မြန်မာပြည်နဲ့ အရမ်းဝေးတဲ့တစ်နေရာမှာ အဆင်ပြေအောင် နေထိုင်နေရကြောင်း ရင်ဖွင့်လိုက်တဲ့ မိတ်ကပ် မေဦး
စာဖတ်ပရိသတ်ကြီးရေ နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ် မေဦး ကိုတော့ အားလုံးပဲ သိကြလိမ့်မယ် ထင်ပါတယ်။




အရမ်းတော်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မေဦး ဟာ အနုပညာရှင်တွေအားလုံးရဲ့ လက်စွဲဖြစ်ပြီး ပရိသတ်တွေအားလုံးကချစ်ခင်ရသူတစ်ဦးဖြစ်ပါတယ်။
မေဦး ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး ချစ်ရတဲ့သူနဲ့အတူ လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။




မိတ်ကပ် မေဦး ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ လအတော်ကြာနေထိုင်ခဲ့ပြီးနောက် နိုင်ငံရပ်ခြားကို ဆက်လက်တိမ်းရှောင်ခဲ့ပါတယ်။
မြန်မာပြည်နဲ့ ဝေးရာမှာနေထိုင်နေရတဲ့ မေဦး ဟာ နေထိုင်ခဲ့တဲ့ နိုင်ငံကိုအရမ်းလွမ်းတဲ့အကြောင်းကို ” မြန်မာပြည်နဲ့အရမ်းဝေးတဲ့နေရာမှာ အချိန်တိုင်း နေ့ရက်တိုင်း အဆင်ပြေနေအောင်ဇွတ်ဟန်ဆောင်ပြီးနေခဲ့တယ်




ငါဘယ်သူလဲ ငါဘယ်ကလဲဆိုတာ မတွေးမိအောင်မလွမ်းမိအောင် အံကြိတ်ပြီးတော့ကိုနေတယ် ကြိုးစားတယ် ဒါပေမယ့်အချိန်တန်တော့ သူတို့က ၉ မိနစ်စာ video လေးနဲ့ သတိပေးတယ်နင် နိုင်ငံပျောက်သူတဲ့ “ဆိုပြီး သူ့ရဲ့လူမူကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
နိုင်ငံပျောက်သူ ဇာတ်လမ်းတိုလေးကို ကြည့်ရှု့ပြီးတော့ အိမ်နဲ့ဝေးရာမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေအားလုံး မေဦးလိုပဲ အိမ်ကိုလွမ်းနေလောက်မယ် ထင်ပါတယ်။
Crd
Unicode












Crd