Hip Hop ဂီတကို လူငယ်တွေကြားထဲ ရဲရဲဝံ့ဝံ့official ချပြခဲ့တဲ့ ကိုဖြိုးဇေယျာသော်
၁၉၉၉ /၂၀၀၀ ပြည့်နှစ်များမှာ ပရိတ်သတ်ဆီသို့ Hip Hop ဂီတကို လူငယ်တွေကြားထဲ ရဲရဲဝံ့ဝံ့ officialချပြခဲ့တဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ ပေါ်ခဲ့တယ် Acid တဲ့………အဖွဲ့ဝင်တွေကအခု 505(က)နဲ့ တိမ်းရှောင်နေရတဲ့




ရန်ရန်ချမ်း၊နွဲ့ယဉ်ဝင်းရဲ့သားမက် သံသာဝင်းရဲ့ ခင်ပွန်း အနဂ္ဂ၊ ရုတ်တရက်ဆုံးပါးသွားတဲ့ Acidic တဖြစ်လည်း ကိုဟိန်းဇော် နဲ့ အခုလတ်တလောမှာ မတရား ကြိုးပေးကွက်မျက်ခံလိုက်ရတဲ့ NLD အမတ်
ကိုဖြိုးဇေယျာသော်တို့ပါဝင်ပါတယ် ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေး လောကသို့ ဝင်ရောက်လာပြီး ပါတီမှပေးအပ်တဲ့ တာဝန်များ ကို ဆက်တိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ် ကိုဖြိုးဇေယျာသော် သည် ၁၉၈၁




ခုနှစ်ဖွားဖြစ်ပြီး ကွယ်လွန် ကျဆုံးသည့်အချိန်တွင် ၄၂ နှစ် သာရှိပါသေးတယ် စာအဓိက နဲ့ ဘွဲ့ ရခဲ့ပြီးဖခင်ဖြစ်သူမှာ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ မြသော် နှင့် မိခင် မှာ ဒေါက်တာ
ဒေါ်ခင်ဝင်းမေ ဖြစ်ပါတယ် မွေးချင်းအစ်မတယောက်ရှိပါတယ် ဇနီးသည်မ သဇင်ညွန့်အောင်မှာ လည်း ယနေ့ထိ ပြည်သူ့တာဝန်ထမ်းဆောင်ရင်း ပါရမီဖြည့်ဖက်ကောင်းအဖြစ် ရပ်တည်လျက်ရှိပါတယ်




ပညာတတ် အသိုင်းအဝိုင်းကောင်းမှာ အေးအေးချမ်းချမ်းနေနို်ပေမယ့် တိုင်းပြည်အတွက်အဆုံးထိပေးဆပ်သွားတဲ့ ကိုဖြိုးဇေယျာသော်အတွက် ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါတယ်
Crd
Unicode
Hip Hop ဂီတကို လူငယ်တွေကြားထဲ ရဲရဲဝံ့ဝံ့official ချပြခဲ့တဲ့ ကိုဖြိုးဇေယျာသော်












ပညာတတ် အသိုင်းအဝိုင်းကောင်းမှာ အေးအေးချမ်းချမ်းနေနိုပေမယ့် တိုင်းပြည်အတွက်အဆုံးထိပေးဆပ်သွားတဲ့ ကိုဖြိုးဇေယျာသော်အတွက် ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါတယ်
Crd