စစ်ကိုင်းတိုင်း ကလေးမှာ ချက်ထားတဲ့မွင်းခါးတွေများ ရှယ်ပွဲတွေလည်းပါဟု NUG ထုတ်ပြန်

News

စစ်ကိုင်းတိုင်း ကလေးမှာ ချက်ထားတဲ့မွင်းခါးတွေများ ရှယ်ပွဲတွေလည်းပါဟု NUG ထုတ်ပြန်

သတင်းထုတ်ပြန်ချက်


ကလေး၊ဇူလိုင် (၂၁)ရက်နေ့





ကာကွယ်ရေးဝန်ကြီးဌာန


စစ်ကိုင်းတိုင်းကလေးမှာ ချက်ထားတဲ့မွင်းခါးတွေများ ရှယ်ပွဲတွေလည်းပါဟု NUG ထုတ်ပြန်

သတင်းထုတ်ပြန်ချက်

ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်တိုက်ပွဲတွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး သေဆုံးခဲ့

ကလေး၊ဇူလိုင် (၂၁)ရက်နေ့

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၊မနက်(၁၀:၃၀)နာရီခန့်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော် ဘက်မှသွားသော စကစ တပ်သား (၁၀၀) ခန့်နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့တိုက်ပွဲ ပြင်းထန် စွာဖြစ်ပွါးခဲ့သည်။

တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ

နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်။

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Crd

Unicode


သတင်းထုတ်ပြန်ချက်


ကလေး၊ဇူလိုင် (၂၁)ရက်နေ့





ကာကွယ်ရေးဝန်ကြီးဌာန


Crd

Leave a Reply

Your email address will not be published.