အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ
၂၆ ဇူလိုင် ၂၀၂၂
ယနေ့ နံနက် (၁၀) နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ က ပုံမှန်ကျင်းပနေကျ Cabinet အစည်းအဝေးကို ရပ်နားပြီး နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အတွင်းဝန်များတက်ရောက်သော အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။




အဆိုပါ အစည်းအဝေးတွင် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ (၄) ဦးအား အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင်ဆောင်ရွ့က်ပြီးခဲ့ပြီဟု ထုတ်ပြန်ကြေညာ အတည်ပြုချက်ပေးခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအားလုံး၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေသည့် လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး စုစည်းညီညွတ်စွာဖြင့် စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။
ပြည်သူလူထုအား နည်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကပဲ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များကို သွေးအေးစွာ သတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသော ရက်စက်မှုကို ပြသခဲ့သည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မိတ်ဖက်မဟာမိတ်အင်အားစုများအားလုံး ပူးပေါင်းကာ နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံသုံး၍ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားနိုင်ရန် အလေးပေးဆွေးနွေးခဲ့ကြသည်။




ကြေညာချက်တွေ၊ အစည်းအဝေးတွေရဲ့ နောက်မှာ တိကျခိုင်မာတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အသေအချာကို တွဲပါလာမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
Crd
Unicode
အမ်ိဳးသားညီညြတ္ေရးအစိုးရ အေရးေပၚအစည္းအေဝး ေခၚယူက်င္းပ
၂၆ ဇူလိုင္ ၂၀၂၂
ယေန႔ နံနက္ (၁၀) နာရီအခ်ိန္တြင္ အမ်ိဳးသားညီညြတ္ေရးအစိုးရအဖြဲ႕ က ပုံမွန္က်င္းပေနက် Cabinet အစည္းအေဝးကို ရပ္နားၿပီး နိုင္ငံေတာ္ ယာယီသမၼတ ဒူဝါလရွီးလ၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းႏွင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ဒုဝန္ႀကီးမ်ားႏွင့္ အတြင္းဝန္မ်ားတက္ေရာက္ေသာ အေရးေပၚအစည္းအေဝးတစ္ရပ္ကို က်င္းပျပဳလုပ္ခဲ့သည္။




အဆိုပါ အစည္းအေဝးတြင္ ဦးေက်ာ္မင္းယု(ခ) ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္၊ ဦးလွမ်ိဳးေအာင္၊ ဦးေအာင္သူရေဇာ္တို႔ (၄) ဦးအား အၾကမ္းဖက္စစ္ေကာင္စီက ျပစ္ဒဏ္စီရင္ေဆာင္ရြ႕က္ၿပီးခဲ့ၿပီဟု ထုတ္ျပန္ေၾကညာ အတည္ျပဳခ်က္ေပးခဲ့ၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံထားရေသာ နိုင္ငံေခါင္းေဆာင္မ်ားႏွင့္ ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူမ်ားအားလုံး၏ အသက္အႏၲရာယ္ စိုးရိမ္ဖြယ္ရွိေနသည့္ လက္ရွိ အေျခအေနႏွင့္ပတ္သက္ၿပီး စုစည္းညီညြတ္စြာျဖင့္ စနစ္တက် တုံ႔ျပန္ေဆာင္ရြက္သြားမည့္ လုပ္ငန္းစဥ္မ်ားအေၾကာင္း ေဆြးေႏြးေျပာဆိုခဲ့ၾကသည္။
ျပည္သူလူထုအား နည္းမ်ိဳးစုံျဖင့္ ရက္စက္စြာ ႏွိပ္စက္သတ္ျဖတ္႐ုံသာမကပဲ ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူ ေတာ္လွန္ေရးေခါင္းေဆာင္မ်ားကို ေသြးေအးစြာ သတ္ျဖတ္ျပျခင္းျဖင့္ အဆုံးစြန္ဆုံးေသာ ရက္စက္မႈကို ျပသခဲ့သည့္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္နဲ႔ အေပါင္းအပါတစ္စုတို႔အား တရားဥပေဒအရ ထိုက္တန္သည့္ ျပစ္ဒဏ္မ်ားခ်မွတ္နိုင္ေရး အမ်ိဳးသားညီညြတ္ေရးအစိုးရ ႏွင့္ မိတ္ဖက္မဟာမိတ္အင္အားစုမ်ားအားလုံး ပူးေပါင္းကာ နိုင္ငံေရးနည္းလမ္း၊ သံတမန္နည္းလမ္း၊ စစ္ေရးနည္းလမ္း စသည့္ နည္းလမ္းေပါင္းစုံသုံး၍ ေတာ္လွန္ေရးအရွိန္အဟုန္ကို ျမႇင့္တင္သြားနိုင္ရန္ အေလးေပးေဆြးေႏြးခဲ့ၾကသည္။




ေၾကညာခ်က္ေတြ၊ အစည္းအေဝးေတြရဲ့ ေနာက္မွာ တိက်ခိုင္မာတဲ့ လုပ္ကိုင္ေဆာင္ရြက္မႈေတြ အေသအခ်ာကို တြဲပါလာမွာျဖစ္တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာၾကားသည္။
Crd