ကောင်းကင်မှ ထွက်လာသည့်အသံကို ဗုံး ပေါက်သည်အထင်ဖြင့် စစ်ကောင်စီတပ်များ လာရောက်စစ်ဆေး

News

ေကာင္းကင္မွ ထြက္လာသည့္အသံကို ဗုံး ေပါက္သည္အထင္ျဖင့္ စစ္ေကာင္စီတပ္မ်ား လာေရာက္စစ္ေဆး

မင္းထက္

ဧရာဝတီတိုင္း ၊က်ဳံေပ်ာ္ၿမိဳ႕တြင္ ေကာင္းကင္မွ ထြက္ေပၚလာသည့္ အသံ တစ္သံကို ဗုံးေပါက္သည္ဟု ထင္မွတ္ကာ စစ္ေကာင္စီတပ္သားမ်ား လာေရာက္စစ္ေဆးခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

က်ဳံေပ်ာ္ၿမိဳ႕ ဆိတ္ႀကီးေက်း႐ြာ ၊ ေတာႀကီးေက်း႐ြာ ၊ အေထာင္ ၊ေသာင္ႀကီး ေဒသမ်ားတြင္ ဇူလိုင္လ ၁၈ ရက္ေန႔ မနက္ ၁၀ နာရီဝန္းက်င္ခန္႔အခ်ိန္က ၎အသံကို ၾကားခဲ့ရျခင္းျဖစ္ေၾကာင္း PDF တပ္ဖြဲ႕ဝင္တစ္ဦးက မဇၩိမကို ေျပာသည္။

“ျဖစ္စဥ္က အဲ့ဒီအသံက ေနရာအစုံကၾကားရတာဗ် ၊ ဟသၤာတဘက္နဲ႔ ငသိုင္းေခ်ာင္းဘက္က လူတခ်ိဳ႕ေတာင္ အဲ့ဒီအသံကို ၾကားရတယ္လို႔ေျပာတယ္။ ဗုံးေပါက္တာေတာ့ မဟုတ္ဘူးဗ်၊ေကာင္းကင္မွာ ပ်ံေနတဲ့ ေလယာဥ္ကေန ထြက္လာတဲ့အသံလို႔ ယူဆရတယ္။ ဟိုတစ္ခါကလည္း အဲ့လို ျဖစ္စဥ္မ်ိဳး ရွိခဲ့ဖူးတယ္”ဟု ၎ကဆိုသည္။

အဆိုပါ အသံကိုၾကားရၿပီးေနာက္ စစ္ေကာင္စီတပ္မ်ားက က်ဳံေပ်ာ္ၿမိဳ႕နယ္ ၊ဆိတ္ႀကီးေက်း႐ြာသို႔ စစ္ကားတစ္စီးျဖင့္ ေရာက္ရွိလာၾကၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည္ဟု ေဒသခံမ်ား၏ေျပာျပခ်က္အရ သိရသည္။

က်ဳံေပ်ာ္ၿမိဳ႕နယ္ ေတာ္လွန္ေရးအင္အားစုမ်ားအေနျဖင့္ အဆို ပါ အသံႏွင့္ ပတ္သက္၍ ၎တို႔၏လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ထုတ္ျပန္ထားျခင္း တစ္စုံတစ္ရာ မေတြ႕ရေၾကာင္း PDF တပ္ဖြဲ႕ဝင္၏ ေျပာၾကားခ်က္အရသိရသည္။

mizzima

ကောင်းကင်မှ ထွက်လာသည့်အသံကို ဗုံး ပေါက်သည်အထင်ဖြင့် စစ်ကောင်စီတပ်များ လာရောက်စစ်ဆေး

မင်းထက်

ဧရာဝတီတိုင်း ၊ကျုံပျော်မြို့တွင် ကောင်းကင်မှ ထွက်ပေါ်လာသည့် အသံ တစ်သံကို ဗုံးပေါက်သည်ဟု ထင်မှတ်ကာ စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကျုံပျော်မြို့ ဆိတ်ကြီးကျေးရွာ ၊ တောကြီးကျေးရွာ ၊ အထောင် ၊သောင်ကြီး ဒေသများတွင် ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်အချိန်က ၎င်းအသံကို ကြားခဲ့ရခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဖြစ်စဉ်က အဲ့ဒီအသံက နေရာအစုံကကြားရတာဗျ ၊ ဟင်္သာတဘက်နဲ့ ငသိုင်းချောင်းဘက်က လူတချို့တောင် အဲ့ဒီအသံကို ကြားရတယ်လို့ပြောတယ်။ ဗုံးပေါက်တာတော့ မဟုတ်ဘူးဗျ၊ကောင်းကင်မှာ ပျံနေတဲ့ လေယာဉ်ကနေ ထွက်လာတဲ့အသံလို့ ယူဆရတယ်။ ဟိုတစ်ခါကလည်း အဲ့လို ဖြစ်စဉ်မျိုး ရှိခဲ့ဖူးတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ အသံကိုကြားရပြီးနောက် စစ်ကောင်စီတပ်များက ကျုံပျော်မြို့နယ် ၊ဆိတ်ကြီးကျေးရွာသို့ စစ်ကားတစ်စီးဖြင့် ရောက်ရှိလာကြပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ကျုံပျော်မြို့နယ် တော်လှန်ရေးအင်အားစုများအနေဖြင့် အဆို ပါ အသံနှင့် ပတ်သက်၍ ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာ မတွေ့ရကြောင်း PDF တပ်ဖွဲ့ဝင်၏ ပြောကြားချက်အရသိရသည်။

mizzima

Leave a Reply

Your email address will not be published.