ရို့ ရို့ ခင်မောင် ခင်မောင်ဘာကောင်တွေလဲဟ မျိုးဆက်ကွာဟမှု့မှာမင်းဂီတကို ငါနားမလည်တာငါ မှားသလား ?
ဇေယျာသော်




ရို့ ရို့
ခင်မောင် ခင်မောင်
ဘာကောင်တွေလဲဟ ။
မျိုးဆက်ကွာဟမှု့မှာ
မင်းဂီတကို ငါနားမလည်တာ




ငါ မှားသလား ။
စိုင်းထီးဆိုင်အစ လွှမ်းမိုးအလယ်
ဟယ်ရီလင်းနဲ့ဆုံးတဲ့ ငါတို့မျိုးဆက်တစ်ခုလုံး
မမုန်းပေမဲ့ ပြုံးမပြဖြစ်ခဲ့ဘူး။
ရန်ရန်ချမ်း ၊ ဖြိုးလေး ၊ ဇေယျာသော်တဲ့




စိုင်းစိုင်းက မိတ်ဆက်တဲ့အခါ
မင်းကို ငါသိလာတယ်။
နည်းပညာခေတ်မှာ
ငါဟာ
ငယ်သူတွေကို လေးစားတတ်လာတယ် ။
ဒီလိုနဲ့
မင်းဟာ လူလားမြောက်




လွတ်တော်အဆောက်အဦးအထိပေါ့ ။
ဒီနေ့
ဟောဒီနေ့မှာ
ငါ့ ခံစားမှု့က စကားလုံးတွေ ရှာလို့မရဘူး။
ဒီမယ် ညီလေး
နိဗ္မာန်ရောက်ကြောင်းတရားမှာ




မင်းနာမည် ပါချင်မှပါမှာပါ ။
ဒီမိုကရေစီ သမိုင်းမှာတော့
မင်းဟာ
ကမ္ဘာတည်သရွေ့ အာဇာနည်ပါဘဲ ။
ဘကြီးအောင် LA
Crd
Unicode
ရို့ ရို့ ခင်မောင် ခင်မောင်ဘာကောင်တွေလဲဟ မျိုးဆက်ကွာဟမှု့မှာမင်းဂီတကို ငါနားမလည်တာငါ မှားသလား ?
ဇေယျာသော်
ရို့ ရို့
ခင်မောင် ခင်မောင်




ဘာကောင်တွေလဲဟ ။
မျိုးဆက်ကွာဟမှု့မှာ
မင်းဂီတကို ငါနားမလည်တာ
ငါ မွားသလား ။
စိုင်းထီးဆိုင်အစ လွှမ်းမိုးအလယ်
ဟယ်ရီလင်းနဲ့ဆုံးတဲ့ ငါတို့မျိုးဆက်တစ်ခုလုံး




မမုန်းပေမဲ့ ပြုံးမပြဖြစ်ခဲ့ဘူး။
ရန်ရန်ချမ်း ၊ ဖြိုးလေး ၊ ဇေယျာသော်တဲ့
စိုင်းစိုင်းက မိတ်ဆက်တဲ့အခါ
မင်းကို ငါသိလာတယ်။
နည်းပညာခေတ်မှာ




ငါဟာ
ငယ်သူတွေကို လေးစားတတ်လာတယ် ။
ဒီလိုနဲ့
မင်းဟာ လူလားမြောက်
လွတ်တော်အဆောက်အဦးအထိပေါ့ ။
ဒီနေ့




ဟောဒီနေ့မှာ
ငါ့ ခံစားမှု့က စကားလုံးတွေ ရှာလို့မရဘူး။
ဒီမယ် ညီလေး
နိဗ္မာန်ရောက်ကြောင်းတရားမှာ
မင်းနာမည် ပါချင်မှပါမှာပါ ။
ဒီမိုကရေစီ သမိုင်းမှာတော့
မင်းဟာ
ကမ္ဘာတည်သရွေ့ အာဇာနည်ပါဘဲ ။
ဘကြီးအောင် LA
CRD