အာဇာနည္ေခါင္းေဆာင္ႀကီးရဲ႕ သား ကြယ္လြန္ၿပီ…

News

ဇာနည္ေခါင္းေဆာင္ႀကီးရဲ႕ သား ကြယ္လြန္ၿပီ…

အမ်ိဳးသားေခါင္းေဆာင္ႀကီး ဦးရာဇတ္၏ သား ဦးတင္ျမင့္ ကြယ္လြန္

အာဇာနည္ေခါင္းေဆာင္ႀကီး ဦးရာဇတ္၏ သားျဖစ္သူ ဦးတင္ျမင့္ (၈၃) ႏွစ္သည္ ယေန႔ ဇူလိုင္လ (၂၁) ရက္ နံနက္ ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ဝိတိုရိယ ေဆး႐ုံတြင္ ကြယ္ လြန္ခဲ့သည္။

ဦးတင္ျမင့္သည္ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ ငန္း (ကမ္းလြန္) ၫႊန္ၾကားေရးမႉး(ၿငိမ္း) တစ္ဦးျဖစ္ၿပီး ျမန္မာႏိုင္ငံ ဘူမိသိပၸံအသင္း နာယကတစ္ဦးလည္းျဖစ္ သည္။

“ကိုတင္ျမင့္က အစ္ကိုအရင္းတစ္ေယာက္လိုပဲ အရမ္းခင္ပါတယ္။ သူဟာ တိုင္းျပည္ကို သူ႔အေဖလိုပဲ အရမ္းခ်စ္ပါတယ္။ ေနာက္ၿပီးေတာ့ ေခါင္းေဆာင္ႀကီးေတြရဲ႕ သားေတြ တစ္ေယာက္ၿပီး တေယာက္ ကြယ္လြန္ကုန္ေတာ့ ႏွေျမာတာေပါ့ကြယ္။

ေခါင္းေဆာင္ႀကီး ဦးရာဇတ္ရဲ႕ သားအေနနဲ႔ေသာ္လည္း ေကာင္း၊ မိသားစုအခ်င္းခ်င္း အရမ္းရင္းႏွီးတဲ့ အစ္ကိုတစ္ေယာက္အေနဲ႔ေသာ္လည္း ေကာင္း၊

သူ႔မိန္းမနဲ႔လည္း အစ္မတစ္ေယာက္လို အရမ္းရင္းႏွီးတဲ့အတြက္ေၾကာင့္ အန္တီအေနနဲ႔ကေတာ့ ေျပာမျပတတ္ေအာင္ အရမ္း ဝမ္းနည္းပါတယ္” ဟု ျမန္မာႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးေက်ာ္ၿငိမ္း၏ သမီး ျဖစ္သူ ေဒၚခ်ိဳခ်ိဳေက်ာ္ၿငိမ္းက ေပၚျပဴလာနယူးစ္သို႔ ေျပာသည္။

၎ကြယ္လြန္ခ်ိန္တြင္ ဇနီးသည္ျဖစ္သူ ေဒၚရွယ္လီႏွင့္ သား (၂) ဦး ၊ သမီး(၁) ဦး၊ ေျမး (၁) ဦး က်န္ရစ္ခဲ့ေၾကာင္း သိရသည္။

အာဇာနည္ ေခါင္းေဆာင္ႀကီး ဦးရာဇာတ္၏ သားျဖစ္သူ ဦးတင္ျမင့္သည္ နာမက်န္းျဖစ္ကာ ေဆးကုသမႈ ခံယူေနရသျဖင့္ ယခုႏွစ္ (၇၅) ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္း အနားသို႔ တက္ေရာက္ ဂါရဝမျပဳႏိုင္ခဲ့​ေပ။

ဦးတင္ျမင့္သည္ ၂၁.၀၇.၂၀၂၂ ၾကာသပေတးေန႔ နံနက္ (၆:၄၀)နာရီအခ်ိန္ခန္႔တြင္ ဝိတိုရိယ ေဆး႐ုံတြင္ အလႅာအရွင္ျမတ္အမိန႔္ေတာ္ခံယူသြားပါသျဖင့္ေန႔လည္ဇုဟိုရ္ဆြာလာသ္အၿပီးတြင္ေရးေဝးမြတ္စ္လင္မ္ဥယ်ာဥ္ေတာ္တြင္ဒဖ္နာျပဳလုပ္ၿပီးျဖစ္ပါေၾကာင္းသိရသည္။

unicode

အာဇာနည်ခေါင်းဆောင်ကြီးရဲ့ သား ကွယ်လွန်ပြီ…

အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်၏ သား ဦးတင်မြင့် ကွယ်လွန်

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့် (၈၃) နှစ်သည် ယနေ့ ဇူလိုင်လ (၂၁) ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံတွင် ကွယ် လွန်ခဲ့သည်။

ဦးတင်မြင့်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်း (ကမ်းလွန်) ညွှန်ကြားရေးမှူး(ငြိမ်း) တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယကတစ်ဦးလည်းဖြစ် သည်။

“ကိုတင်မြင့်က အစ်ကိုအရင်းတစ်ယောက်လိုပဲ အရမ်းခင်ပါတယ်။ သူဟာ တိုင်းပြည်ကို သူ့အဖေလိုပဲ အရမ်းချစ်ပါတယ်။ နောက်ပြီးတော့ ခေါင်းဆောင်ကြီးတွေရဲ့ သားတွေ တစ်ယောက်ပြီး တယောက် ကွယ်လွန်ကုန်တော့ နှမြောတာပေါ့ကွယ်။

ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သားအနေနဲ့သော်လည်း ကောင်း၊ မိသားစုအချင်းချင်း အရမ်းရင်းနှီးတဲ့ အစ်ကိုတစ်ယောက်အနေဲ့သော်လည်း ကောင်း၊

သူ့မိန်းမနဲ့လည်း အစ်မတစ်ယောက်လို အရမ်းရင်းနှီးတဲ့အတွက်ကြောင့် အန်တီအနေနဲ့ကတော့ ပြောမပြတတ်အောင် အရမ်း ဝမ်းနည်းပါတယ်” ဟု မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

၎င်းကွယ်လွန်ချိန်တွင် ဇနီးသည်ဖြစ်သူ ဒေါ်ရှယ်လီနှင့် သား (၂) ဦး ၊ သမီး(၁) ဦး၊ မြေး (၁) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇာတ်၏ သားဖြစ်သူ ဦးတင်မြင့်သည် နာမကျန်းဖြစ်ကာ ဆေးကုသမှု ခံယူနေရသဖြင့် ယခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားသို့ တက်ရောက် ဂါရဝမပြုနိုင်ခဲ့ပေ။

ဦးတင်မြင့်သည် ၂၁.၀၇.၂၀၂၂ ကြာသပတေးနေ့ နံနက် (၆:၄၀)နာရီအချိန်ခန့်တွင် ဝိတိုရိယ ဆေးရုံတွင် အလ္လာအရှင်မြတ်အမိန့်တော်ခံယူသွားပါသဖြင့်နေ့လည်ဇုဟိုရ်ဆွာလာသ်အပြီးတွင်ရေးဝေးမွတ်စ်လင်မ်ဥယျာဉ်တော်တွင်ဒဖ်နာပြုလုပ်ပြီးဖြစ်ပါကြောင်းသိရသည်။

Leave a Reply

Your email address will not be published.