Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ RPG လက်ဖြောင့်တပ်သားတဦး

News

စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဝင်တိုက်စဥ် Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ RPG လက်ဖြောင့်တပ်သားတဦး ကျဆုံး

စစ်ကောင်စီဘက်ကလည်း ၉ဦးသေ

BVJ၊ ဇူလိုင် ၂၂၊ ၂၀၂၂

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့များ စခန်းချရာနေရာအား PDF ပူစပေါင်းအ ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၉ ဦးသေဆုံးခဲ့သလို ZEROပြောက်ကျားတပ်ဖွဲ့မှ RPG လက် ဖြောင့်တပ်သားတဦးလည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၂ရက် ဒီနေ့မနက် ၄နာရီအချိန်ခန့်က စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ စခန်းချထားတဲ့အထက်ပါနေရာကို ZEROပြောက်ကျားတပ်ဖွဲ့ မြင်းခြံနဲ့စစ်ကိုင်းခရိုင်တပ်ရင်း ၂တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၂နာရီခွဲခန့် ကြာမြင့်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဘက်က ၉ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ZEROပြောက်ကျားတပ်ဖွဲ့ဘက်ကလည်းRPGလက်ဖြောင့် တပ်သား (တပ်ခွဲ၃ ဒုခွဲမှူး တပ်ရင်း ၇ မြင်းခြံခရိုင်) ဖြစ်သူ အသက် ၂၄နှစ်အရွယ် မောင်အောင်ကိုဇင် (ခ) အာကြီး (ခ) ၀က်ဂတုးဟာ တိုက်ပွဲတွင်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးစတင်ချိန်မှ ကျဆုံးချိန်ထိ စစ်ကောင်စီနဲ့ ပျူစောထီးများစွာကို သုတ်သင်နိုင်ခဲ့တဲ့မောင်အောင်ကိုဇင်ကို ZEROပြောက်ကျားတပ်ဖွဲ့က ကြီးမြတ်စွာအလေး ပြုကြောင်းလည်း ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ-တိုက်ပွဲအတွင်းကျဆုံးခဲ့တဲ့ RPG လက်ဖြောင့်တပ်သား မောင်အောင်ကိုဇင်

Crd

Unicode

စစ္ေကာင္စီတပ္စြဲထားတဲ့ေနရာကို ဝင္တိုက္စဥ္ Zero ေျပာက္က်ားတပ္ဖြဲ႕ရဲ့ RPG လက္ေျဖာင့္တပ္သားတဦး က်ဆုံး

စစ္ေကာင္စီဘက္ကလည္း ၉ဦးေသ

BVJ၊ ဇူလိုင္ ၂၂၊ ၂၀၂၂

စစ္ကိုင္းၿမိဳ႕နယ္ ႂကြယ္ပုံေက်းရြာရွိ စစ္ေကာင္စီနဲ႔ ပ်ဴေစာထီးအဖြဲ႕မ်ား စခန္းခ်ရာေနရာအား PDF ပူစေပါင္းအ ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ရာ စစ္ေကာင္စီဘက္က ၉ ဦးေသဆုံးခဲ့သလို ZEROေျပာက္က်ားတပ္ဖြဲ႕မွ RPG လက္ ေျဖာင့္တပ္သားတဦးလည္း က်ဆုံးခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဇူလိုင္ ၂၂ရက္ ဒီေန႔မနက္ ၄နာရီအခ်ိန္ခန္႔က စစ္ေကာင္စီနဲ႔ပ်ဴေစာထီးအဖြဲ႕ေတြ စခန္းခ်ထားတဲ့အထက္ပါေနရာကို ZEROေျပာက္က်ားတပ္ဖြဲ႕ ျမင္းၿခံနဲ႔စစ္ကိုင္းခရိုင္တပ္ရင္း ၂တို႔ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

တိုက္ပြဲျဖစ္ပြားခ်ိန္ ၂နာရီခြဲခန္႔ ၾကာျမင့္ၿပီး စစ္ေကာင္စီနဲ႔ ပ်ဴေစာထီးအဖြဲ႕ဘက္က ၉ဦးေသဆုံးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ZEROေျပာက္က်ားတပ္ဖြဲ႕ဘက္ကလည္းRPGလက္ေျဖာင့္ တပ္သား (တပ္ခြဲ၃ ဒုခြဲမႉး တပ္ရင္း ၇ ျမင္းၿခံခရိုင္) ျဖစ္သူ အသက္ ၂၄ႏွစ္အရြယ္ ေမာင္ေအာင္ကိုဇင္ (ခ) အာႀကီး (ခ) ၀က္ဂတုးဟာ တိုက္ပြဲတြင္း က်ဆုံးခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေတာ္လွန္ေရးစတင္ခ်ိန္မွ က်ဆုံးခ်ိန္ထိ စစ္ေကာင္စီနဲ႔ ပ်ဴေစာထီးမ်ားစြာကို သုတ္သင္နိုင္ခဲ့တဲ့ေမာင္ေအာင္ကိုဇင္ကို ZEROေျပာက္က်ားတပ္ဖြဲ႕က ႀကီးျမတ္စြာအေလး ျပဳေၾကာင္းလည္း ထုတ္ျပန္ထားပါေသးတယ္။

ပုံစာ-တိုက္ပြဲအတြင္းက်ဆုံးခဲ့တဲ့ RPG လက္ေျဖာင့္တပ္သား ေမာင္ေအာင္ကိုဇင္

Crd

Leave a Reply

Your email address will not be published.