စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

News

စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

ဇူလိုင်၂၁ရက်

စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။

ဇူလိုင်၂၁ရက်နေ့ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၁/၂၀၂၂)မှာ ဝန်ကြီးချုပ်ကပြောပါတယ်။

“တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ ဘေးကင်းရန်ကွာရှိကြပါစေကြောင်း၊ စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေသောကြောင့် ကော်မတီအနေဖြင့် လုပ်ငန်းစဥ်များအား ဖြစ်ပေါ်နေသောအခြေနေများကိုအသုံးချကာ ကြိုးစားဖို့လိုကြောင်း၊ တစ်နှစ်အတွင်းဆောင်ရွက်ခဲ့သော မူဝါဒများ၊လုပ်ငန်စဥ်များနှင့်စီမံဆောင်ရွက်မှုများအပေါ် ထိုက်သင့်သော အတွေ့အကြုံများရရှိပြီးဖြစ်လို့ ဆက်လက်တိုးချဲ့ဒေသများအတွက် စနစ်တကျစီစဥ်ထားရန်လိုကြောင်း၊လက်ရှိစိုးမိုးနယ်မြေများ၏ ဆောင်ရွက်ချက်များကို မျက်ခြေမပြတ်ဘဲ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း”ဝန်ကြီးချုပ်ကဆိုပါတယ်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ‌်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၂၀/၂၀၂၂)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်ပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

Crd

Unicode

စစ္ေရးအရွိန္ျမင့္လာသလိုစစ္ေကာင္စီဘက္မွ ယိမ္းယိုင္ၿပိဳလဲလာေနၿပီလို႔ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္မန္းဝင္းခိုင္သန္းေျပာၾကား

ဇူလိုင္၂၁ရက္

စစ္ေရးအရွိန္ျမင့္လာသလိုစစ္ေကာင္စီဘက္မွ ယိမ္းယိုင္ၿပိဳလဲလာေနၿပီလို႔ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္မန္းဝင္းခိုင္သန္းေျပာၾကားလိုက္ပါတယ္။

ဇူလိုင္၂၁ရက္ေန႔က်င္းပတဲ့ ၾကားကာလေဒသႏၲရ ျပည္သူ႔အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီအစည္းအေဝးအမွတ္စဥ္ (၂၁/၂၀၂၂)မွာ ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။

“တက္ေရာက္လာၾကေသာ အစိုးရအဖြဲ႕ဝင္မ်ား ေဘးကင္းရန္ကြာရွိၾကပါေစေၾကာင္း၊ စစ္ေရးအရွိန္ျမင့္လာသလိုစစ္ေကာင္စီဘက္မွ ယိမ္းယိုင္ၿပိဳလဲလာေနေသာေၾကာင့္ ေကာ္မတီအေနျဖင့္ လုပ္ငန္းစဥ္မ်ားအား ျဖစ္ေပၚေနေသာအေျခေနမ်ားကိုအသုံးခ်ကာ ႀကိဳးစားဖို႔လိုေၾကာင္း၊ တစ္ႏွစ္အတြင္းေဆာင္ရြက္ခဲ့ေသာ မူဝါဒမ်ား၊လုပ္ငန္စဥ္မ်ားႏွင့္စီမံေဆာင္ရြက္မႈမ်ားအေပၚ ထိုက္သင့္ေသာ အေတြ႕အၾကဳံမ်ားရရွိၿပီးျဖစ္လို႔ ဆက္လက္တိုးခ်ဲ႕ေဒသမ်ားအတြက္ စနစ္တက်စီစဥ္ထားရန္လိုေၾကာင္း၊လက္ရွိစိုးမိုးနယ္ေျမမ်ား၏ ေဆာင္ရြက္ခ်က္မ်ားကို မ်က္ေျခမျပတ္ဘဲ စနစ္တက်ေဆာင္ရြက္ရန္လိုေၾကာင္း”ဝန္ႀကီးခ်ဳပ္ကဆိုပါတယ္။

ဆက္လက္ၿပီး တက္ေရာက္လာၾကေသာ ၾကားကာလေဒသႏၲရျပည္သူ႔အုပ္ခ်ဳပ‌္ေရး ေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီအဖြဲ႕ဝင္မ်ားမွ(၂၀/၂၀၂၂)တြင္ခ်မွတ္ထားေသာ ဆုံးျဖတ္ခ်က္မ်ား၊ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္၍ ၿပီးစီးမႈအေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္ရြက္ရန္ က်န္ရွိေနသည့္ လုပ္ငန္းစဥ္မ်ားကို ခ်ျပရွင္းလင္းၿပီး ခရိုင္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားဖြဲ႕စည္းနိုင္ေရးႏွင့္ပတ္သက္ၿပီး တက္ေရာက္လာေသာ တာဝန္ရွိသူမ်ားမွ အက်ယ္တဝင့္ ေဆြးေႏြးခဲ့ၾကပါတယ္။

အစည္းအေဝးသို႔ ၾကားကာလေဒသႏၲရ ျပည္သူ႔အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ ဥကၠဌ၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းႏွင့္အတူ ဗဟိုေကာ္မတီ ဒုတိယဥကၠဌ(၁)၊ ျပည္ထဲေရးႏွင့္လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္အပါအဝင္ ဗဟိုေကာ္မတီအဖြဲ႕ဝင္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ဒုတိယျပည္ေထာင္စုဝန္ႀကီးမ်ား၊ အျမဲတမ္းအတြင္းဝန္မ်ား၊ ဌာနဆိုင္ရာမ်ားမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ပါတယ္။

Crd

Leave a Reply

Your email address will not be published.