ဇယျာသော် စစ်ဆင်ရေးတဲ့ အဖွင့်လေးကတော့ လှပြီ


TachileikNewsAgency
Crd
ဇေယျာသော် စစ်ဆင်ရေးတဲ့ အဖွင့်လေးကတော့ လှပြီ
ပေါက်တွင် စစ်ကောင်စီတပ်စွဲထားသည့် ပျူရွာကို ‘ဇေယျာသော်’စစ်ဆင်ရေးဝင်၊ စစ်ကောင်စီဘက်က (၇)သေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် တပ်ကုန်းရွာကို ယနေ့ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် ”ဇေယျာသော်” စစ်ဆင်ရေးအဖြစ် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့် စစ်ကောင်စီတပ် သား(၇)ဦးသေပြီး လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Revolution Force က သတင်းထုတ်ပြန်သည်။
စစ်ဆင်ရေးမှာ မနက်(၅)နာရီခွဲမှ (၇)နာရီအထိ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကာ သေနတ် ၁ လက်၊ Usi ကျည် ၂၄ တောင့်၊ G-3ကျည် ၃ တောင့်၊ ၅.၅၆ ကျည် ၆၉ တောင့်၊ ကပစ ၁၂ ကျည် ၂၉ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးကို မဟာမိတ်တပ်ပေါင်းစုမှ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

“ကျွန်ုပ်တို မဟာမိတ် ရဲဘော်အားလုံးမှာ ပြည်သူ့မေတ္တာဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ‘ဇေယျာသော် ‘စစ်ဆင်ရေးကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်-SPGF၊ YDF Saw တပ်ရင်း – ၉၊ ၁၀ Yenangyang PDF၊ တပ်ရင်း (၇၁၂) ၊ PPC၊ Pauk PDF တပ်ရင်း -၄၊ Pauk PDF တပ်ရင်း -၆၊ CAF -Spu PDF၊ Young Revolution Front – YRF တိုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TachileikNewsAgency
Crd
Unicode


“ကျွန်ုပ်တို မဟာမိတ် ရဲေ
ဘ်ာအားလုံးမှာ ပြည်သူ့မေတ္တာဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု သတင်းထုတ်ပြန်ထားသည်။