ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ဟာ သေဒဏ်အကြိမ်ကြိမ်ကျခံထိုက်တဲ့သူတွေဟု ဇော်မဲလုံးပြော

News

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ဟာ သေဒဏ်အကြိမ်ကြိမ်ကျခံထိုက်တဲ့သူတွေဟု စစ်ကောင်စီပြောခွင့်ရသူ ပြော

ဇူလိုင် ၂၆၊ ၂၀၂၂

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ဟာ သေဒဏ်အကြိမ်ကြိမ်ကျခံထိုက်တဲ့သူတွေလို့ ဒီနေ့ ဇူလိုင်(၂၆)ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရက ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆို လာပါတယ်။

“သူတို့ရဲ့အယူခံစာ အသနားခံစာတွေကို ကျွန်တော်တို့ပလပ်လိုက်တယ်။ ဘာလို့ပလပ်လိုက်လဲဆိုတော့ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေက အခြားသေဒဏ်ချမှတ်ခံရတဲ့ ပြစ်မှုတွေနဲ့နှိုင်းယှဥ်ရင် သေဒဏ်ကိုအကြိမ် ကြိမ် ကျခံထိုက်တဲ့ ကျူးလွန်တဲ့သူတွေဖြစ်တယ်။ ကျတော်ထပ်ပြောပါမယ်။ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေ က အခြားသေဒဏ်ချမှတ်ခြင်းခံရတဲ့ပြစ်မှုတွေနဲ့ နှိုင်းယှဉ်ရင် သေဒဏ်အကြိမ်ကြိမ်ချမှတ်ခံထိုက်တဲ့ ပြစ်မှု တွေဖြစ်တယ်။ ဦးစီးဦးဆောင်လုပ်ခဲ့တယ်။ လူဦးရေဘယ်လောက်သတ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့သိပြီး ဖြစ်တယ်။ လက်နက်ခဲယမ်းဘယ်လောက်ထောက်ပံ့လဲဆိုတာတွေ့ပြီးဖြစ်တယ် ”လို့ စစ်ကောင်စီပြောခွင့်ရ ပြောပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ဟာ သေဒဏ်အကြိမ်ကြိမ်ကျခံထိုက်တဲ့သူတွေဆိုတာကို စစ်ကောင်စီပြော ခွင့်ရဟာ သတင်းစာရှင်းပွဲမှာ (၃)ခါတိတိပြောဆိုခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် “ကျတော်တို့အနေနဲ့ ဒီကိစ္စတွေလုပ်တာသည် ပုဂ္ဂိုလ်ရေးအရလုပ်တာမဟုတ်ဘူး။ သူတို့ ပြောနေတဲ့ဒီမိုကရေစီရေးအရလုပ်တာမဟုတ်ဘူး။ လူသတ်ရမ်းကားခဲ့တဲ့ အကြမ်းဖက်သမားတွေကို ကျတော်တို့အနေနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုပေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ICCပရိုတိုကောမှာ သေဒဏ်ချမှတ်ခြင်းအတွက် လက်မှတ်ရေးထိုးထားခြင်းမရှိဘူး။

ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ပြည်သူများနဲ့ ၄င်းတို့ရဲ့ဆွေမျိုးသားချင်းများရဲ့ မျက်နှာကိုထောက်ရှုပြီး မလွှဲမရှောင် သာပဲနဲ့ ပြစ်မှုကျူးလွန်နဲ့တရားခံတွေကို ဥပဒေနဲ့အညီပြစ်ဒဏ်ချမှတ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်သူတွေကို သနားညှာတာနေမယ်ဆိုရင် ပြစ်မှုကျုးလွန်ခြင်းခံရတဲ့ အပြစ်မဲ့ပြည်သူများအပေါ် ကိုယ်ချင်းစာနာမှုမရှိဘဲ ရက်စက်လွန်းရာလည်းကျမှာဖြစ်တယ်” လို့ ပြောပါတယ်။

ရုပ်အလောင်းနဲ့ပက်သက်ပြီး ‌ထောင်မှုး၊ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့လည်း စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီဟာ အကြမ်းဖက်မှုဥပဒေပုဒ်မတွေဖြစ်တဲ့ ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)ပုဒ်မ တွေနဲ့သေဒဏ်ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ (၄)ဦး ကွပ်မျက်မှုကို မိသားစုကိုတရားဝင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ အကျဉ်းထောင်လုပ်ထုံး လုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေ မနေ့ကကြေညာခဲ့တာဖြစ်ပါတယ်။

Crd

Unicode

ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္တို႔ဟာ ေသဒဏ္အႀကိမ္ႀကိမ္က်ခံထိုက္တဲ့သူေတြဟု စစ္ေကာင္စီေျပာခြင့္ရသူ ေျပာ

ဇူလိုင္ ၂၆၊ ၂၀၂၂

ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္တို႔ဟာ ေသဒဏ္အႀကိမ္ႀကိမ္က်ခံထိုက္တဲ့သူေတြလို႔ ဒီေန႔ ဇူလိုင္(၂၆)ရက္မွာ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရက ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာဆို လာပါတယ္။

“သူတို႔ရဲ့အယူခံစာ အသနားခံစာေတြကို ကၽြန္ေတာ္တို႔ပလပ္လိုက္တယ္။ ဘာလို႔ပလပ္လိုက္လဲဆိုေတာ့ သူတို႔က်ဴးလြန္တဲ့ျပစ္မႈေတြက အျခားေသဒဏ္ခ်မွတ္ခံရတဲ့ ျပစ္မႈေတြနဲ႔ႏွိုင္းယွဥ္ရင္ ေသဒဏ္ကိုအႀကိမ္ ႀကိမ္ က်ခံထိုက္တဲ့ က်ဴးလြန္တဲ့သူေတြျဖစ္တယ္။ က်ေတာ္ထပ္ေျပာပါမယ္။ သူတို႔က်ဴးလြန္တဲ့ျပစ္မႈေတြ က အျခားေသဒဏ္ခ်မွတ္ျခင္းခံရတဲ့ျပစ္မႈေတြနဲ႔ ႏွိုင္းယွဥ္ရင္ ေသဒဏ္အႀကိမ္ႀကိမ္ခ်မွတ္ခံထိုက္တဲ့ ျပစ္မႈ ေတြျဖစ္တယ္။ ဦးစီးဦးေဆာင္လုပ္ခဲ့တယ္။ လူဦးေရဘယ္ေလာက္သတ္ခဲ့တယ္ဆိုတာ ခင္ဗ်ားတို႔သိၿပီး ျဖစ္တယ္။ လက္နက္ခဲယမ္းဘယ္ေလာက္ေထာက္ပံ့လဲဆိုတာေတြ႕ၿပီးျဖစ္တယ္ ”လို႔ စစ္ေကာင္စီေျပာခြင့္ရ ေျပာပါတယ္။

ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္တို႔ဟာ ေသဒဏ္အႀကိမ္ႀကိမ္က်ခံထိုက္တဲ့သူေတြဆိုတာကို စစ္ေကာင္စီေျပာ ခြင့္ရဟာ သတင္းစာရွင္းပြဲမွာ (၃)ခါတိတိေျပာဆိုခဲ့တာေတြ႕ရပါတယ္။

ဒါ့အျပင္ “က်ေတာ္တို႔အေနနဲ႔ ဒီကိစၥေတြလုပ္တာသည္ ပုဂၢိဳလ္ေရးအရလုပ္တာမဟုတ္ဘူး။ သူတို႔ ေျပာေနတဲ့ဒီမိုကေရစီေရးအရလုပ္တာမဟုတ္ဘူး။ လူသတ္ရမ္းကားခဲ့တဲ့ အၾကမ္းဖက္သမားေတြကို က်ေတာ္တို႔အေနနဲ႔ ထိုက္သင့္တဲ့ျပစ္ဒဏ္ကိုေပးျခင္းျဖစ္ပါတယ္။ ျမန္မာနိုင္ငံအေနနဲ႔ ICCပရိုတိုေကာမွာ ေသဒဏ္ခ်မွတ္ျခင္းအတြက္ လက္မွတ္ေရးထိုးထားျခင္းမရွိဘူး။

ဒါေၾကာင့္မို႔လို႔ အစိုးရအေနနဲ႔ လုပ္ႀကံ သတ္ျဖတ္ျခင္းခံခဲ့ရတဲ့ ျပည္သူမ်ားနဲ႔ ၄င္းတို႔ရဲ့ေဆြမ်ိဳးသားခ်င္းမ်ားရဲ့ မ်က္ႏွာကိုေထာက္ရႈၿပီး မလႊဲမေရွာင္ သာပဲနဲ႔ ျပစ္မႈက်ဴးလြန္နဲ႔တရားခံေတြကို ဥပေဒနဲ႔အညီျပစ္ဒဏ္ခ်မွတ္ေဆာင္ရြက္ခဲ့ရျခင္းျဖစ္တယ္။ ျပစ္မႈက်ဴးလြန္သူေတြကို သနားညႇာတာေနမယ္ဆိုရင္ ျပစ္မႈက်ဳးလြန္ျခင္းခံရတဲ့ အျပစ္မဲ့ျပည္သူမ်ားအေပၚ ကိုယ္ခ်င္းစာနာမႈမရွိဘဲ ရက္စက္လြန္းရာလည္းက်မွာျဖစ္တယ္” လို႔ ေျပာပါတယ္။

႐ုပ္အေလာင္းနဲ႔ပက္သက္ၿပီး ‌ေထာင္မႈး၊ ေထာင္အာဏာပိုင္ေတြရဲ့ ဆုံးျဖတ္ခ်က္သာျဖစ္တယ္လို႔လည္း စစ္ေကာင္စီေျပာခြင့္ရကေျပာပါတယ္။

ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္တို႔ကို စစ္ေကာင္စီဟာ အၾကမ္းဖက္မႈဥပေဒပုဒ္မေတြျဖစ္တဲ့ ၄၉(က)၊ ၅၀(စ်)၊ ၅၀(ည)ပုဒ္မ ေတြနဲ႔ေသဒဏ္ခ်မွတ္ထားခဲ့တာျဖစ္ပါတယ္။

စစ္ေကာင္စီဟာ ဦးဂ်င္မီ၊ ဦးၿဖိဳးေဇယ်ာေသာ္၊ ဦးလွမ်ိဳးေအာင္၊ ဦးေအာင္သူရေဇာ္တို႔ (၄)ဦး ကြပ္မ်က္မႈကို မိသားစုကိုတရားဝင္အသိေပးအေၾကာင္းၾကားျခင္းမရွိဘဲ အက်ဥ္းေထာင္လုပ္ထုံး လုပ္နည္းေတြအတိုင္း ျပစ္ဒဏ္စီရင္ေဆာင္ရြက္ၿပီးျဖစ္တယ္လို႔ စစ္ေကာင္စီထိန္းခ်ဳပ္ထားတဲ့ သတင္းစာေတြကေန မေန႔ကေၾကညာခဲ့တာျဖစ္ပါတယ္။

Crd

Leave a Reply

Your email address will not be published.