“ေ–နတ်ဝယ်ဖို့ ငွေလိုအပ်နေတဲ့ ကွန်မန်ဒို ချစ်သူ အတွက် နားကပ်ချွတ်ပေးလိုက်တဲ့ ကောင်မလေး”
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်
မကွေးတိုင်းအခြေစိုက် အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း -၇၀၃ မှ . . .နတ်ဝယ်ရန် လိုအပ်နေတဲ့ ကွန်မန်ဒိုကြက်ကလေးအတွက် ချစ်သူကောင်မလေး က ေ–နတ်ဝယ်ရန် နားကပ်ချွတ်ပေး လိုက်တယ်လို့ တပ်မဟာ ၇ တပ်ရင်း -၇၀၃ တပ်ဖွဲ့ဝင်များထံကသိရပါတယ်။
“တိုက်ပွဲဝင်နေပေမယ့် ကိုယ်ပိုင်ေ– နတ်မရှိတော့ မစ်ရှင်တစ်ခုထွက်တိုင်း ေ–နတ်ငှားရတာကို သိသွားလို့ သူ့ချစ်သူ ေ–နတ်ဝယ်ဖို့ နားကပ်ချွတ်ပေးလိုက်တာပါ။
တစ်ခြားကျွန်တော်တို့ ရဲဘော်တွေလဲ mission ကြီးသွားတဲ့ပွဲမျိုးဆိုရင်တော့ CNA ကနေ ငှားပြီးတိုက်နေရတာမျိုးတွေ ရှိတယ်” လို့တပ်မဟာ ၇ တပ်ရင်း -၇၀၃ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း -၇၀၃ မှ ကွန်မန်ဒိုကြက်ကလေး စစ်တပ်က အာဏာသိမ်းပြီးနောက်MOGE ဌာနက CDM ပြုလုပ်လာသူဝန်ထမ်းတဦးလဲ ဖြစ်သည်ဟု ၎င်း တပ်ဖွဲ့မှရဲဘော်များကပြောသည်။
ဓာတ်ပုံ-အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း -၇၀၃
#Ayeyarwaddy_Times
Crd