ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီကြေညာ
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင့် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ကျန်နှစ်ဦးမှာ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ဖြစ်ပြီး လေးဦးလုံးအား စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသူများဖြစ်သည်။
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ပဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာပေးတွေ့ခဲပြီးနောက် ၎င်းတို့ကို အင်းစိန်ထောင်တွင်ပင်ကွပ်မျက်ခဲ့ကြောင်း သိရှိရသည်။
ကွပ်မျက်သည့် အခြေအနေအသေးစိတ်ကို မသိရသော်လည်း ကွပ်မျက်မှုအား ဇူလိုင်လ ၂၃ စနေနေ့မနက်တွင် ပြုလုပ်ခဲ့ကြောင်း Myanmar Now ၏သတင်းရင်းမြစ်ကပြောဆိုသည်။

မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် “သူ့အကြောင်းတရားနဲ့သူလာတာ။ သူတရားထိုင်တယ်။ သူတရားနဲ့သူနေတယ်” ဟု ဦးဂျင်မီက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
မိသားစုဝင်များအား ထောင်မှပြန်ခါနီးတွင် အကျဥ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု အကျဥ်းထောင်အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
Crd
Unicode
ဦးဂ်င္မီႏွင့္ ဦးၿဖိဳးေဇယ်ာေသာ္အပါအဝင္ ၄ ဦးကို ေသဒဏ္စီရင္ၿပီးေၾကာင္း စစ္ေကာင္စီေၾကညာ
၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးဂ်င္မီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) လႊတ္ေတာ္အမတ္ေဟာင္း ဦးၿဖိဳးေဇေယ်ာေသာ္ႏွင့္ က်န္ႏွစ္ဦးကို ေသဒဏ္ျပစ္ဒဏ္စီရင္ၿပီးေၾကာင္း စစ္ေကာင္စီက နိုင္ငံပိုင္သတင္းစာမ်ားတြင့္ တရားဝင္ထုတ္ျပန္ေၾကညာလိုက္သည္။

က်န္ႏွစ္ဦးမွာ ကိုလွမ်ိဳးေအာင္ ႏွင့္ ကိုေအာင္သူရေဇာ္တို႔ျဖစ္ၿပီး ေလးဦးလုံးအား စစ္ခုံ႐ုံးက ေသဒဏ္ခ်မွတ္ထားသူမ်ားျဖစ္သည္။
ဦးဂ်င္မီႏွင့္ ဦးၿဖိဳးေဇယ်ာေသာ္မိသားစုဝင္မ်ားအား လြန္ခဲ့သည့္ ရက္ပိုင္းက အင္းစိန္ေထာင္သို႔ေခၚ၍ လူခ်င္းေပးမေတြ႕ပဲ ကြန္ပ်ဴတာဖန္သားျပင္မွတစ္ဆင့္ Zoom ျဖင့္သာေပးေတြ႕ခဲၿပီးေနာက္ ၎တို႔ကို အင္းစိန္ေထာင္တြင္ပင္ကြပ္မ်က္ခဲ့ေၾကာင္း သိရွိရသည္။
ကြပ္မ်က္သည့္ အေျခအေနအေသးစိတ္ကို မသိရေသာ္လည္း ကြပ္မ်က္မႈအား ဇူလိုင္လ ၂၃ စေနေန႔မနက္တြင္ ျပဳလုပ္ခဲ့ေၾကာင္း Myanmar Now ၏သတင္းရင္းျမစ္ကေျပာဆိုသည္။

မိသားစုဝင္မ်ားႏွင့္ ေတြ႕ဆုံရာတြင္ “သူ႔အေၾကာင္းတရားနဲ႔သူလာတာ။ သူတရားထိုင္တယ္။ သူတရားနဲ႔သူေနတယ္” ဟု ဦးဂ်င္မီက ေျပာဆိုခဲ့ေၾကာင္း သိရွိရသည္။
မိသားစုဝင္မ်ားအား ေထာင္မွျပန္ခါနီးတြင္ အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းအတိုင္း ဆက္လက္လုပ္ေဆာင္သြားမည္ဟု အက်ဥ္းေထာင္အာဏာပိုင္မ်ားက ေျပာဆိုခဲ့ေၾကာင္း သိရွိရသည္။