ရှမ်းပြည်နယ် ကွတ်ခိုင်မြို့မှာ ဖြစ်သွားတဲ့ ကောင်းကင်ပေါ်က မီးတောက်သက်တံ ( ခေါ် ) Fire Rainbow

News

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့မှာ ဖြစ်သွားတဲ့ ကောင်းကင်ပေါ်က မီးတောက်သက်တံ(ခေါ်)Fire Rainbow

မီးတောက်သက်တံ (Fire Rainbow)

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ နဲ့ ကွတ်ခိုင်မြို့တို့မှာ ဇူလိုင်လ (၁၅) ရက်နေ့လောက်က မြင်တွေ့ခဲ့ရတဲ့ မီးတောက်သက်တံ ဖြစ်ပါတယ်။

မီးတောက် သက်တံ လို့ဆိုပေမဲ့.. မီးတောက်လည်းမဟုတ်သလို သက်တံလည်း မဟုတ်ပါ။

သို့သော် သက်တံ ဖြစ်စဉ်နှင့်တော့ သဘောတရားချင်းတူညီပါတယ်။

နေမှလာသော အလင်းရောင်ကို ကျနော်တို့ အဖြူရောင်အလင်းဖြင့်သာ မြင်တွေ့ကြရပြီး… အဲ့ဒီ့အဖြူရောင် အလင်းထဲမှာ သက်တံရောင်စဉ် (၇) မျိုး ပါရှိပါတယ်။

အဲ့ဒီ့ ရောင်စဉ်ကို ကျနော်တို့ သတ္တမတန်း သိပ္ပံ သင်ခန်းစာမှာ သုံးမြှောင့်ဖန်တုံး (Prism) ကို နေ အလင်း

(သို့မဟုတ်) အဖြူရောင်အလင်းကို ဖြတ်သန်းစေပြီး စမ်းသပ်ခဲ့ကြပါတယ်။

တနည်းအားဖြင့်ဆိုရလျှင်.. အဖြူရောင် (နေရောင်) အလင်းကို သုံးမြှောင့်ဖန်တုံးကို ဖြတ်သန်းစေတဲ့အခါ သက်တံရောင်စဉ် (၇) မျိုးကို ရရှိပါတယ်။

ကောင်းကင် (တိမ်တိုက်) ထဲမှာ ရေခဲ ရေမှုန်များဟာ ဖန်တုံး ဖန်ပြားတစ်ခုလို တည်ရှိနေတဲ့အခါမှာလည်း

အခုလို ရောင်စဉ် (၇)မျိုးကို ကျနော်တို့မြင်တွေ့ရနိုင်ပါတယ်။

အများဆုံးမြင်တွေ့ရတဲ့ ပုံစံကတော့.. မိုးရွာပြီးစအချိန်မှာ မြင်တွေ့ရတဲ့ သက်တံပါပဲ။ အခုဖြစ်ပေါ်နေတဲ့ ပုံစံကတော့ မီးတောက်သက်တံ လို့ခေါ်ပြီး..

ရှားပါးတဲ့ သဘာဝဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ပေါ်ဖို့အတွက် မိုးတိမ်တောင်ရာသီဥတုမျိုးနဲ့ နေရောင်ခြည်ဟာလည်း

မိုးကုတ်စက်ဝိုင်းအထက် အနည်းဆုံး ၅၈ ဒီဂရီခန့် မြင့်တက်နေရပါမယ်။

(ပုံထဲမှာတော့ မီးတောက်သက်တံရဲ့ အနောက်မှာ မြင့်တက်နေတဲ့ နေလုံးကြီးကို တွေ့နိုင်ပါတယ်။)

အဆိုပါနေရောင်ခြည်ဟာ လေထုထဲမှ ချပ်ပြားပုံ ရေခဲမှုန်တွေကို ဖြတ်သန်းတဲ့အခါ ကြည့်ရှုသူဘက်မှ

သက်တံရောင်စဉ်တစ်ခုကို မီးတောက်ပုံစံ မြင်တွေ့ရခြင်းဖြစ်ပါတယ်။

(ပုံ)မီးတောက်သက်တံ (Fire Rainbow) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Crd

zawgyi,

ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕မွာ ျဖစ္သြားတဲ့ ေကာင္းကင္ေပၚက မီးေတာက္သက္တံ(ေခၚ)Fire Rainbow

မီးေတာက္သက္တံ (Fire Rainbow)

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီ နဲ႔ ကြတ္ခိုင္ၿမိဳ႕တို႔မွာ ဇူလိုင္လ (၁၅) ရက္ေန႔ေလာက္က ျမင္ေတြ႕ခဲ့ရတဲ့ မီးေတာက္သက္တံ ျဖစ္ပါတယ္။

မီးေတာက္ သက္တံ လို႔ဆိုေပမဲ့.. မီးေတာက္လည္းမဟုတ္သလို သက္တံလည္း မဟုတ္ပါ။

သို႔ေသာ္ သက္တံ ျဖစ္စဥ္ႏွင့္ေတာ့ သေဘာတရားခ်င္းတူညီပါတယ္။

ေနမွလာေသာ အလင္းေရာင္ကို က်ေနာ္တို႔ အျဖဴေရာင္အလင္းျဖင့္သာ ျမင္ေတြ႕ၾကရၿပီး… အဲ့ဒီ့အျဖဴေရာင္ အလင္းထဲမွာ သက္တံေရာင္စဥ္ (၇) မ်ိဳး ပါရွိပါတယ္။

အဲ့ဒီ့ ေရာင္စဥ္ကို က်ေနာ္တို႔ သတၱမတန္း သိပၸံ သင္ခန္းစာမွာ သုံးေျမႇာင့္ဖန္တုံး (Prism) ကို ေန အလင္း

(သို႔မဟုတ္) အျဖဴေရာင္အလင္းကို ျဖတ္သန္းေစၿပီး စမ္းသပ္ခဲ့ၾကပါတယ္။

တနည္းအားျဖင့္ဆိုရလွ်င္.. အျဖဴေရာင္ (ေနေရာင္) အလင္းကို သုံးေျမႇာင့္ဖန္တုံးကို ျဖတ္သန္းေစတဲ့အခါ သက္တံေရာင္စဥ္ (၇) မ်ိဳးကို ရရွိပါတယ္။

ေကာင္းကင္ (တိမ္တိုက္) ထဲမွာ ေရခဲ ေရမႈန္မ်ားဟာ ဖန္တုံး ဖန္ျပားတစ္ခုလို တည္ရွိေနတဲ့အခါမွာလည္း

အခုလို ေရာင္စဥ္ (၇)မ်ိဳးကို က်ေနာ္တို႔ျမင္ေတြ႕ရႏိုင္ပါတယ္။

အမ်ားဆုံးျမင္ေတြ႕ရတဲ့ ပုံစံကေတာ့.. မိုး႐ြာၿပီးစအခ်ိန္မွာ ျမင္ေတြ႕ရတဲ့ သက္တံပါပဲ။ အခုျဖစ္ေပၚေနတဲ့ ပုံစံကေတာ့ မီးေတာက္သက္တံ လို႔ေခၚၿပီး..

ရွားပါးတဲ့ သဘာဝျဖစ္စဥ္လို႔ ဆိုႏိုင္ပါတယ္။ ဒီလို ျဖစ္ေပၚဖို႔အတြက္ မိုးတိမ္ေတာင္ရာသီဥတုမ်ိဳးနဲ႔ ေနေရာင္ျခည္ဟာလည္း

မိုးကုတ္စက္ဝိုင္းအထက္ အနည္းဆုံး ၅၈ ဒီဂရီခန႔္ ျမင့္တက္ေနရပါမယ္။

(ပုံထဲမွာေတာ့ မီးေတာက္သက္တံရဲ႕ အေနာက္မွာ ျမင့္တက္ေနတဲ့ ေနလုံးႀကီးကို ေတြ႕ႏိုင္ပါတယ္။)

အဆိုပါေနေရာင္ျခည္ဟာ ေလထုထဲမွ ခ်ပ္ျပားပုံ ေရခဲမႈန္ေတြကို ျဖတ္သန္းတဲ့အခါ ၾကည့္ရႈသူဘက္မွ

သက္တံေရာင္စဥ္တစ္ခုကို မီးေတာက္ပုံစံ ျမင္ေတြ႕ရျခင္းျဖစ္ပါတယ္။

(ပုံ)မီးေတာက္သက္တံ (Fire Rainbow) လို႔ သတ္မွတ္ေခၚဆိုၾကပါတယ္။

အနာဂတ္ပညာေရးအတြက္..

သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Crd

Leave a Reply

Your email address will not be published.