ရန်ကုန်သူ/သားတွေ ဒုက္ခရောက်နေကြပြီ…

News

ရန်ကုန်သူ/သားတွေ ဒုက္ခရောက်နေကြပီ

ဂတ်စ်မရလို့ YBSယာဉ်တွေ လိုင်းမဆွဲနိုင်တာကြောင့် ခရီးသည်တွေ အခက်အခဲနဲ့ရင်ဆိုင်နေရ

ဇူလိုင်၂၃-၂၀၂၂

KK(VOM)

ရန်ကုန်မှာ CNG ဂတ်စ်မရလို့ YBS ယာဉ်လိုင်းမဆွဲနိူင်တာကြောင့် ခရီးသည်အချို့ နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

YBS ယာဉ်အချို့မထွက်တာကြောင့် မနေ့ ဇူလိုင် ၂၂ရက် ညနေပိုင်းမှာ အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေနဲ့ ဈေးသည်တွေဟာ

နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ကြုံခဲ့ရတယ်လို့ မြောက်ဥက္ကလာမှာနေသူတဦးက ပြောပါတယ်။

“ကျွန်တော်တို့က ပန်းရံလုပ်တာ မြို့ထဲကပြန်ရင် YBS စီးရင် သုံးရာ ဆိုင်ကယ်ကယ်စီးရင် ၇ ရာ ပေါင်း ၁၀၀၀၊ ရတာမှ တစ်သောင်း၊

မဖြစ်မနေ ကားငှားပြန်ရမယ် ဒါတောင် စုပြီးငှားတာနော် စုပြီး Taxi ငါးထောင်ကျမယ်၊ ပိုတဲ့ငါးထောင်နဲ့ဘယ်လို စားမလဲ နေ့တိုင်းဖြစ်နေရင် ဒုက္ခရောက်ပြီ”လို့ သူကပြောပါတယ်။

ကျပန်းအလုပ်သမားတွေနဲ့ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေက အငှားယာဉ်နဲ့အိမ်ပြန်ဖို့ မတက်နိူင်တာကြောင့် YBSယာဉ်တွေကို

ညအထိစောင့်နေပေမယ့် မတက်နိုင်တဲ့အဆုံး Taxiကားငှားပြန်ခဲ့ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဗဟန်းမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။

“ညီမက ဗဟန်သုံးလမ်းမှာ နေတာ သူငယ်ချင်းတွေ လမ်းလျှောက်သွားလို့ရတယ်၊ ဒဂုံအရှေ့ တောင်ဒဂုံ မြောက်ဒဂုံ လှည်းကူး

မင်္ဂလာဒုံ အဲ့ဒီလိုမြို့နယ်တွေကျတော့ အဆင်မပြေဘူးလေ၊ လူတိုင်းက ပိုက်ဆံပါတာမဟုတ်ဘူးလေ ဘယ်လိုလုပ်ကြမလဲ “လို့ ပြောပါတယ်။

ခရီးသည်တွေဆီမှာ အခက်အခဲရှိသလို CNG ဂတ်စ်ပြတ်လပ်မှုတွေကြောင့် ဂတ်စ်ဆိုင်မှာ တန်းစီရာမှာ အချိန်ကြာမြင့်စွာ တန်းစီရတဲ့အတွက်

ယာဉ်လိုင်းတွေမထွက်နိူင်တာဖြစ်တယ်လို့ YBS ယာဉ်မောင်းတဦးက သူ့ရဲ့အခက်အခဲကို ပြောပြပါတယ်။

“အရင်ရက်တွေကတည်းက ဆိုင်တွေမှာ ဂတ်စ်ပျက်နေတဲ့ပြဿနာကိုသိတယ်၊ နောက်ရက်အဆင်ပြေမှာပဲလို့ တွေးထားတာ၊

အခုပိုတောင်ဆိုးတယ် နေ့လယ်က ကားတန်းစီရင် ညနေမှ ရတယ် ဒါတောင်ကံကောင်းလို့၊ ခရီးသည်အတွက် စိတ်မကောင်းဘူး၊

နီးစပ်ရာသူတွေကို Post တင်ခိုင်းပြီး YBS ကိုမစောင့်ဖို့ ကားငှားပြန်ဖို့ အသိပေးရတယ်”လို့ YBS ယာဉ်မောင်းတဦးက ပြောပါတယ်။

အခုလို YBSယာဉ်တွေ CNG ဂတ်စ်မရတဲ့ပြဿနာကို ခရီးသည်တွေသိပြီး အိမ်အပြန်ဒုက္ခမရောက်စေဖို့ YBS ယာဉ်တွေကို

ကြီးကြပ်နေတဲ့အဖွဲ့အစည်းအနေနဲ့ ကြိုတင်အသိပေးသင့်တယ်လို့ ရုံးဝန်ထမ်းတဦးက သုံးသပ်ပြောဆိုပါတယ်။

“YBS တွေ ဂတ်စ်မရဘူးဆိုလည်း ပြည်သူကိုအသိပေးလေ၊ အိမ်က ပိုက်ဆံအပိုထည့်လာမယ်ဗျာ Taxi မတက်နိူင်ရင် အလုပ်မဆင်းဘူး၊

အခုက ဘာမှမသိတော့ ဒုက္ခရောက်ရော”လို့ သူကပြောပါတယ်။ဒီလိုYBS ယာဉ်တွေ CNG ဂတ်စ်မရတဲ့ပြဿနာအပေါ် ခရီးသည်တွေ နောက်ရက်ကြုံလာပါက

ဘယ်လိုစီမံဆောင်ရွက်မှုတွေရှိတယ်ဆိုတာကို VOM အနေနဲ့ YRTC ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

YRTC အနေနဲ့ နေ့စဉ် ယာဉ်လိုင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၁၉၄ စီး ပြေးဆွဲပေးလျက်ရှိပြီး

လိုက်ပါစီးနင်းတဲ့ ခရီးသည် ၁,၁၇၅,၄၅၃ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Credit

Zawgyi

ရန္ကုန္သူ/သားေတြ ဒုကၡေရာက္ေနၾကပီ

ဂတ္စ္မရလို႔ YBSယာဥ္ေတြ လိုင္းမဆြဲႏိုင္တာေၾကာင့္ ခရီးသည္ေတြ အခက္အခဲနဲ႔ရင္ဆိုင္ေနရ

ဇူလိုင္၂၃-၂၀၂၂

KK(VOM)

ရန္ကုန္မွာ CNG ဂတ္စ္မရလို႔ YBS ယာဥ္လိုင္းမဆြဲႏိူင္တာေၾကာင့္ ခရီးသည္အခ်ိဳ႕ ေနအိမ္ျပန္ဖို႔ အခက္အခဲနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

YBS ယာဥ္အခ်ိဳ႕မထြက္တာေၾကာင့္ မေန႔ ဇူလိုင္ ၂၂ရက္ ညေနပိုင္းမွာ အလုပ္သမားေတြ၊ ႐ုံးဝန္ထမ္းေတြနဲ႔ ေဈးသည္ေတြဟာ

ေနအိမ္ျပန္ဖို႔ အခက္အခဲနဲ႔ႀကဳံခဲ့ရတယ္လို႔ ေျမာက္ဥကၠလာမွာေနသူတဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ပန္းရံလုပ္တာ ၿမိဳ႕ထဲကျပန္ရင္ YBS စီးရင္ သုံးရာ ဆိုင္ကယ္ကယ္စီးရင္ ၇ ရာ ေပါင္း ၁၀၀၀၊ ရတာမွ တစ္ေသာင္း၊

မျဖစ္မေန ကားငွားျပန္ရမယ္ ဒါေတာင္ စုၿပီးငွားတာေနာ္ စုၿပီး Taxi ငါးေထာင္က်မယ္၊ ပိုတဲ့ငါးေထာင္နဲ႔ဘယ္လို စားမလဲ ေန႔တိုင္းျဖစ္ေနရင္ ဒုကၡေရာက္ၿပီ”လို႔ သူကေျပာပါတယ္။

က်ပန္းအလုပ္သမားေတြနဲ႔ေခါင္း႐ြက္ဗ်က္ထိုးေဈးသည္ေတြက အငွားယာဥ္နဲ႔အိမ္ျပန္ဖို႔ မတက္ႏိူင္တာေၾကာင့္ YBSယာဥ္ေတြကို

ညအထိေစာင့္ေနေပမယ့္ မတက္ႏိုင္တဲ့အဆုံး Taxiကားငွားျပန္ခဲ့ရလို႔ စိတ္မေကာင္းျဖစ္ရတယ္လို႔ ဗဟန္းၿမိဳ႕နယ္မွာေနထိုင္သူတဦးက ေျပာပါတယ္။

“ညီမက ဗဟန္သုံးလမ္းမွာ ေနတာ သူငယ္ခ်င္းေတြ လမ္းေလွ်ာက္သြားလို႔ရတယ္၊ ဒဂုံအေရွ႕ ေတာင္ဒဂုံ ေျမာက္ဒဂုံ လွည္းကူး

မဂၤလာဒုံ အဲ့ဒီလိုၿမိဳ႕နယ္ေတြက်ေတာ့ အဆင္မေျပဘူးေလ၊ လူတိုင္းက ပိုက္ဆံပါတာမဟုတ္ဘူးေလ ဘယ္လိုလုပ္ၾကမလဲ “လို႔ ေျပာပါတယ္။

ခရီးသည္ေတြဆီမွာ အခက္အခဲရွိသလို CNG ဂတ္စ္ျပတ္လပ္မႈေတြေၾကာင့္ ဂတ္စ္ဆိုင္မွာ တန္းစီရာမွာ အခ်ိန္ၾကာျမင့္စြာ တန္းစီရတဲ့အတြက္

ယာဥ္လိုင္းေတြမထြက္ႏိူင္တာျဖစ္တယ္လို႔ YBS ယာဥ္ေမာင္းတဦးက သူ႔ရဲ႕အခက္အခဲကို ေျပာျပပါတယ္။

“အရင္ရက္ေတြကတည္းက ဆိုင္ေတြမွာ ဂတ္စ္ပ်က္ေနတဲ့ျပႆနာကိုသိတယ္၊ ေနာက္ရက္အဆင္ေျပမွာပဲလို႔ ေတြးထားတာ၊

အခုပိုေတာင္ဆိုးတယ္ ေန႔လယ္က ကားတန္းစီရင္ ညေနမွ ရတယ္ ဒါေတာင္ကံေကာင္းလို႔၊ ခရီးသည္အတြက္ စိတ္မေကာင္းဘူး၊

နီးစပ္ရာသူေတြကို Post တင္ခိုင္းၿပီး YBS ကိုမေစာင့္ဖို႔ ကားငွားျပန္ဖို႔ အသိေပးရတယ္”လို႔ YBS ယာဥ္ေမာင္းတဦးက ေျပာပါတယ္။

အခုလို YBSယာဥ္ေတြ CNG ဂတ္စ္မရတဲ့ျပႆနာကို ခရီးသည္ေတြသိၿပီး အိမ္အျပန္ဒုကၡမေရာက္ေစဖို႔ YBS ယာဥ္ေတြကို

ႀကီးၾကပ္ေနတဲ့အဖြဲ႕အစည္းအေနနဲ႔ ႀကိဳတင္အသိေပးသင့္တယ္လို႔ ႐ုံးဝန္ထမ္းတဦးက သုံးသပ္ေျပာဆိုပါတယ္။

“YBS ေတြ ဂတ္စ္မရဘူးဆိုလည္း ျပည္သူကိုအသိေပးေလ၊ အိမ္က ပိုက္ဆံအပိုထည့္လာမယ္ဗ်ာ Taxi မတက္ႏိူင္ရင္ အလုပ္မဆင္းဘူး၊

အခုက ဘာမွမသိေတာ့ ဒုကၡေရာက္ေရာ”လို႔ သူကေျပာပါတယ္။ဒီလိုYBS ယာဥ္ေတြ CNG ဂတ္စ္မရတဲ့ျပႆနာအေပၚ ခရီးသည္ေတြ ေနာက္ရက္ႀကဳံလာပါက

ဘယ္လိုစီမံေဆာင္႐ြက္မႈေတြရွိတယ္ဆိုတာကို VOM အေနနဲ႔ YRTC ဖုန္းနဲ႔ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

YRTC အေနနဲ႔ ေန႔စဥ္ ယာဥ္လိုင္း ၁၁၆ လိုင္း၊ ယာဥ္အစီးေရ ၃၁၉၄ စီး ေျပးဆြဲေပးလ်က္ရွိၿပီး

လိုက္ပါစီးနင္းတဲ့ ခရီးသည္ ၁,၁၇၅,၄၅၃ ဦး ရွိတယ္လို႔ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

Credit

Leave a Reply

Your email address will not be published.