Grade 10 တက်နေသည့် (၁၄)နှစ်အရွယ် မလင်းလဲ့ရွှေရည်ရဲ့ စိတ်မကောင်းစရာအဖြစ်

News

Grade 10 တက္ေနသည့္ (၁၄)ႏွစ္အရြယ္ မလင္းလဲ့ေရႊရည္ရဲ႕ စိတ္မေကာင္းစရာအျဖစ္

ရန္ကုန္တြင္ Grade 10 တက္ေနသည့္ ရခိုင္ျပည္နယ္မွ ေက်ာင္းသူ ၁ ဦးေပ်ာက္ဆုံးသြားၿပီး ၅ ရက္ၾကာသည္အထိ

အဆက္အသြယ္မရေသး၍ မိသားစုမ်ား စိုးရိမ္ေနၾကသည္ဟု သိရသည္။

ေပ်ာက္ဆုံးသြားသူမွာ ရန္ကုန္ၿမိဳ႕၊ ေထာက္ၾကန႔္ၿမိဳ႕နယ္ရွိ စြယ္စုံကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ Grade 10 အတြဲ(၇) ဇီဝဘာသာတြဲကိုတက္ေနသည့္

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ေမလြမ္းေက်း႐ြာမွ အသက္ ၁၄ ႏွစ္အ႐ြယ္ မလင္းလဲ့ေ႐ႊရည္(ေခၚ)မေမျပည့္ၿဖိဳးျဖစ္သည္။

သူမသည္ ေထာက္ၾကန႔္ၿမိဳ႕နယ္၊ ေျမာက္ပိုင္းရပ္ကြက္၊ ေအာင္သေျပ(၅)လမ္းရွိ အေဒၚျဖစ္သူေဒၚေက်ာ့စႏၵာျမင့္ႏွင့္အတူေနထိုင္စဥ္

ၿပီးခဲ့သည့္ ဇူလိုင္လ ၁၉ ရက္ နံနက္ ၁၁ နာရီခန႔္က အိမ္တြင္ လူမရွိခိုက္ ေနအိမ္မွ တစ္ဦးတည္းထြက္သြားခဲ့ၿပီးေနာက္

ေပ်ာက္ဆုံးသြားျခင္းျဖစ္သည္ဟု သိရသည္။

အေဒၚျဖစ္သူေဒၚေက်ာ့စႏၵာျမင့္က “စိုးရိမ္ေၾကာင့္ၾကတာေပါ့ရွင္။ တူမတစ္ေယာက္ေပ်ာက္တယ္ဆိုေတာ့ သူ႔ကို အျမန္ဆုံးေတြ႕ခ်င္တာေပါ့”ဟု ေျပာသည္။

ေပ်ာက္ဆုံးသြားသည့္ မလင္းလဲ့ေ႐ႊရည္သည္ ယခင္က မင္းျပားၿမိဳ႕နယ္ ေမလြမ္းေက်း႐ြာတြင္ အဖြားျဖစ္သူႏွင့္အတူ ေနထိုင္ခဲ့ၿပီးေနာက္

စိတ္မခ်၍ ရန္ကုန္သို႔ ၿပီးခဲ့သည့္ ဧၿပီလမွစတင္ေခၚယူကာ ရန္ကုန္တြင္ေက်ာင္းထားေပးထားျခင္းျဖစ္သည္ဟု ေဒၚေက်ာ့စႏၵာျမင့္က နိရၪၥရာကို ဆက္ေျပာသည္။

“အရင္ေတာ့ သူ ႐ြာျပန္ခ်င္တယ္လို႔ ေျပာပါတယ္။

႐ြာျပန္ခ်င္လို႔ေျပာေတာ့ ႐ြာမွာက အဖြားနဲ႔ေတာ့ စိတ္မခ်လို႔ ဒီကိုေခၚထားတာပါ။ ေက်ာင္းလည္း တက္ေနပါၿပီ။

ေက်ာင္းတက္ေနေတာ့လည္း ေအးေဆးျဖစ္ေနပါၿပီ”ဟု ေျပာသည္။

သူမ၏ မိခင္မွာ ျပည္ပတြင္အလုပ္လုပ္ေနသည္ဟုလည္း သိရသည္။

ယခုေပ်ာက္ဆုံးမႈကို ေထာက္ၾကန႔္ၿမိဳ႕နယ္ရဲစခန္းတြင္ လူေပ်ာက္မႈျဖင့္ တိုင္ၾကားထားေသာ္လည္း ယေန႔အထိ ထူးျခားမႈမရွိေသးဟု သိရသည္။

ေပ်ာက္ဆုံးေနသည့္ မလင္းလဲ့ေ႐ႊရည္ကို ေတြ႕ရွိပါကလည္း ေဒၚေက်ာ့စႏၵာျမင့္

ဖုန္း – 09754633315၊ 09450044158 ႏွင့္ 0943153599 တို႔ထံ ဆက္သြယ္အေၾကာင္းၾကားႏိုင္သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၃ ရက္ကလည္း ရန္ကုန္တကၠသိုလ္တြင္ ျမန္မာစာအဓိကျဖင့္ တကၠသိုလ္တက္ေနသည့္

စစ္ေတြၿမိဳ႕၊ ႐ြာႀကီးေျမာက္ရပ္ကြက္မွ ေက်ာင္းသူ ၁ ဦးသည္ ကမာ႐ြတ္ၿမိဳ႕နယ္ လွည္းတန္းသို႔ တစ္ဦးတည္းသြားေရာက္ခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးသြားခဲ့သည္။

ထိုေပ်ာက္ဆုံးမႈကိုလည္း ကမာ႐ြတ္ၿမိဳ႕နယ္ရဲခန္းတြင္ မိသားစုဝင္မ်ားက လူေပ်ာက္အမႈျဖင့္တိုင္ၾကားထားေသာ္လည္း

ယေန႔အခ်ိန္ထိ စုံစမ္းေဖာ္ထုတ္ေပးႏိုင္ျခင္းမရွိေသးဟု သိရသည္။

ဓာတ္ပုံ – ေပ်ာက္ဆုံးေနသည့္ မလင္းလဲ့ေ႐ႊရည္(ေခၚ)မေမျပည့္ၿဖိဳးကို ေတြ႕ရစဥ္။

unicode

Grade 10 တက်နေသည့် (၁၄)နှစ်အရွယ် မလင်းလဲ့ရွှေရည်ရဲ့ စိတ်မကောင်းစရာအဖြစ်

ရန်ကုန်တွင် Grade 10 တက်နေသည့် ရခိုင်ပြည်နယ်မှ ကျောင်းသူ ၁ ဦးပျောက်ဆုံးသွားပြီး ၅ ရက်ကြာသည်အထိ

အဆက်အသွယ်မရသေး၍ မိသားစုများ စိုးရိမ်နေကြသည်ဟု သိရသည်။

ပျောက်ဆုံးသွားသူမှာ ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်ရှိ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် Grade 10 အတွဲ(၇) ဇီဝဘာသာတွဲကိုတက်နေသည့်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မလင်းလဲ့ရွှေရည်(ခေါ်)မမေပြည့်ဖြိုးဖြစ်သည်။

သူမသည် ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ(၅)လမ်းရှိ အဒေါ်ဖြစ်သူဒေါ်ကျော့စန္ဒာမြင့်နှင့်အတူနေထိုင်စဉ်

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အိမ်တွင် လူမရှိခိုက် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ပြီးနောက်

ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အဒေါ်ဖြစ်သူဒေါ်ကျော့စန္ဒာမြင့်က “စိုးရိမ်ကြောင့်ကြတာပေါ့ရှင်။ တူမတစ်ယောက်ပျောက်တယ်ဆိုတော့ သူ့ကို အမြန်ဆုံးတွေ့ချင်တာပေါ့”ဟု ပြောသည်။

ပျောက်ဆုံးသွားသည့် မလင်းလဲ့ရွှေရည်သည် ယခင်က မင်းပြားမြို့နယ် မေလွမ်းကျေးရွာတွင် အဖွားဖြစ်သူနှင့်အတူ နေထိုင်ခဲ့ပြီးနောက်

စိတ်မချ၍ ရန်ကုန်သို့ ပြီးခဲ့သည့် ဧပြီလမှစတင်ခေါ်ယူကာ ရန်ကုန်တွင်ကျောင်းထားပေးထားခြင်းဖြစ်သည်ဟု ဒေါ်ကျော့စန္ဒာမြင့်က နိရဉ္စရာကို ဆက်ပြောသည်။

“အရင်တော့ သူ ရွာပြန်ချင်တယ်လို့ ပြောပါတယ်။

ရွာပြန်ချင်လို့ပြောတော့ ရွာမှာက အဖွားနဲ့တော့ စိတ်မချလို့ ဒီကိုခေါ်ထားတာပါ။ ကျောင်းလည်း တက်နေပါပြီ။

ကျောင်းတက်နေတော့လည်း အေးဆေးဖြစ်နေပါပြီ”ဟု ပြောသည်။

သူမ၏ မိခင်မှာ ပြည်ပတွင်အလုပ်လုပ်နေသည်ဟုလည်း သိရသည်။

ယခုပျောက်ဆုံးမှုကို ထောက်ကြန့်မြို့နယ်ရဲစခန်းတွင် လူပျောက်မှုဖြင့် တိုင်ကြားထားသော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးဟု သိရသည်။

ပျောက်ဆုံးနေသည့် မလင်းလဲ့ရွှေရည်ကို တွေ့ရှိပါကလည်း ဒေါ်ကျော့စန္ဒာမြင့်

ဖုန်း – 09754633315၊ 09450044158 နှင့် 0943153599 တို့ထံ ဆက်သွယ်အကြောင်းကြားနိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် တက္ကသိုလ်တက်နေသည့်

စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ ကျောင်းသူ ၁ ဦးသည် ကမာရွတ်မြို့နယ် လှည်းတန်းသို့ တစ်ဦးတည်းသွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

ထိုပျောက်ဆုံးမှုကိုလည်း ကမာရွတ်မြို့နယ်ရဲခန်းတွင် မိသားစုဝင်များက လူပျောက်အမှုဖြင့်တိုင်ကြားထားသော်လည်း

ယနေ့အချိန်ထိ စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်းမရှိသေးဟု သိရသည်။

ဓာတ်ပုံ – ပျောက်ဆုံးနေသည့် မလင်းလဲ့ရွှေရည်(ခေါ်)မမေပြည့်ဖြိုးကို တွေ့ရစဉ်။

Crd

Leave a Reply

Your email address will not be published.