ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေ အရေးပေါ် စစ်ရေးအမိန့်ထုတ်ပြန်၊

News Uncategorized

ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေ အရေးပေါ် စစ်ရေးအမိန့်ထုတ်ပြန်၊
UG တွေကို ဝင်ရှုပ်ရင် ပူးတွဲရှင်းလင်းခံရမယ်လို့ သတိပေး
ဇူလိုင် ၂၅၊ The Nation Voiceလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ တော်လှန်တိုက်ခိုက်ရေးအရှိန်တွေ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ရန်ကုန်နေ ပြည်သူလူထု အနေနဲ့ သတိဝီရိယ ကြီးစွာ သွားလာနေထိုင်နိုင်ကြစေဖို့ အရေးပေါ်စစ်ရေးအမိန့်တစ်ခုကို Soul Takers UG ကထုတ်ပြန်လာပါတယ်။ယခုအခါ အကြမ်းဖက်စစ်တပ်အောက်ခြေဌာနအသီးသီးက အခြေခံ Non CDM သစ္စာဖောက် ဝန်ထမ်းများဖြစ်တဲ့ EPC ၊ စည်ပင်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ပျူစောထီး၊ သွေးသောက်အဖွဲ့ဝင်၊ စွန်ရဲအဖွဲ့ အမည်ခံ မဘသ အဖွဲ့၊ ပြည်သူထံမှ လက်နက်ပြ ခြိမ်းခြောက်ကာ ဓားမြတိုက် လုယက်ရမ်းကားနေသူတွေကို အကြိမ်ကြိမ်စာထုတ်ကာ သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ဒါပေမယ့် အကြမ်းဖက် စစ်တပ် နဲ့ ပူးပေါင်းကာ ပြည်သူလူထု မငြိမ်မသက်ဖြစ်စေအောင် အကြောက်အလန့် ဖြစ်စေသော အပြုအမူတွေကို ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်တာကို စိစစ်တွေ့ရှိရတဲ့အတွက် ပြည်သူမှလွဲ၍ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းကာ ယုတ်မာသောင်းကျန်းနေတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာ ရှင်းလင်း ဖယ်ရှားတော့မှာဖြစ်တယ်လို့ Soul Takers UG အဖွဲ့ရဲ့ ဌာနဆိုင်ရာ ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးကာ ပြတ်သားစွာ သဘောတူဆုံးဖြတ်ချက်ချခဲ့ပါတယ်။ရှင်းလင်းရေး လုပ်ဆောင်တာတွေ ပြုလုပ်ရာမှာ မိမိ အနီးအနားတွင် ဖြစ်ပွါးပါက ဘေးလွတ်ရာ ရှောင်တိမ်းကြရန် ဝင်ရောက်နှောင့်ယှက်ခြင်း တားဆီးခြင်းတွေ မပြုလုပ်ကြရန်လည်း ပြည်သူလူထုအား ကြိုတင် သတိပေးထားပြီး စစ်ခွေးနဲ့အပေါင်းအပါ အင်အားစုတွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရာမှာ ၎င်းတို့ကို သတင်းပေးခြင်း၊ လိုက်ပါကူညီဖမ်းဆီးပေးခြင်းတွေပြုလုပ်ပါက ပူးတွဲရှင်းလင်းခံရမည်ဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published.