ဗုဒ္ဓဘာသာကို စော်ကားပြောဆိုပါက အမိန့်ထုတ်အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

News

ဗုဒ္ဓဘာသာကို စော်ကားပြောဆိုပါက အမိန့်ထုတ်အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ဗုဒ္ဓဘာသာကို စော်ကားပြောဆိုမှုတွေရှိရင် ဥပဒေကဲ့သို့ တည်တဲ့ အမိန့်တွေထုတ်ပြီး အရေးယူတာတွေလုပ် ဆောင်သွားမယ်လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင် ၂၆ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘာသာရေးကိုစော်ကားပြောဆိုရင် ရာဇသတ်ကြီ ဥပဒေတွေနဲ့ အရေးယူနိုင်သလို အွန်လိုင်းပေါ်က တဆင့် ရေးသားပြောဆိုမှုတွေအတွက် အီလက်ထရောနစ်ဥပဒေတွေနဲ့ အရေးယူနိုင်ပေမယ့် လိုအပ်ရင် ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့ပြောဆိုခဲ့ တာပါ။

“သာသနာရေးဝန်ကြီးဌာနအနေနဲ့တော့ ဥပဒေအသစ်ပြဋ္ဌာန်းဖို့မရှိသေးပေမယ့် လိုအပ်ရင် ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ဆိုတာ ပေါ်ပေါက်လာနိုင်တယ်။ ကျန်တဲ့သူတွေနဲ့ ဆက်လက်ပြောဆိုသွားရမှာဖြစ်တယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဥပဒေအများစုဟာလိုအပ်ချက်တွေအရ တောင်းဆိုချက်တွေအရ ပေါ်ပေါက်လာတာဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဥပဒေအသစ်ထုတ်ဖို့မရှိသေးပေမဲ့ ဆရာတော်ကြီးတွေကို စော်ကားပြောဆိုမှုတွေကို ထိန်းချုပ်ဖို့နဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တွေ ထုတ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဘူးလက်လှဆွေနဲ့ တခြားသတင်းထောက်တဦးရဲ့ တင်ပြ တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်လူသတ်နေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းနေတဲ့ ဘုန်းကြီးတွေကို ပြည်သူလူထုတွေက လူမှုကွန်ရက်တွေမှာ ဆန့်ကျင်ဝေဖန်နေကြတာဖြစ်ပါတယ်။source-DVB

Crd

Unicode

ဗုဒၶဘာသာကို ေစာ္ကားေျပာဆိုပါက အမိန႔္ထုတ္အေရးယူမည္ဟု စစ္ေကာင္စီ ၿခိမ္းေျခာက္

ဗုဒၶဘာသာကို ေစာ္ကားေျပာဆိုမႈေတြရွိရင္ ဥပေဒကဲ့သို႔ တည္တဲ့ အမိန႔္ေတြထုတ္ၿပီး အေရးယူတာေတြလုပ္ ေဆာင္သြားမယ္လို႔ စစ္ေကာင္စီျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဇူလိုင္ ၂၆ ရက္ ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဘာသာေရးကိုေစာ္ကားေျပာဆိုရင္ ရာဇသတ္ႀကီ ဥပေဒေတြနဲ႔ အေရးယူနိုင္သလို အြန္လိုင္းေပၚက တဆင့္ ေရးသားေျပာဆိုမႈေတြအတြက္ အီလက္ထေရာနစ္ဥပေဒေတြနဲ႔ အေရးယူနိုင္ေပမယ့္ လိုအပ္ရင္ ဥပေဒကဲ့သို႔ အာဏာတည္တဲ့အမိန႔္ေတြလည္း ေပၚေပါက္လာနိုင္တယ္လို႔ေျပာဆိုခဲ့ တာပါ။

“သာသနာေရးဝန္ႀကီးဌာနအေနနဲ႔ေတာ့ ဥပေဒအသစ္ျပ႒ာန္းဖို႔မရွိေသးေပမယ့္ လိုအပ္ရင္ ဥပေဒကဲ့သို႔ အာဏာတည္တဲ့ အမိန႔္ဆိုတာ ေပၚေပါက္လာနိုင္တယ္။ က်န္တဲ့သူေတြနဲ႔ ဆက္လက္ေျပာဆိုသြားရမွာျဖစ္တယ္” လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဥပေဒအမ်ားစုဟာလိုအပ္ခ်က္ေတြအရ ေတာင္းဆိုခ်က္ေတြအရ ေပၚေပါက္လာတာျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္မွာ ဥပေဒအသစ္ထုတ္ဖို႔မရွိေသးေပမဲ့ ဆရာေတာ္ႀကီးေတြကို ေစာ္ကားေျပာဆိုမႈေတြကို ထိန္းခ်ဳပ္ဖို႔နဲ႔ ထိေရာက္စြာအေရးယူနိုင္ဖို႔ ဥပေဒကဲ့သို႔ အာဏာတည္တဲ့အမိန႔္ေတြ ထုတ္လာနိုင္တယ္လို႔ ဆိုပါတယ္။

ဒီေန႔သတင္းစာရွင္းလင္းပြဲမွာ ဘူးလက္လွေဆြနဲ႔ တျခားသတင္းေထာက္တဦးရဲ့ တင္ၿပ ေတာင္းဆိုမႈေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီရဲ့ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ျပန္လည္ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

အၾကမ္းဖက္လူသတ္ေနတဲ့ စစ္ေကာင္စီအဖြဲ႕နဲ႔ ပူးေပါင္းေနတဲ့ ဘုန္းႀကီးေတြကို ျပည္သူလူထုေတြက လူမႈကြန္ရက္ေတြမွာ ဆန႔္က်င္ေဝဖန္ေနၾကတာျဖစ္ပါတယ္။source-DVB

Crd

Leave a Reply

Your email address will not be published.