ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်တို့နဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ်တွေ့ခွင့်ရ

News

ဦးဂ်င္မီ နဲ႔ ဦးၿဖိဳးေဇယ်ာေသာ္တို႔နဲ႔ မိသားစုဝင္ေတြ ပထမဆုံးအႀကိမ္ေတြ႕ခြင့္ရ

အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒေတြနဲ႔ စြပ္စြဲၿပီး ေသဒဏ္အျပစ္ေပးခံထားရတဲ့ ၈၈ ၿငိမ္းပြင့္ အဖြဲ႕က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီ ေခၚ ဦးေက်ာ္မင္းယု နဲ႔ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္ တို႔ကို သူတို႔ မိသားစုဝင္ေတြနဲ႔ ဒီကေန႔ ဇူလိုင္ ၂၂ ရက္ေန႔ ညေနပိုင္းက အင္းစိန္ေထာင္မွာ ေထာင္ဝင္စာေတြ႕ခြင့္ျပဳခဲ့တယ္လို႔ စုံစမ္းသိရွိရပါတယ္။

ဒါဟာ မႏွစ္က သူတို႔ ဖမ္းဆီးခံရခ်ိန္ကစၿပီး သက္ဆိုင္ရာမိသားစုေတြအေနနဲ႔ ပထမဆုံးအႀကိမ္ ေထာင္ဝင္စာေတြ႕ခြင့္ရတာ ျဖစ္ပါတယ္။ ဦးေက်ာ္မင္းယု နဲ႔ ဦးၿဖိဳးေဇယ်ာေသာ္တို႔ မိသားစုဝင္ေတြကို ေထာင္အာဏာပိုင္ေတြက အစားအေသာက္ အနည္းငယ္စီေပးခြင့္ျပဳခဲ့တယ္လို႔လည္း ဆိုပါတယ္။

သူတို႔ ႏွစ္ဦးကို စစ္ေကာင္စီတရား႐ုံးက အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မေတြနဲ႔ တရားစြဲၿပီး ေသဒဏ္ေပးခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သူတို႔ရဲ႕ေသဒဏ္ကိုအဆင့္ဆင့္အတည္ျပဳၿပီး လက္ေတြ႕ကြက္မ်က္မယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က ၿပီးခဲ့တဲ့ ဇြန္လဆန္းပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ကြပ္မ်က္မယ့္ သူေတြကို မိသားစုနဲ႔ ေတြ႕ခြင့္ေပးမွာလားလို႔ RFA ကေမးျမန္းခဲ့ရာမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သူတို႔အေနနဲ႔ မိသားစုနဲ႔ ေတြ႕ခြင့္အပါအဝင္ အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းမွာပါဝင္တဲ့ အခြင့္အေရး အားလုံးရရွိမယ္လို႔ ေျဖၾကားခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ က လက္ေတြ႕ကြပ္မ်က္မယ္ဆိုတဲ့ ေျပာဆိုခ်က္ေၾကာင့္ ကုလသမဂၢနဲ႔ အာဆီယံအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝန္းက ျပင္းျပင္းထန္ထန္ ဝိုင္းဝန္းကန႔္ကြက္ခဲ့ၿပီးေနာက္မွာ အခုလို သူတို႔ ႏွစ္ဦးကို မိသားစုဝင္ေတြနဲ႔ ေတြ႕ခြင့္ျပဳတဲ့ သတင္းေပၚထြက္လာတာျဖစ္ပါတယ္။ ဒီကေန႔ ေတြ႕ဆုံခြင့္ျပဳရာမွာ သူတို႔ကို မိသားစုဝင္ေတြက တိုက္႐ိုက္ေတြ႕ဆုံေျပာၾကားခြင့္ျပဳတာ မဟုတ္ပဲ ဗီဒီယိုစနစ္နဲ႔ ေတြ႕ခြင္ျပဳတာျဖစ္ပါတယ္။

မိသားစုဝင္ေတြနဲ႔ သူတို႔ဘာေတြေျပာၾကားခဲ့သလဲ ဆိုတာ မသိရေသးသလို အခုလိုေတြ႕ခြင္ျပဳတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဖက္က တရားဝင္ ထုတ္ျပန္ေျပာၾကားျခင္းလည္း မရွိေသးပါဘူး။

အင္းစိန္ေထာင္အသိုင္းအဝန္းက ရတဲ့ သတင္းအရဆိုရင္ေတာ့ ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္ တို႔ က်န္းမာေရးေကာင္းမြန္ေနတယ္လို႔ သိရပါတယ္။

RFA

Crd

Unicode

ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်တို့နဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ်တွေ့ခွင့်ရ

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွပ်စွဲပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ ၈၈ ငြိမ်းပွင့် အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ဦးကျော်မင်းယု နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ကို သူတို့ မိသားစုဝင်တွေနဲ့ ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက အင်းစိန်ထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ပြုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါဟာ မနှစ်က သူတို့ ဖမ်းဆီးခံရချိန်ကစပြီး သက်ဆိုင်ရာမိသားစုတွေအနေနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရတာ ဖြစ်ပါတယ်။ ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော်တို့ မိသားစုဝင်တွေကို ထောင်အာဏာပိုင်တွေက အစားအသောက် အနည်းငယ်စီပေးခွင့်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့ နှစ်ဦးကို စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲပြီး သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူတို့ရဲ့သေဒဏ်ကိုအဆင့်ဆင့်အတည်ပြုပြီး လက်တွေ့ကွက်မျက်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကွပ်မျက်မယ့် သူတွေကို မိသားစုနဲ့ တွေ့ခွင့်ပေးမှာလားလို့ RFA ကမေးမြန်းခဲ့ရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့အနေနဲ့ မိသားစုနဲ့ တွေ့ခွင့်အပါအဝင် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းမှာပါဝင်တဲ့ အခွင့်အရေး အားလုံးရရှိမယ်လို့ ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ က လက်တွေ့ကွပ်မျက်မယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်ခဲ့ပြီးနောက်မှာ အခုလို သူတို့ နှစ်ဦးကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပြုတဲ့ သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီကနေ့ တွေ့ဆုံခွင့်ပြုရာမှာ သူတို့ကို မိသားစုဝင်တွေက တိုက်ရိုက်တွေ့ဆုံပြောကြားခွင့်ပြုတာ မဟုတ်ပဲ ဗီဒီယိုစနစ်နဲ့ တွေ့ခွင်ပြုတာဖြစ်ပါတယ်။

မိသားစုဝင်တွေနဲ့ သူတို့ဘာတွေပြောကြားခဲ့သလဲ ဆိုတာ မသိရသေးသလို အခုလိုတွေ့ခွင်ပြုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဖက်က တရားဝင် ထုတ်ပြန်ပြောကြားခြင်းလည်း မရှိသေးပါဘူး။

အင်းစိန်ထောင်အသိုင်းအဝန်းက ရတဲ့ သတင်းအရဆိုရင်တော့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် တို့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

RFA

Crd

Leave a Reply

Your email address will not be published.