TOMORROWLAND ကို စိတ်ညစ်ညစ်နဲ့ သွားခဲ့တာပါဆိုတဲ့ သရုပ်ဆောင် ငြိမ်းသော်

News

TOMORROWLAND ကို စိတ်ညစ်ညစ်နဲ့ သွားခဲ့တာပါဆိုတဲ့ သရုပ်ဆောင် ငြိမ်းသော်

Modelသရုပ်ဆောင် မင်းသားချော ငြိမ်းသော်က သူ့ရဲ့ တိုင်းတပါးသားနဲ့တူတဲ့ ထူးခြားတဲ့ရုပ်ရည်သွင်ပြင်ကြောင့် မကြာသေးခင်နှစ်တွေကပဲ ပရိသတ်များအကြား အားပေးမှုရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ ငြိမ်းသော်က ဆိုရှယ်မီဒီယာမှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေ ၊ လတ်တလော လှုပ်ရှားမှုလေးတွေကို မျှဝေလေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးသူတစ်ဦးလို့လည်းဆိုလို့ရပါတယ်နော်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ငြိမ်းသော်က Tomorrowland ကိုသွားခဲ့တာကြောင့် ဒီလို ပြုမူတာနဲ့ပတ်သက်ပြီး သူ့ပရိသတ်တွေကြား ဝေဖန်မှုတွေရှိလာခဲ့တာပါ။

ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ သူက အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

ငြိမ်းသော်ဟာ အဆိုပါပွဲကို သွားချင်စိတ်ကြောင့်မဟုတ်ဘဲ 2019 ထဲက ဝယ်ထားတဲ့လက်မှတ်ကြောင့်သာ သွားလိုက်ရတာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။

သူက ဒါကို ” Tomorrowland ကလည်း 2019 ကတည်းက ဝယ်ထားခဲ့တဲ့လက်မှတ်ဖြစ်နေလို့ သွားခဲ့မိတာပါ .. သွားပြီး နောက်ရက်တွေ စိတ်ညစ်စွာနဲ့ နေနေပါတယ် … အခုလိုအခြေအနေ ဖြစ်သွားတဲ့အတွက်လဲ ထပ်ပြီး တောင်းပန်ပါတယ် ” ဆိုပြီး ရေးသားတောင်းပန်ခဲ့တာပါ။

ပရိသတ်တွေရော ငြိမ်းသော်ကိုအားပေးကြသေးလား၊ငြိမ်းသော်ဝေဖန်ခံနေရတာတွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေရှိရင်လည်း comment မှာပြောခဲ့ကြပါဦးနော်။

Crd

Unicode

Tomorrowland ကို စိတ်ညစ်ညစ်နဲ့ သွားခဲ့တာပါဆိုတဲ့ သရုပ်ဆောင် ငြိမ်းသော်








Crd

Leave a Reply

Your email address will not be published.