စစ်ကောင်စီတပ်ကို PDF များဟုထင်ကာ မှားယွင်းပ-စ်ခ-တ်

News

ပျူစောထီးအဖွဲ့မှ စစ်ကောင်စီတပ်ကို PDF များဟုထင်ကာ မှားယွင်းပစ်ခတ်၊ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးဟုဆို

မန္တလေး၊ ဇူလိုင် ၂၄

လူငယ့်ခေတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာတွင် ကင်းလှည့်လာသည့်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျုစောထီးအဖွဲ့တို့ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေး တပ် MRAထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်ကဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှုတွင်ပါဝင်သည့် ပျုစောထီးခေါင်းဆောင် စံမောင် နှင့် ပျု (၁၄) ဦး ကိုလည်း အကြမ်းဖက်စစ်ကောင်စီမှဖမ်းဆီးထားကြောင်း သိရသည်။

“ပထမတစ်ခါတုန်းက မြင်းခြံမှာ တော်လှန်ရေးအဖွဲ့တွေ သွားရောက်တိုက်ခိုက်တဲ့အခါ ပျုစောထီးအဖွဲ့တွေ က စကစ ထင်ပြီးမှားသေးတယ်။ အခုတစ်ကြိမ်မှာလည်း တကယ့် အကြမ်းဖက်စစ်သားတွေလာတဲ့အချိန် ကျ တော့ PDF တွေထင်ပြီးတော့မှားပစ်တဲ့ ပျု(၁၅)ကောင်ဖမ်းခံရတယ်” ဟု မြောင်မြို့နယ်တော်လှန်ရေးတပ် MRA တာဝန်ခံကိုစိန် ကျော် ကလူငယ့်ခေတ်သို့ပြောသည်။

ဆုံရွာ ပစ်ခတ်မှုဖြစ်စဉ်တွင် ပျုစောထီးများမှာ စစ်ကောင်စီတပ်သားများကို “ဆုံရွာကွ ကွေ့ကြီးက ပျုတွေမဟုတ်ဘူးလာမလုပ်နဲ့” ဟု အော်ဟစ်ကြိမ်းမောင်း၍ မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်က မြင်းခြံမြို့နယ် ကွေ့ကြီးကျေးရွာရှိ ပျုဒလန်များကို တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်စဉ် ပျုစောထီးများမှာ တော်လှန်ရေးအဖွဲ့ကို စစ်ကောင်စီတပ်သားများထင်မှတ်ပြီး ကြိုဆို မှုများပြုလုပ်စဉ် တော်လှန်ရေးတပ်ဖွဲ့များက လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ပျုစောထီး (၆) ဦးသေဆုံးခဲ့သည်။

Crd

Unicode

ပ်ဴေစာထီးအဖြဲ႕မွ စစ္ေကာင္စီတပ္ကို PDF မ်ားဟုထင္ကာ မွားယြင္းပစ္ခတ္၊ စစ္ေကာင္စီတပ္သား တစ္ဦး ေသဆုံးဟုဆို

မႏၲေလး၊ ဇူလိုင္ ၂၄

လူငယ့္ေခတ္

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္ ဆုံရြာတြင္ ကင္းလွည့္လာသည့္အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ပ်ဳေစာထီးအဖြဲ႕တို႔ အခ်င္းခ်င္း အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္သား တစ္ဦးေသဆုံးခဲ့ေၾကာင္း ေျမာင္ၿမိဳ႕နယ္ ေတာ္လွန္ေရး တပ္ MRAထံမွ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ (၂၀) ရက္ကျဖစ္ပြားခဲ့ၿပီးေနာက္ ပစ္ခတ္မႈတြင္ပါဝင္သည့္ ပ်ဳေစာထီးေခါင္းေဆာင္ စံေမာင္ ႏွင့္ ပ်ဳ (၁၄) ဦး ကိုလည္း အၾကမ္းဖက္စစ္ေကာင္စီမွဖမ္းဆီးထားေၾကာင္း သိရသည္။

“ပထမတစ္ခါတုန္းက ျမင္းၿခံမွာ ေတာ္လွန္ေရးအဖြဲ႕ေတြ သြားေရာက္တိုက္ခိုက္တဲ့အခါ ပ်ဳေစာထီးအဖြဲ႕ေတြ က စကစ ထင္ၿပီးမွားေသးတယ္။ အခုတစ္ႀကိမ္မွာလည္း တကယ့္ အၾကမ္းဖက္စစ္သားေတြလာတဲ့အခ်ိန္ က် ေတာ့ PDF ေတြထင္ၿပီးေတာ့မွားပစ္တဲ့ ပ်ဳ(၁၅)ေကာင္ဖမ္းခံရတယ္” ဟု ေျမာင္ၿမိဳ႕နယ္ေတာ္လွန္ေရးတပ္ MRA တာဝန္ခံကိုစိန္ ေက်ာ္ ကလူငယ့္ေခတ္သို႔ေျပာသည္။

ဆုံရြာ ပစ္ခတ္မႈျဖစ္စဥ္တြင္ ပ်ဳေစာထီးမ်ားမွာ စစ္ေကာင္စီတပ္သားမ်ားကို “ဆုံရြာကြ ေကြ႕ႀကီးက ပ်ဳေတြမဟုတ္ဘူးလာမလုပ္နဲ႔” ဟု ေအာ္ဟစ္ႀကိမ္းေမာင္း၍ မွားယြင္းပစ္ခတ္မိခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဇြန္လ (၁၆)ရက္က ျမင္းၿခံၿမိဳ႕နယ္ ေကြ႕ႀကီးေက်းရြာရွိ ပ်ဳဒလန္မ်ားကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားမွ သြားေရာက္တိုက္ခိုက္စဥ္ ပ်ဳေစာထီးမ်ားမွာ ေတာ္လွန္ေရးအဖြဲ႕ကို စစ္ေကာင္စီတပ္သားမ်ားထင္မွတ္ၿပီး ႀကိဳဆို မႈမ်ားျပဳလုပ္စဥ္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက လက္ဦးမႈရယူ တိုက္ခိုက္နိုင္ခဲ့ျခင္းေၾကာင့္ ပ်ဳေစာထီး (၆) ဦးေသဆုံးခဲ့သည္။

Crd

Leave a Reply

Your email address will not be published.