ့နာမည်အနေနဲ့ဘဲ ပြန်run နေတာဗျ “ လို့ MRDO အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ Beaver က MFP ကို ပြောပါတယ်။

အဖွဲ့ဝင်တွေ ပြန်လည်စုစည်းနေပြီဖြစ်ပြီး တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်နေပေမယ့် ပစ္စည်းအခက်အခဲတွေကြောင့် ထင်သလောက် မအောင်မြင်တာမို့ ပိုမိုအားကောင်းတဲ့ ပစ္စည်းတွေနဲ့ လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း သူက ပြောဆိုပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်း စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေသလို စစ်အုပ်စုဘက်ကလည်း မြို့ပေါ်မှာ စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းမှာ မြို့ပေါ်က လူငယ်တွေလည်း ဖမ်းဆီးခံနေရပြီး အရေအတွက်နဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ စစ်အုပ်စုဘက်က ထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

ရုပ်သံ – MRDO

Crd

Unicode

မႏၲေလးၿမိဳ႕ေပၚမွာ တိုက္ခိုက္ေရးေတြ ျပန္လုပ္ေဆာင္ေတာ့မယ္လို႔ MRDO အဖြဲ႕ ထုတ္ျပန္

MFP ၊ ဇူလိုင္ – ၂၇

မႏၲေလးၿမိဳ႕ေပၚမွာ တိုက္ခိုက္ေရးေတြကို ျပန္လည္လုပ္ေဆာင္ေတာ့မယ္လို႔ Mandalay Revolution and Defense Organization (MRDO) က ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။ၿပီးခဲ့တဲ့ နိုဝင္ဘာလတုန္းက ရဲမြန္ေတာင္ရပ္ကြက္ ၃၅ လမ္းနဲ႔ ၅၉ လမ္းအနီးက စစ္အုပ္စုကို မိုင္းဆြဲတိုက္ခိုက္ခဲ့တဲ့ ႐ုပ္သံဖိုင္တစ္ခုနဲ႔အတူ ထုတ္ျပန္လိုက္တာျဖစ္ၿပီး အဲဒီတိုက္ခိုက္မႈတုန္းက ရရာပစၥည္းနဲ႔ လုပ္ခဲ့ရတာျဖစ္တဲ့အတြက္ ထိေရာက္မႈမရွိခဲ့ဘူးလို႔လည္း ဆိုပါတယ္။

“ ကၽြန္ေတာ္အဖြဲ႕ေတြအကုန္ကေတာ့ စစ္သင္တန္းတက္ေနတာဗ်၊ အဲဒါေၾကာင့္အခုေနာက္ပိုင္းေတြမလုပ္ျဖစ္ေတာ့လို႔ပါ၊ အရင္ကေတာ့ နာမည္မရွိဘဲ ဘာမွမထုတ္ျပန္ဘဲ လုပ္တာပါ၊ အခုက ရပ္တည္ဖို႔အဆင္မေျပေတာ့တို႔ သပိတ္ကာလတုံးက သုံးခဲ့တဲ့နာမည္အေနနဲ႔ဘဲ ျပန္run ေနတာဗ် “ လို႔ MRDO အဖြဲ႕ရဲ့ ျပန္ၾကားေရးတာဝန္ခံ Beaver က MFP ကို ေျပာပါတယ္။

အဖြဲ႕ဝင္ေတြ ျပန္လည္စုစည္းေနၿပီျဖစ္ၿပီး တိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္ေနေပမယ့္ ပစၥည္းအခက္အခဲေတြေၾကာင့္ ထင္သေလာက္ မေအာင္ျမင္တာမို႔ ပိုမိုအားေကာင္းတဲ့ ပစၥည္းေတြနဲ႔ လုပ္ေဆာင္နိုင္ဖို႔ ျပည္သူေတြရဲ့ အကူအညီေတြ လိုအပ္ေနတယ္လို႔လည္း သူက ေျပာဆိုပါတယ္။

မႏၲေလးၿမိဳ႕မွာ အခုရက္ပိုင္း စစ္အုပ္စုနဲ႔ နီးစပ္တဲ့ေနရာေတြကို တိုက္ခိုက္မႈေတြ ျဖစ္ပြါးေနသလို စစ္အုပ္စုဘက္ကလည္း ၿမိဳ႕ေပၚမွာ စစ္ေဆးဖမ္းဆီးမႈေတြ ပိုမိုလုပ္ေဆာင္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ဒီရက္ပိုင္းမွာ ၿမိဳ႕ေပၚက လူငယ္ေတြလည္း ဖမ္းဆီးခံေနရၿပီး အေရအတြက္နဲ႔ ဘာေၾကာင့္ဖမ္းဆီးတယ္ဆိုတာ စစ္အုပ္စုဘက္က ထုတ္ျပန္တာမ်ိဳးလည္း မရွိေသးပါဘူး။

႐ုပ္သံ – MRDO

Crd

Leave a Reply

Your email address will not be published.