ကြေညာချက်နောက်တွင် ခိုင်မာသည့်လုပ်ဆောင်ချက်များပါလာမည်ဟု NUG ဆို

News

ကြေညာချက်နောက်တွင် ခိုင်မာသည့်လုပ်ဆောင်ချက်များပါလာမည်ဟု NUG ဆို

ရန်ကုန်၊ ဇူလိုင်

လူငယ့်ခေတ်

ကြေညာချက်များထုတ်ပြန်ပြီးသည့်အခါ တိကျခိုင်မာသော လုပ်ကိုင်ဆောင်ရွက် ချက်များ အသေအချာတွဲပါလာလိမ့်မည် ဟု အမျိုးသားညီညွှ‌တ်ရေးအစိုးရ ပြည် ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ယနေ့ပြုလုပ်သော အရေးပေါ်အစည်းအဝေးတွင် ပြောသည်။

ဇူလိုင်လ ၂၆ ရက်တွင် အမျိုးသားညီညွှတ်ရေးအစိုးရသည် ပုံမှန်ကျင်းပနေကျ အစိုးရအဖွဲ့၀င်၀န်ကြီးများအစည်းအဝေးကို ရပ်နားကာ အရေးပေါ်အစည်းဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ အသက်အန္ဒရာယ်စိုးရိမ်နေရသည့် အခြေအနေနှင့်ပတ်သက်၍ စနစ်တကျတုန့်ပြန်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရက ထုတ်ပြန်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရသည် ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင် ၊ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည့်နောက် အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသူများအပေါ် သေဒဏ်စီရင်ခဲ့သည်နှင့်ပတ်သက် ၍ တစ်ဦးတစ်ယောက်မကျန် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် နိုင်ငံရေး ၊ နိုင်ငံခြားရေးအပြင် စစ်ရေးဖြင့် ပြင်းထန်သော တုန့်ပြန်ခြင်းကို လုပ်ဆောင်မည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရက ဇူလိုင်လ ၂၅ ရက်တွင် ကြေညာထားသည်။

ကြေညာချက်နောက်တွင် ခိုင်မာသည့်လုပ်ဆောင်ချက်များပါလာမည်ဟု NUG ဆို

ရန်ကုန်၊ ဇူလိုင်

လူငယ့်ခေတ်

ကြေညာချက်များထုတ်ပြန်ပြီးသည့်အခါ တိကျခိုင်မာသော လုပ်ကိုင်ဆောင်ရွက် ချက်များ အသေအချာတွဲပါလာလိမ့်မည် ဟု အမျိုးသားညီညွှ‌တ်ရေးအစိုးရ ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ပြုလုပ်သော အရေးပေါ်အစည်းအဝေးတွင် ပြောသည်။

ဇူလိုင်လ ၂၆ ရက်တွင် အမျိုးသားညီညွှတ်ရေးအစိုးရသည် ပုံမှန်ကျင်းပနေကျ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအစည်းအဝေးကို ရပ်နားကာ အရေးပေါ်အစည်းဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ အသက်အန္ဒရာယ်စိုးရိမ်နေရသည့် အခြေအနေနှင့်ပတ်သက်၍ စနစ်တကျတုန့်ပြန်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရက ထုတ်ပြန်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရသည် ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင် ၊ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည့်နောက် အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသူများအပေါ် သေဒဏ်စီရင်ခဲ့သည်နှင့်ပတ်သက် ၍ တစ်ဦးတစ်ယောက်မကျန် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် နိုင်ငံရေး ၊ နိုင်ငံခြားရေးအပြင် စစ်ရေးဖြင့် ပြင်းထန်သော တုန့်ပြန်ခြင်းကို လုပ်ဆောင်မည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရက ဇူလိုင်လ ၂၅ ရက်တွင် ကြေညာထားသည်။

Crd

Unicode

ေၾကညာခ်က္ေနာက္တြင္ ခိုင္မာသည့္လုပ္ေဆာင္ခ်က္မ်ားပါလာမည္ဟု NUG ဆို

ရန္ကုန္၊ ဇူလိုင္

လူငယ့္ေခတ္

ေၾကညာခ်က္မ်ားထုတ္ျပန္ၿပီးသည့္အခါ တိက်ခိုင္မာေသာ လုပ္ကိုင္ေဆာင္ရြက္ ခ်က္မ်ား အေသအခ်ာတြဲပါလာလိမ့္မည္ ဟု အမ်ိဳးသားညီညႊ‌တ္ေရးအစိုးရ ျပည္ ေထာင္စု၀န္ႀကီးခ်ဳပ္ မန္း၀င္းခိုင္သန္းက ယေန႔ျပဳလုပ္ေသာ အေရးေပၚအစည္းအေဝးတြင္ ေျပာသည္။

ဇူလိုင္လ ၂၆ ရက္တြင္ အမ်ိဳးသားညီညႊတ္ေရးအစိုးရသည္ ပုံမွန္က်င္းပေနက် အစိုးရအဖြဲ႕၀င္၀န္ႀကီးမ်ားအစည္းအေဝးကို ရပ္နားကာ အေရးေပၚအစည္းေဝးျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝးတြင္ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ နိုင္ငံ့ေခါင္းေဆာင္မ်ားႏွင့္ တက္ႂကြလႈပ္ရွားသူမ်ား၏ အသက္အႏၵရာယ္စိုးရိမ္ေနရသည့္ အေျခအေနႏွင့္ပတ္သက္၍ စနစ္တက်တုန႔္ျပန္ေဆာင္ရြက္ သြားမည့္ လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးခဲ့သည္ဟု အမ်ိဳးသားညီညႊတ္ေရးအစိုးရက ထုတ္ျပန္သည္။

အမ်ိဳးသားညီညႊတ္ေရးအစိုးရသည္ ကိုဂ်င္မီ ၊ ကိုၿဖိဳးေဇယ်ာေသာ္ ၊ ကိုလွမ်ိဳးေအာင္ ၊ ကိုေအာင္သူရေဇာ္တို႔ကို ျပစ္ဒဏ္စီရင္ခဲ့သည္ဟု စစ္ေကာင္စီက ထုတ္ျပန္ေၾကညာခဲ့သည့္ေနာက္ အေရးေပၚအစည္းအေဝးကို က်င္းပခဲ့ျခင္းျဖစ္သည္။

စစ္ေကာင္စီအေနျဖင့္ ဖမ္းဆီးထားသူမ်ားအေပၚ ေသဒဏ္စီရင္ခဲ့သည္ႏွင့္ပတ္သက္ ၍ တစ္ဦးတစ္ေယာက္မက်န္ တရားဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူနိုင္ရန္ နိုင္ငံေရး ၊ နိုင္ငံျခားေရးအျပင္ စစ္ေရးျဖင့္ ျပင္းထန္ေသာ တုန႔္ျပန္ျခင္းကို လုပ္ေဆာင္မည္ဟု အမ်ိဳးသားညီညႊတ္ေရးအစိုးရက ဇူလိုင္လ ၂၅ ရက္တြင္ ေၾကညာထားသည္။

Crd

Leave a Reply

Your email address will not be published.