ကလေးမြို့ မြစ်အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြီး အောင်ပွဲခံကာ ပြန်လာသည့် ရဲဘော်များ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြစ်အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှင့် တိုက်ပွဲဖြစ်အပြီး အောင်ပွဲခံကာ ပြန်လာသည့် ရဲဘော်များ၏ မြင်ကွင်းပုံရိပ်များကို ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့တွင် NDCA က သတင်းထုတ်ပြန်လာသည်။

အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအင်အားစုများနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဇူလိုင်လ ၂၁ရက်နေ့က တိုက်ပွဲဖြစ်ခဲ့သည်။ ထိုတိုက်ပွဲသို့ NCDA ရဲဘော်များ တပ်ကူသွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၅)ဦးသေပြီး ဒေသကာကွယ်ရေးတပ်မှ ရဲဘော်တချို့လည်း ထိခိုက်မှုရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် အင်အား(၁၀၀)ဝန်းကျင်ဖြင့် ဇူလိုင်လ(၁၈)ရက်နေ့က စတင်ကာ ကလေး-ကလေးဝကြား ကျောက္ကာကျေးရွာမှ တဆင့် မြစ်သာမြစ်ကို ကူးဖြတ်ကာ စစ်ကြောင်းထိုးလာသဖြင့် ဇူလိုင်လ(၂၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Video -NCDA
Crd
Unicode