စီရင်ခံလိုက်ရတဲ့ သူရဲကောင်းတွေအတွက် ကတိတစ်ခုပေးလိုက်တဲ့ ပန်ဆယ်လို

News

စီရင်ခံလိုက်ရတဲ့ သူရဲကောင်းတွေအတွက် ကတိတစ်ခုပေးလိုက်တဲ့ ပန်ဆယ်လို

ကျဆုံးသွားပြီဆိုတော့ ရေးလို့ရပြီ ထင်ပါရဲ့လေ။ ကိုဂျင်မီနဲ့က တော်လှန်ရေးကာလမှ သိကျွမ်းခဲ့တာဆိုပေမယ့် ကိုယ့်လိုငချွတ်ပေါက်စကို အရေးအယူရှိပေးခဲ့တယ်။

မှတ်မှတ်ရရ ကိုယ်နိုင်ငံပြင်ပရောက်ခါစ စိတ်ဓါတ်တွေအရမ်းကျနေတဲ့အချိန် ဖုန်းခေါ်လာတယ်။ အခုအချိန်ထိ ကိုဂျင်မီနဲ့ ဖုန်းပြောတုန်းက ဘယ်နေရာလေးမှာ ထိုင်ပြောနေတယ်ဆိုတာကအစ မှတ်မိနေသေးတယ်။ လေးဆယ့်ငါးမိနစ်လောက် အကြာကြီး စကားတွေ ပြောကြတယ်။ အားပေးတယ်။ ပြည်ပရောက်သွားပေမယ့် တော်လှန်ရေးမှာ ဆက်ပါဝင်နိုင်ဖို့ နည်းလမ်းတွေ စိတ်အင်အားတွေ ပေးတယ်။

အခုအချိန် ပြန်တွေးမိရင် ရှက်မိတယ်။ ကိုယ်က ပြည်ပကို အသက်ရှင်လျက်ထွက်သွားနိုင်တာတောင် စိတ်ဓါတ်ကျနေတဲ့ စောက်ကလေးမ။ ရန်ကုန်ကို မစွန့်ခွါခဲ့တဲ့ ဒီအစ်ကိုကြီးက အန္တရာယ်ကြားထဲက အားပေးနေလေရဲ့။ ဒီလိုလူတွေ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတာ ဒီလို အနစ်နာခံမှုတွေကြောင့်ပဲ။

အကို လုံခြုံရာမှာရှိပါတယ်နော်ဆို အေးပေါ့ဟဆိုပြီး တဟားဟားရယ်နေတတ်တာ။ ဒီရယ်သံတွေကို အခုမှပဲ သဘောပေါက်တော့တယ်။ စကားပြောရင် ငါ့ညီမရဲ့၊ ငါ့ညီမရဲ့နဲ့ ပြောတတ်ခဲ့တာ။

ကိုမောင်ကျော်နဲ့ကလည်း အဖမ်းမခံရခင် လေးနာရီလောက်ထိ Signal ကနေ စကားပြောနေကြတာ။ အဲ့ရက်ထဲ ဘာရယ်ကြောင့်မှန်းမသိ စိတ်တွေလေးနေလို့ ဘေးကင်းတယ်နော်၊ ဘေးကင်းတယ်နော် ခဏခဏ မေးနေဖြစ်တာ။ အလုပ်တွေများတဲ့ကြားက ကိုယ့်ရဲ့ UG ထောက်ပို့အတွက် အတည်ပြုပေးတာတွေ အမြဲကူပေးခဲ့တာ။

အဖမ်းခံရတယ်ကြားကတည်းက အကြိမ်ကြိမ်ပူပန်ခဲ့ရတယ်။ မိသားစုဝင် မဟုတ်ပေမယ့် ငါ့အကိုတွေဆိုတဲ့စိတ်နဲ့ ပူလောင်ခဲ့ရပေမယ့် ရန်သူအလိုကျဖြစ်မှာစိုးလို့ တစ်စက်လေးမှ ကြေကွဲမပြဖြစ်ခဲ့ဘူး။

ဒီနေ့သတင်းကြားစကတည်းက ရင်ဘတ်တစ်ခုလုံး အောင့်မျက်နေတဲ့ နာကြင်မှုဟာ တဆတ်ဆတ်ပဲ။ မိသားစုဝင်တွေရဲ့ ကြေကွဲရမှုကို တွေးတောင် မတွေးကြည့်ရဲဘူး။

မျက်ရည်မကျရဘူး။ ဝေ့တတ်လာတဲ့ မျက်ရည်တွေကို ကျခွင့်မပေးနိုင်ဘူး။ သူရဲကောင်းတွေရဲ့ ကျဆုံးမှုဟာ အချဉ်းနှီးမဖြစ်ဖို့ ရှင်ကျန်နေသူတွေရဲ့ ပုခုံးပေါ်မှာ တာဝန်တွေဟာ ပိုရှိလာခဲ့ပြီ။

တော်လှန်ရေး တစ်နှစ်ခွဲကျော်ကာလမှာ ခွင့်ရက်မရှိပါဝင်ခဲ့ပါတယ်အကိုတို့။ အမေ့မေ့အလျော့လျော့နေမိတဲ့ နာရီပိုင်းတွေအတွက်လည်း အားနာရပါတယ်။ ရင်းခဲ့တဲ့ အသက်တွေ ဘဝတွေကို မမေ့တမ်းဆက်လက်ပါဝင်မယ်လို့ ကတိပေးပါတယ်။ ငြိမ်းမြတဲ့ ဘုံဘဝကနေ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မြင်ရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပါဝင်ပါ့မယ်။

အရေးတော်ပုံ အောင်ကိုအောင်ရမယ်။

Crd

Unicode

စီရင္ခံလိုက္ရတဲ့ သူရဲေကာင္းေတြအတြက္ ကတိတစ္ခုေပးလိုက္တဲ့ ပန္ဆယ္လို

က်ဆုံးသြားၿပီဆိုေတာ့ ေရးလို႔ရၿပီ ထင္ပါရဲ့ေလ။ ကိုဂ်င္မီနဲ႔က ေတာ္လွန္ေရးကာလမွ သိကၽြမ္းခဲ့တာဆိုေပမယ့္ ကိုယ့္လိုငခၽြတ္ေပါက္စကို အေရးအယူရွိေပးခဲ့တယ္။

မွတ္မွတ္ရရ ကိုယ္နိုင္ငံျပင္ပေရာက္ခါစ စိတ္ဓါတ္ေတြအရမ္းက်ေနတဲ့အခ်ိန္ ဖုန္းေခၚလာတယ္။ အခုအခ်ိန္ထိ ကိုဂ်င္မီနဲ႔ ဖုန္းေျပာတုန္းက ဘယ္ေနရာေလးမွာ ထိုင္ေျပာေနတယ္ဆိုတာကအစ မွတ္မိေနေသးတယ္။ ေလးဆယ့္ငါးမိနစ္ေလာက္ အၾကာႀကီး စကားေတြ ေျပာၾကတယ္။ အားေပးတယ္။ ျပည္ပေရာက္သြားေပမယ့္ ေတာ္လွန္ေရးမွာ ဆက္ပါဝင္နိုင္ဖို႔ နည္းလမ္းေတြ စိတ္အင္အားေတြ ေပးတယ္။

အခုအခ်ိန္ ျပန္ေတြးမိရင္ ရွက္မိတယ္။ ကိုယ္က ျပည္ပကို အသက္ရွင္လ်က္ထြက္သြားနိုင္တာေတာင္ စိတ္ဓါတ္က်ေနတဲ့ ေစာက္ကေလးမ။ ရန္ကုန္ကို မစြန႔္ခြါခဲ့တဲ့ ဒီအစ္ကိုႀကီးက အႏၲရာယ္ၾကားထဲက အားေပးေနေလရဲ့။ ဒီလိုလူေတြ ေခါင္းေဆာင္အျဖစ္ သတ္မွတ္ခံရတာ ဒီလို အနစ္နာခံမႈေတြေၾကာင့္ပဲ။

အကို လုံျခဳံရာမွာရွိပါတယ္ေနာ္ဆို ေအးေပါ့ဟဆိုၿပီး တဟားဟားရယ္ေနတတ္တာ။ ဒီရယ္သံေတြကို အခုမွပဲ သေဘာေပါက္ေတာ့တယ္။ စကားေျပာရင္ ငါ့ညီမရဲ့၊ ငါ့ညီမရဲ့နဲ႔ ေျပာတတ္ခဲ့တာ။

ကိုေမာင္ေက်ာ္နဲ႔ကလည္း အဖမ္းမခံရခင္ ေလးနာရီေလာက္ထိ Signal ကေန စကားေျပာေနၾကတာ။ အဲ့ရက္ထဲ ဘာရယ္ေၾကာင့္မွန္းမသိ စိတ္ေတြေလးေနလို႔ ေဘးကင္းတယ္ေနာ္၊ ေဘးကင္းတယ္ေနာ္ ခဏခဏ ေမးေနျဖစ္တာ။ အလုပ္ေတြမ်ားတဲ့ၾကားက ကိုယ့္ရဲ့ UG ေထာက္ပို႔အတြက္ အတည္ျပဳေပးတာေတြ အျမဲကူေပးခဲ့တာ။

အဖမ္းခံရတယ္ၾကားကတည္းက အႀကိမ္ႀကိမ္ပူပန္ခဲ့ရတယ္။ မိသားစုဝင္ မဟုတ္ေပမယ့္ ငါ့အကိုေတြဆိုတဲ့စိတ္နဲ႔ ပူေလာင္ခဲ့ရေပမယ့္ ရန္သူအလိုက်ျဖစ္မွာစိုးလို႔ တစ္စက္ေလးမွ ေၾကကြဲမျပျဖစ္ခဲ့ဘူး။

ဒီေန႔သတင္းၾကားစကတည္းက ရင္ဘတ္တစ္ခုလုံး ေအာင့္မ်က္ေနတဲ့ နာၾကင္မႈဟာ တဆတ္ဆတ္ပဲ။ မိသားစုဝင္ေတြရဲ့ ေၾကကြဲရမႈကို ေတြးေတာင္ မေတြးၾကည့္ရဲဘူး။

မ်က္ရည္မက်ရဘူး။ ေဝ့တတ္လာတဲ့ မ်က္ရည္ေတြကို က်ခြင့္မေပးနိုင္ဘူး။ သူရဲေကာင္းေတြရဲ့ က်ဆုံးမႈဟာ အခ်ဥ္းႏွီးမျဖစ္ဖို႔ ရွင္က်န္ေနသူေတြရဲ့ ပုခုံးေပၚမွာ တာဝန္ေတြဟာ ပိုရွိလာခဲ့ၿပီ။

ေတာ္လွန္ေရး တစ္ႏွစ္ခြဲေက်ာ္ကာလမွာ ခြင့္ရက္မရွိပါဝင္ခဲ့ပါတယ္အကိုတို႔။ အေမ့ေမ့အေလ်ာ့ေလ်ာ့ေနမိတဲ့ နာရီပိုင္းေတြအတြက္လည္း အားနာရပါတယ္။ ရင္းခဲ့တဲ့ အသက္ေတြ ဘဝေတြကို မေမ့တမ္းဆက္လက္ပါဝင္မယ္လို႔ ကတိေပးပါတယ္။ ၿငိမ္းျမတဲ့ ဘုံဘဝကေန ဖယ္ဒရယ္ဒီမိုကေရစီနိုင္ငံသစ္ကို ျမင္ရဖို႔ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမၽွ ႀကိဳးစားပါဝင္ပါ့မယ္။

အေရးေတာ္ပုံ ေအာင္ကိုေအာင္ရမယ္။

Crd

Leave a Reply

Your email address will not be published.