မြန်မာပြည်က ဒုက္ခသည်တွေအတွက် ကူညီပေးနေသူ မြန်မာအမျိုးသမီးတစ်ဦး အမေရိကန် ကော်လိုရာဒိုတွင် ပစ်သ.တ်ခံရ

News

မြန်မာပြည်က ဒုက္ခသည်တွေအတွက် ကူညီပေးနေသူ မြန်မာအမျိုးသမီးတစ်ဦး အမေရိကန် ကော်လိုရာဒိုတွင် ပစ်သ.တ်ခံရ

Hidden Brook တွင် နေထိုင်သူများက မခိုင်သည် သစ္စာရှိသော မိခင်နှင့် ဇနီးတစ်ဦးဖြစ်ပြီး သူမသည် အငယ်စားစီးပွားရေးလုပ်ငန်းတစ်ခုကို လည်ပတ်နေသည့်အပြင် ဥယျာဉ်မှူးတစ်ဦးလည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့တွင် နေထိုင်သော အသက် ၄၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးကြီးတစ်ဦး ပစ်သတ်ခံရကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့သည်။

ယခုဇူလိုင်လ သောကြာနေ့ ညပိုင်း ၁၁ နာရီ ၃၉ မိနစ်အချိန်ခန့်က ဇီနီယာလမ်း ဘလောက်အမှတ် ၁၃၀၀ 1300 Block တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူ၏ နာမည်မှာ မခိုင်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် ဆုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး သူမအပါအဝင် လူလေးဦး သောကြာနေ့ည ပစ်ခက်မှုတွင် ပါဝင်ခဲ့သည်။

မခိုင်သည် လွန်ခဲ့သည့် ၁၅ နှစ်ကျော်ကြာကပင် ဒန်ဗာမြို့ Hidden Brook တိုက်ခန်းတွင် ခင်ပွန်းနှင့် ကလေး ၄ ယောက်နှင့်အတူ နေထိုင်ခဲ့ကြောင်း ဒန်ဗာမြို့တွင် လက်လှမ်းမှီနိုင်သေ

ာအိမ်ရာများကို လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသော လူမှုအဖွဲ့အစည်းဖြစ်သည့် Hope Communities ထံမှ သိရှိရသည်။

Hidden Brook တွင် နေထိုင်သူများက မခိုင်သည် သစ္စာရှိသော မိခင်နှင့် ဇနီးတစ်ဦးဖြစ်ပြီး သူမသည် အငယ်စားစီးပွားရေး လုပ်ငန်းတစ်ခုကို လည်ပတ်နေသည့်အပြင် ဥယျာဉ်မှူးတစ်ဦးလည်း ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။

ထို့အပြင် လူမှုအသင်းအဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကာ The East Colfax Neighborhood Association ၏ ဘုတ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

မခိုင်သည် ရပ်ရွာအဖွဲ့အစည်းအတွက် မပျင်းမရိ ဦးဆောင်သူတစ်ဦးဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။

သူမဟာ သူမရဲ့ ခင်ပွန်းသည်နှင့်အတူ မိခင်မြန်မာပြည်ကနေလာတဲ့ ဒုက္ခသည်တွေအတွက် ကူညီလုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မိခင်မြန်မာပြည်ကနေလာတဲ့ ဒုက္ခသည်တွေ အမေရိကန်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကြိုးစားနေပါတယ် ဟု Hope Communities ၏ အဆိုအရ သိရှိရပါသည်။

GoFundMe စာမျက်နှာတွင် မခိုင်သည် သူမနေအိမ်၏ လမ်းပေါ်တွင် သေနတ်ဖြင့် ကြုံသလို ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ရသည်ဟု သိရှိရသည်။

သူမကလေးတွေနဲ့ ကုန်စုံပစ္စည်းတွေကို ချနေချိန် အသိမဲ့စွာ အပစ်ခံခဲ့ရတာပါ ဟု GoFundMe က ဖော်ပြသည်။

ယခုပစ်ခတ်မှုအပြီး The East Colfax အဖွဲ့အစည်းမှာ နောက်ထပ်အကြမ်းဖက်မှုတစ်ခု ဟု GoFundMe က ဖော်ပြခဲ့ပါသည်။

ဒီလို ဆိုးရွားတဲ့အဖြစ်ဆိုးကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုကို ဖျောက်ဖျက်လို့ မရပါဘူး မိသားစုအတွက် ချက်ချင်းနေထိုင်စရိတ်နဲ့

အမှတ်တရအဖြစ် စိတ်ဆင်းရဲမှုအချို့ကို သက်သာစေဖို့အတွက် ရန်ပုံငွေရှာဖွေပေးပြီး ကူညီပေးနိုင်ပါတယ် Sharon Kingt က ဖွဲ့စည်းထားသော GoFundMe က ဆိုသည်။

ထို့အပြင် တတ်နိုင်သလောက် ကူညီကြဖို့ကိုလည်း တိုက်တွန်းထားသည်။

GoFundMe အနေဖြင့် ဈာပနနှင့် အမှတ်တရ ကုန်ကျစရိတ်များအတွက် အမေရိကန်ဒေါ်လာ နှစ်သောင်းရရှိရန် ရည်မှန်းချက်ထားပြီး

အင်္ဂါနေ့ ညနေပိုင်းတွင် အမေရိကန်ဒေါ်လာ သုံးထောင့်ခုနှစ်ရာကျော် ရရှိထားပြီးဖြစ်သည်။

Credit

Leave a Reply

Your email address will not be published.