ခညားတို့က သတင်းကြည့်တယ် သတင်းကြည့်တယ်ဆိုတော့ ဘောလုံးပွဲကြည့်သလိုမျိုး ကြည့်တတ်ကြတာကိုး

News

“””ခညားတို့က သတင်းကြည့်တယ် သတင်းကြည့်တယ်ဆိုတော့ ဘောလုံးပွဲကြည့်သလိုမျိုး ကြည့်တတ်ကြတာကိုး;;;

ရှေ့တန်းကဂိုးသွင်းတဲ့သူကိုသာ လက်ခုပ်သံတွေစွတ်ပေးနေကြတာ;; အဲဒီလို ဂိုးလေးတစ်ဂိုးသွင်းနိုင်ဘို့အတွက် နောက်တန်းကလူ ဘယ်တောင်ပံ ညာတောင်ပံနဲ့ အလယ်ကလူတွေ ဘယ်နှစ်ကြိမ်အထိကြိုးစားပြီးဖန်တီးနေကြတယ်ဆိုတာ မမြင်တတ်ကြဘူး;;;

လောလောဆယ် KNU နဲ့ စောနယ်ဒါးမြကိစ္စတွေ အွန်လိုင်းမှာ စွတ်ဟော့နေကြတယ်;; KNU နဲ့ KNLA ကို ဖေါင်းထုတဲ့အဖွဲ့က ထု;;; စောနယ်ဒါးမြကို ဖေါင်းထုတဲ့အဖွဲ့ကထု;;

ဆန္ဒမစောကြပါနဲ့ခညားးး;;

နွားကွဲရင် ကျားဆွဲတတ်ပါတယ်ဆိုတဲ့ (၈၈)က ဒေါက်တာမောင်မောင်လေသံလေးနဲ့ကတစ်မျိုး;;

ခင်ဗျားတို့ကြည့်ပြီး ကျုပ်ဖြင့် ငိုရမလို ရယ်ရမလိုနဲ့;;;

ကျုပ်ကတော့ ဘယ်သူ့ ဘယ်အဖွဲ့အစည်းကိုမှ အရမ်းကာရော ဝေဖန်တတ်တဲ့အကျင့်မရှိဘူး;;; အကြောင်းအရင်းဇစ်မြစ်ကို သေခြာလေ့လာလိုက်ရမှ;;;

သိတော့ သိနေတယ် ဒါပေမဲ့ပေါ့ဆိုတာလို;;

စစ်ရေးကိစ္စဆိုတာ လျှို့ဝှက်နိုင်မှတော်ကာကျ‌တာမဟုတ်လား;;;

ခင်ဗျားတို့နားလည်အောင်ပြောရရင် တလဲသီးလေးတွေပေါ့ဗျာ;; သူ့အကန့်နဲ့သူ ခွဲခြားမှု့ရှိုနေပေမဲ့လည်း မှည့်ပြီဆိုတဲ့အချိန်မှာ အားလုံးသောအစေ့အဆန်လေးတွေဟာ တညီတညွတ်ထဲ ရဲရဲတောက်နေကြတာဘဲမဟုတ်လား;;;

ကိုယ်ချင်းစာကြည့်ကြပေါ့ဗျာ;; KNU အနေနဲ့လည်း သူနယ်မြေမှာ စစ်ပွဲက ထောင်းလမောင်းကြေနေလှပြီ;;;

တော်လှန်ရေးကာလမှာက ချင်းပြည်နယ်ရယ် စစ်ကိုင်းတိုင်းရယ် မကွေးတိုင်းရယ် ကရင်နှင့် ကရင်နီပြည်နယ်ရယ် အဲဒီနယ်တွေက အထိအနာဆုံးတွေဖြစ်နေတယ်;; ကျန်ဒေသတွေ ပွဲဖြစ်တယ်ဆိုပေမဲ့ ဒီလောက်ထိ အထိမနာကြသေးဘူး;;;

ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ;; စစ်ရေးသတင်းဆိုတာ လျှို့ဝှက်နိုင်မှတော်ကာကျတာ‌ဆိုတော့;;

တလဲသီးလေး အကန့်တွေဘယ်လောက်ရှိနေပါစေ;; တစ်ညှာထဲရှိတဲ့ အသီးတစ်လုံးထဲမှာ မှည့်ဘို့အချိန်တန်လာရင်တော့ အစေ့အဆန်လေးတွေအားလုံး ရဲရဲနီနေကြမည်ဆိုတာ အားလုံးသဘောပေါက်စေခြင်ပါတယ်;;;

***ရေချမ်း***

Crd

Unicoode















***ရေချမ်း***

Crd

Leave a Reply

Your email address will not be published.