လာမယ့်ရက်ပိုင်းအတွင်း ၁ ဒေါ်လာကို ၄,၀၀၀ကျပ် လောက်အထိ ဒေါ်လာစျေး မြင့်တက်သွားနိုင်လား ?
ဒီနေ့ ဒေါ်လာစျေး တက်ချက်ကတော့ အတော်လေး ပြင်းခဲ့တယ်။




စျေးကွက်ထဲမှာ မနက်ပိုင်းက တစ်ဒေါ်လာကို ၂,၂၀၀ နဲ့ ဖွင့်နေရာကနေ နေ့လည်ပိုင်းမှာ ၂,၃၅၀ အထိ ဖြစ်ခဲ့ပြီး ညနေပိုင်းမှာတော့ ၂,၅၀၀ အထိ ထပ်မံ မြင့်တက်ခဲ့ပါတယ်။
ဒေါ်လာစျေး ငြိမ်တဲ့ နေရာဆိုလို့ ဗဟိုဘဏ်မှာပဲ ရှိပြီး တစ်ဒေါ်လာကို ၁၈၅၀ နဲ့ ကြိုက်သလောက် သွားရောင်းလို့ ရတယ်။ ပြန်ဝယ်လို့တော့ မရဘူးပေါ့။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စစ်တပ်က သူပုန်ထအပြီး ငါးလလောက် ကြာတဲ့အချိန်မှာ ဒေါ်လာစျေး အဆမတန် မြင့်တက်ခဲ့ပြီး ၂၈၀၀ ကနေ ၃၀၀၀ အထိ တက်ခဲ့ဖူးတယ်။
ထိုစဥ်ကတော့ essential နဲ့ non-essential ကဏ္ဍ နှစ်ခု ခွဲပြီး အရေးတကြီး မလိုအပ်တဲ့ ကား၊အလှကုန်၊ အသုံးအဆောင် စတဲ့ သွင်းကုန်တွေကို ပိတ်ပင်လိုက်တဲ့အပြင် လူလတ်တန်းစား နောက်ဆုံး မျိုးစိတ်တွေ လက်ထဲမှာ ဒေါ်လာ အနည်းငယ် ကျန်နေသေးတာကြောင့် ဒေါ်လာစျေးဟာ ၂,၁၀၀ ခန့်အထိ ပြန်လည် ကျဆင်းခဲ့တာပါ။




ခုချိန်မှာတော့ ဘာ non-essential ကဏ္ဍ မှလည်း မရှိတော့သလို လူလတ်တန်းစားဆိုတာလည်း မျိုးတုံးသွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အခု ဒေါ်လာစျေး တက်တာဟာ စစ်တပ်က နိုင်ငံတွင်းက ဒေါ်လာတွေကို အငမ်းမရ လိုက်သိမ်းနေလို့ ဖြစ်ပါတယ်။ သိမ်းတဲ့ နေရာမှာ နိုင်ငံခြား ကုမ္ပဏီတွေက ဒေါ်လာတွေကိုပါ သိမ်းတဲ့အထိ အငတ်ကြမ်းနေတယ်။ ဘာမှ မချန်တော့ဘူး။
စစ်တပ်က လက်ရှိ ဒေါ်လာသိမ်းနေတဲ့ နောက်တစ်နည်းကတော့ ဗဟိုဘဏ်ကနေ ရိုက်ထုတ်ချင်သလို ထုတ်နေတဲ့ မြန်မာငွေစက္ကူတွေနဲ့ အပြင်စျေးကွက်ထဲက ဒေါ်လာတွေကို မှောင်ခို လိုက်ဝယ်တဲ့အထိ လူစိတ် ကင်းမဲ့နေကြတယ်။




နိုင်ငံတစ်ခုရဲ့ ဗဟိုဘဏ်လို နေရာကနေ ငွေစက္ကူ ရိုက်ထုတ်ဖို့အတွက် ကျွမ်းကျင်တဲ့ ဘောဂဗေဒ ပညာရှင်တွေရဲ့ စီးပွားရေး ခန့်မှန်းသုံးသပ်ချက်တွေ၊ ရင်းနှီးမြှုတ်နှံမှု figure တွေ၊ စျေးကွက်အတွင်း consumption တွေကို အသေးစိတ် တွက်ထုတ်ပြီးမှ အကန့်အသတ်နဲ့ ရိုက်နှိပ်ရတာမျိုး မဟုတ်ဘူးလား ဆိုတော့.. မီး တောင် မမှန်ပဲ လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကား စီမံကိန်း အော်နေတဲ့ ကောင်တွေ အောက်မှာ ဘောဂဗေဒ ပညာရှင်တွေ ထောင်ထဲ ရောက်ကုန်ကြပြီ။
ဗဟိုဘဏ်မှာတော့ ဘောမဗေဒ ထူးချွန်သူတွေပဲ ကျန်တော့တယ်။




ဒီလို လူစိတ်ကင်းမဲ့တဲ့ အုပ်စုရဲ့ စိတ်ကြိုက် ဖျက်ဆီးနေတဲ့ အခြေအနေမျိုးမှာ ဒေါ်လာစျေးဟာ အထိန်းအကွပ် ဘာမှ မရှိတော့ဘူး။ကြိုက်ရောင်း ကြိုက်ဝယ် ပါးစပ်စျေး ဖြစ်သွားပြီ။ စျေးကွက်ထဲမှာလည်း သိပ်မရှိတော့ဘူး။
ဒီတော့ဒေါ်လာစျေးဟာ ၄,၀၀၀ အထိ ဖြစ်သွားမလား ဆိုတာထက် တကယ် လိုအပ်တဲ့ ပြည်သူတွေဟာ မကြာမီမှာ ၄,၀၀၀ လောက်အထိ စျေးကိုတောင် စစ်တပ်ဘက်က အီရန် စက္ကူတွေကို တရုပ်ဆေး အညံ့တွေနဲ့ ဗုံးဘောလအော ရိုက်ထားတဲ့ တစ်သောင်းတန်တွေကိုင်ထားတဲ့ ကောင်တွေနဲ့ လုတိုးပြီး ဝယ်ရမယ့် အခြေအနေမှာ ရှိနေတယ်။
စိုးနေ့သစ်
crd
Zawgyi
လာမယ့်ရက်ပိုင်းအတွင်း ၁ ဒေါ်လာကို ၄,၀၀၀ကျပ် လောက်အထိ ဒေါ်လာဈေး မြင့်တက်သွားနိုင်လား ?
ဒီနေ့ ဒေါ်လာဈေး တက်ချက်ကတော့ အတော်လေး ပြင်းခဲ့တယ်။




ဈေးကွက်ထဲမှာ မနက်ပိုင်းက တစ်ဒေါ်လာကို ၂,၂၀၀ နဲ့ ဖွင့်နေရာကနေ နေ့လည်ပိုင်းမှာ ၂,၃၅၀ အထိ ဖြစ်ခဲ့ပြီး ညနေပိုင်းမှာတော့ ၂,၅၀၀ အထိ ထပ်မံ မြင့်တက်ခဲ့ပါတယ်။
ဒေါ်လာဈေး ငြိမ်တဲ့ နေရာဆိုလို့ ဗဟိုဘဏ်မှာပဲ ရှိပြီး တစ်ဒေါ်လာကို ၁၈၅၀ နဲ့ ကြိုက်သလောက် သွားရောင်းလို့ ရတယ်။ ပြန်ဝယ်လို့တော့ မရဘူးပေါ့။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ စစ်တပ်က သူပုန်ထအပြီး ငါးလလောက် ကြာတဲ့အချိန်မှာ ဒေါ်လာဈေး အဆမတန် မြင့်တက်ခဲ့ပြီး ၂၈၀၀ ကနေ ၃၀၀၀ အထိ တက်ခဲ့ဖူးတယ်။




ထိုစဉ်ကတော့ essential နဲ့ non-essential ကဏ္ဍ နှစ်ခု ခွဲပြီး အရေးတကြီး မလိုအပ်တဲ့ ကား၊အလှကုန်၊ အသုံးအဆောင် စတဲ့ သွင်းကုန်တွေကို ပိတ်ပင်လိုက်တဲ့အပြင် လူလတ်တန်းစား နောက်ဆုံး မျိုးစိတ်တွေ လက်ထဲမှာ ဒေါ်လာ အနည်းငယ် ကျန်နေသေးတာကြောင့် ဒေါ်လာဈေးဟာ ၂,၁၀၀ ခန့်အထိ ပြန်လည် ကျဆင်းခဲ့တာပါ။
ခုချိန်မှာတော့ ဘာ non-essential ကဏ္ဍ မှလည်း မရှိတော့သလို လူလတ်တန်းစားဆိုတာလည်း မျိုးတုံးသွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အခု ဒေါ်လာဈေး တက်တာဟာ စစ်တပ်က နိုင်ငံတွင်းက ဒေါ်လာတွေကို အငမ်းမရ လိုက်သိမ်းနေလို့ ဖြစ်ပါတယ်။ သိမ်းတဲ့ နေရာမှာ နိုင်ငံခြား ကုမ္ပဏီတွေက ဒေါ်လာတွေကိုပါ သိမ်းတဲ့အထိ အငတ်ကြမ်းနေတယ်။ ဘာမှ မချန်တော့ဘူး။




စစ်တပ်က လက်ရှိ ဒေါ်လာသိမ်းနေတဲ့ နောက်တစ်နည်းကတော့ ဗဟိုဘဏ်ကနေ ရိုက်ထုတ်ချင်သလို ထုတ်နေတဲ့ မြန်မာငွေစက္ကူတွေနဲ့ အပြင်ဈေးကွက်ထဲက ဒေါ်လာတွေကို မှောင်ခို လိုက်ဝယ်တဲ့အထိ လူစိတ် ကင်းမဲ့နေကြတယ်။
နိုင်ငံတစ်ခုရဲ့ ဗဟိုဘဏ်လို နေရာကနေ ငွေစက္ကူ ရိုက်ထုတ်ဖို့အတွက် ကျွမ်းကျင်တဲ့ ဘောဂဗေဒ ပညာရှင်တွေရဲ့ စီးပွားရေး ခန့်မှန်းသုံးသပ်ချက်တွေ၊ ရင်းနှီးမြှုတ်နှံမှု figure တွေ၊ ဈေးကွက်အတွင်း consumption တွေကို အသေးစိတ် တွက်ထုတ်ပြီးမှ အကန့်အသတ်နဲ့ ရိုက်နှိပ်ရတာမျိုး မဟုတ်ဘူးလား ဆိုတော့.. မီး တောင် မမှန်ပဲ လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကား စီမံကိန်း အော်နေတဲ့ ကောင်တွေ အောက်မှာ ဘောဂဗေဒ ပညာရှင်တွေ ထောင်ထဲ ရောက်ကုန်ကြပြီ။




ဗဟိုဘဏ်မှာတော့ ဘောမဗေဒ ထူးချွန်သူတွေပဲ ကျန်တော့တယ်။
ဒီလို လူစိတ်ကင်းမဲ့တဲ့ အုပ်စုရဲ့ စိတ်ကြိုက် ဖျက်ဆီးနေတဲ့ အခြေအနေမျိုးမှာ ဒေါ်လာဈေးဟာ အထိန်းအကွပ် ဘာမှ မရှိတော့ဘူး။ကြိုက်ရောင်း ကြိုက်ဝယ် ပါးစပ်ဈေး ဖြစ်သွားပြီ။ ဈေးကွက်ထဲမှာလည်း သိပ်မရှိတော့ဘူး။
ဒီတော့ဒေါ်လာဈေးဟာ ၄,၀၀၀ အထိ ဖြစ်သွားမလား ဆိုတာထက် တကယ် လိုအပ်တဲ့ ပြည်သူတွေဟာ မကြာမီမှာ ၄,၀၀၀ လောက်အထိ ဈေးကိုတောင် စစ်တပ်ဘက်က အီရန် စက္ကူတွေကို တရုပ်ဆေး အညံ့တွေနဲ့ ဗုံးဘောလအော ရိုက်ထားတဲ့ တစ်သောင်းတန်တွေကိုင်ထားတဲ့ ကောင်တွေနဲ့ လုတိုးပြီး ဝယ်ရမယ့် အခြေအနေမှာ ရှိနေတယ်။




စိုးနေ့သစ်
crd