စစ်ကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ရန်ဖြစ်၍ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ(ရုပ်သံ)

News

ကလောစစ်ကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ရန်ဖြစ်၍ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ

မဲခေါင်၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့၌ ကျင်းပနေသည့် မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဖလား ဘောလုံး ပြိုင်ပွဲတွင် ၂ ဖက် အသင်း ရန်ဖြစ်၍ ထိုးကြိတ်မှုများ ဖြစ်ပွားသဖြင့် လုံခြုံရေး ယူထားသည့် ရဲတပ်ဖွဲ့က သေနတ် ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ဦးစီး တက္ကသိုလ်နှင့် တပ်မ (၅၅) အခြေစိုက်ရာ ကလောမြို့ နာရီစင် အနီးရှိ ဘောလုံးကွင်းတွင် ယမန်နေ့ ညနေပိုင်းက ပြုလုပ်သည့် အောင်ပန်း အသင်းနှင့် ရေယားကျေးရွာ အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ရန်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဘောလုံးပွဲ သွားရောက် ကြည့်ရှူခဲ့သည့် ကလောမြို့ခံ တစ်ဦးက ပြောသည်။

“ရေယားအသင်းက ရန်စပြီးတော့ လူအုပ်နဲ့ စထိုးကြိတ်ကြတာပေါ့။ အောင်ပန်း အသင်းဘက်က လူအချို့ အတော်နာသွားတယ်။ အခု ကျန်တဲ့ ပွဲစဉ်တွေကို အကန့်အသတ်မရှိ ရပ်လိုက်ပြီလို့ ကြားတယ်” ဟု ၎င်းက မဲခေါင် သတင်းဌာနကို ပြောသည်။

ယင်းဘောလုံးပွဲတွင် ကလောမြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာအလိုက် အသင်းပေါင်း ၄၀ ကျော် ပါဝင်ယှဉ်ပြိုင် နေခြင်း ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာ အများစုမှာ ပါဝင်ယှဉ်ပြိုင်လိုခြင်း မရှိသော်လည်း စစ်ကောင်စီက ဖိအားပေးသဖြင့် မဖြစ်မနေ ပါဝင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
Video – Cherry Victory

Crd

Unicode
ကေလာစစ္ေကာင္စီ ဥကၠ႒ဖလား ေဘာလုံးၿပိဳင္ပြဲတြင္ ရန္ျဖစ္၍ ေသနတ္ပစ္ေဖာက္ လူစုခြဲခဲ့ရ

မဲေခါင္၊ ဇူလိုင္ ၂၁

ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကေလာၿမိဳ႕၌ က်င္းပေနသည့္ ၿမိဳ႕နယ္ စစ္ေကာင္စီ ဥကၠ႒ ဖလား ေဘာလုံး ၿပိဳင္ပြဲတြင္ ၂ ဖက္ အသင္း ရန္ျဖစ္၍ ထိုးႀကိတ္မႈမ်ား ျဖစ္ပြားသျဖင့္ လုံျခဳံေရး ယူထားသည့္ ရဲတပ္ဖြဲ႕က ေသနတ္ ပစ္ေဖာက္ လူစုခြဲခဲ့ရေၾကာင္း သိရသည္။

စစ္ေကာင္စီ၏ စစ္ဦးစီး တကၠသိုလ္ႏွင့္ တပ္မ (၅၅) အေျခစိုက္ရာ ကေလာၿမိဳ႕ နာရီစင္ အနီးရွိ ေဘာလုံးကြင္းတြင္ ယမန္ေန႔ ညေနပိုင္းက ျပဳလုပ္သည့္ ေအာင္ပန္း အသင္းႏွင့္ ေရယားေက်းရြာ အသင္းတို႔ ယွဥ္ၿပိဳင္သည့္ ပြဲစဥ္တြင္ ရန္ပြဲ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း ယင္းေဘာလုံးပြဲ သြားေရာက္ ၾကည့္ရႉခဲ့သည့္ ကေလာၿမိဳ႕ခံ တစ္ဦးက ေျပာသည္။

“ေရယားအသင္းက ရန္စၿပီးေတာ့ လူအုပ္နဲ႔ စထိုးႀကိတ္ၾကတာေပါ့။ ေအာင္ပန္း အသင္းဘက္က လူအခ်ိဳ႕ အေတာ္နာသြားတယ္။ အခု က်န္တဲ့ ပြဲစဥ္ေတြကို အကန႔္အသတ္မရွိ ရပ္လိုက္ၿပီလို႔ ၾကားတယ္” ဟု ၎က မဲေခါင္ သတင္းဌာနကို ေျပာသည္။

ယင္းေဘာလုံးပြဲတြင္ ကေလာၿမိဳ႕နယ္ အတြင္းရွိ ရပ္ကြက္ ေက်းရြာအလိုက္ အသင္းေပါင္း ၄၀ ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ ေနျခင္း ျဖစ္ၿပီး ရပ္ကြက္ႏွင့္ ေက်းရြာ အမ်ားစုမွာ ပါဝင္ယွဥ္ၿပိဳင္လိုျခင္း မရွိေသာ္လည္း စစ္ေကာင္စီက ဖိအားေပးသျဖင့္ မျဖစ္မေန ပါဝင္ေနရျခင္း ျဖစ္ေၾကာင္း သိရသည္။

Video – Cherry Victory

Crd

Leave a Reply

Your email address will not be published.