အမှန်တရားကို လက်ကိုင်ထားတဲ့ ပြည်သူအချစ်တော် အဆိုတော်ကြီး R ဇာနည်

News

အမှန်တရားကို လက်ကိုင်ထားတဲ့ ပြည်သူအချစ်တော် အဆိုတော်ကြီး R ဇာနည်

အာဇာနည်ရဲ့ ကိုယ့်အနားရှိစေချင်၊ သနပ်ခါးချစ်သူ နောက်ဆုံးရင်ခွင်၊ ကြွေပါစေ ၊ဘယ်သူ့မှမကောင်းဘူး၊ ရှင်းပြခွင့်ပေးပါ ၊ရွှေလည်တိုင် ၊ဟန်နေ၊ ယဥ်ယဥ်လေးရူး ၊မျှော်လင့်နေမယ် စတဲ့ သီချင်းတွေဟာ လူလတ်ပိုင်းမှတစ်ဆင့် လူငယ်ပိုင်းပရိတ်သတ်တွေပါမကျန်စီးဝင်ပျံနှံ့နေပြီး အချိန်မရွေးအားပေးမှုကောင်းကောင်းရရှိနေဆဲ ဖြစ်တဲ့ သီချင်းကောင်းတွေဖြစ်ပါတယ် ကျွန်မတို့ thinyupar biography channel ဟာ မြန်မာ့အနုပညာလောကရဲ့ ထင်ရှားကျော်ကြားသော အနုပညာရှင်များရဲ့ စဉ်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။

အာဇာနည်ကို ၁၉၇၈-ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့တွင်ရန်ကုန်၌မွေးဖွားပါတယ်။မိဘတွေက အစိုးရဝန်ထမ်းတွေဖြစ်ပြီး ဥ◌ီးလေး အဒေါ်တွေနဲ့ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ် အမည်ရင်းမှာ မောင်ဇာနည်မျိုးညွန့် ဖြစ်ပါတယ် ။ ပညာအရည်အချင်းမှာ ဆယ်တန်းဖြစ်ပါတယ် ၈တန်း ၉တန်း အရွယ် ကတည်းက ရပ်ကွက်ထဲက ပွဲကလေးတွေမှာ အပျော်လိုက်ဆို နေခဲ့ ပြီး အပျော်ကနေ အတည်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ် ငယ်ငယ်ကလေးထဲက အနုပညာကို ဝါသနာပါလာခဲ့ပြီး သိတတ်စအရွယ်ကတည်းက သီချင်းတွေနားထောင်တတ်လာပြီလို့ အာဇာနည်က ဆိုပါတယ်

မြန်မာ့အသံက ကြီးမှူးကျင်းပသည့် ဆိုကြမယ် ပျော်ကြမယ် ဆိုတဲ့ အဆိုတော်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ထို ပြိုင်ပွဲ၌ နှစ်သိမ့်ဆု ရရှိခဲ့ပေမယ့်လည်းပရိတ်သတ်တွေက အဆိုတော်အာဇာနည်ကို စတင် သတိထားမိခဲ့ပါတယ် အာဇာနည်သည် လေဆိပ်တွင် အလုပ်လုပ်ခဲ့ဖူးပြီး နောက်ဦးလေးများက သဘ်ောသားများဖြစ်တဲ့အတွက် သင်္ဘောလိုက်ရန် လုပ်ရင်းနှင့် မလုပ်ဖြစ်ပဲ ဝါသနာပါရာ အဆိုတော်ကို လုပ်ဖြစ်သွားတယ်လို့ ဆိုပါတယ်

လက်ဦးဆရာမှာ ဂီတမှူး ကိုသန်းဌေး(တာမွေ) ဖြစ်သည်။မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ACID အဖွဲ့တွင် အာဇာနည်သည် FEATURING ဝင်ဆိုခဲ့ပြီး Rဇာနည်၊ အနဂ္ဂ၊ ဟိန်းဇော်၊ ရန်⁠ရန်ချမ်း၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။ နောက်ပိုင်းတွင် R ဇာနည်သည် ACID အဖွဲ့မှ ခွဲထွက်ကာ တစ်ကိုယ်တော် အဆိုတော်အဖြစ်ရပ်တည်ခဲ့၏။

ငါ့ကိုချစ်တဲ့သူ တစ်ကိုယ်တော်အခွေကိုထွက်ရှိခဲ့ပြီး ထိုABLUM သည် အောင်မြင်မှုရရှိခဲ့တဲ့ ABLUM ဖြစ်ပါတယ် မိုးလင်းသွားတဲ့ညများ ရပ်တန့်မရဘူး အလိုအပ်ဆုံး မင်းအတွက် ယဥ်ယဥ်လေးရူး စတဲ့ သီချင်းတွေဟာ နာမည်ကြီးခဲ့ပြီး ယဥ်ယဥ်လေးရူးသီချင်း မှာ ပရိတ်သတ်ပါးစပ်ဖျားထဲတွင် ရေပန်းစားကာနာမည်ကြီးခဲ့ပါတယ် အာဇာနည်ဟာ သူရဲ့ အသံပါဝါ အားကောင်းမှုတို့ ကြောင့် ပရိတ်သတ်က တစတစ သဘောကျ နှစ်ခြိုက်လာခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်

အများစုမှာ ယောက်ကျားလေး ပရိတ်သတ်များဖြစ်ပြီး အာဇာနည်ဆိုရင် အသည်းစွဲ နှစ်ခြိုက်ကြတာ အားလုံးအသိပါပဲ အခက်အခဲမျိုးစုံကြားထဲကနေ ABIUM ထွက်ရှိခဲ့ပြီး ထို ABLUM တွင် ငါ့ကိုချစ်တဲ့သူ ဆိုတဲ့ တေးသီချင်းအပါအဝင်သီချင်းစုစုပေါင်း ၁၂ ပုဒ်ပါဝင်ခဲ့ပါတယ် အခက်အခဲမျိူးစုံကြားထဲကနေ ဝါသနာပါရာ MUSIC ကို လုပ်မယ်ဆိုတဲ့စိတ်ကို သွင်းခဲ့ပြီး ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုနောက် စည်းတစ်ဖက်ခြား တေးစီးရီးကို ထပ်မံထုတ်လုပ်ခဲ့ပြီး မင်းကို အသင့်သူ စည်းတစ်ဖက်ခြား ချစ်သူလမ်း ရောမကျဆုံးခန်း ဝေးနေတဲ့သီချင်း စတဲ့ သီချင်းတွေက နာမည်ကြီးခဲ့ပါတယ်။ထို့နောက်တွင် အဆိပ်တက် အိမ်မက်ဆိုတဲ့ တေးသီချင်းအယ်ဘန် ကို ထုတ်ဝေခဲ့ပြီးထို အခွေထဲမှ မလွမ်းချင်ဘူး မှန်ကန်တဲ့လမ်း မဝေးဘူး အဆိပ်တက်အိမ်မက် စတဲ့ တေးသီချင်းတွေဟာ နာမည်ကြီးခဲ့ ပြီး ပရိတ်သတ်အားပေးမှုရရှိခဲ့ပါတယ်

ထိုနောက် ထပ်မံ၍ မီးမီးခဲနှင့် တွဲလျက် သီဆိုထားတဲ့ လမင်းသို့ တေးစီးရီး ခွေကို ထွက်ရှိခဲ့ပါတယ် ထို ABLUM မှာ သီချင်းစုစုပေါင်း ၁၀ ပုဒ်ပါဝင်ပြီး မီးမီးခဲနဲ့ တွဲလျက်သီဆို ထားတဲ ညို့သောပင်လယ်ဆွဲငင်သော လမင်း သီချင်းဟာ နာမည်ကြီး ပြီး နောက်ပိုင်း အဆိုပြိုင်ပွဲတွင်ဝင်ပြိုင်သော ဝါသနာရှင် အဆိုတော်ကလေးတွေ ရွှေးချယ်သော သီချင်းကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။

အာဇာနည်ရဲ့ နာမည်ကြီး သီချင်းတွေဖြစ်တဲ့ သနပ်ခါးချစ်သူ၊ ညို့သောပင်လယ်ဆွဲငင်သော လမင်း၊ကိုယ့်အနားရှိစေချင် ဘယ်သူ့မှမကောင်းဘူးအသည်းကွဲမြို့တော် အပြစ်မတင်ရက်ပါ မျှော်လင့်နေမယ် ရှင်းပြခွင့်ပေးပါ ကြေကွဲစရာ ကြွေပါစေ ယဥ်ယဥ်လေးရူးစတဲ့ သီချင်းတွေဟာ နာမည်ကြီးသီချင်းတွေဖြစ်ပြီးအချိန်ဘယ်လောက်ကြာကြာ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ညည်းဆိူနေဆဲဖြစ်တဲ့ သီချင်းဟောင်း သီချင်းကောင်းတွေဖြစ်ပါတယ်။

အာဇာနည်ဟာ city fm ကပေးတဲ့ most popular male recording artist award ကို ရရှိခဲ့ပါတယ်R ဇာနည်သည် အဆိုတော်အဖြစ် နာမည်မရခင်ကတည်းက အိမ်ထောင်ရှိပြီး ဇနီးသည်အမည်မှာ ဝမ်း ဖြစ်ပါတယ် အခုဆိုရင် ဇနိးသည်နှင့် အတူ ပျော်ရွင်ကြည်နူးဖွယ်မိသားစုတစ်ခုကို ပိုင်ဆိုင်ထားပြိး သားသမီး များရရှိနေပြီ ဖြစ်ပါတယ်။

အာဇာနည်ဟာ အောင်မြင် တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်တဲ့ အပြင် ကျန်းမာပျော်ရွင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး အမျိုးသမီး ဝမ်း နှင့် လည်း အောင်မြင်တဲ့ မိသားစု ဘဝကို တည်ထောင်ထားနိုင်တဲ့ အမျိုးသားတစ်ယောက် ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ် အခုဆိုရင် ကလေးလေးသုံးယောက်ရရျိပြီး သားကလေး နှစ်ယောက် သမီးကလေးတစ်ယောက်ဖြစ်ပါတယ် အဲ့ဒီ့ အတွက်လည်းဂုဏ်ယူတယ်လို့ အာဇာနည်ကဆိုပါတယ်

သားသမီးတွေရဲ့ အသိဉာဏ်လေးတွေ တိုးတက်လာတာကို ကြည့်ပြီးပီတိဖြစ်ရတယ်လို့ ပြောပါတယ် ကိုယ့်အနားရှိနေစဥ် တေးသီချင်းဟာ ဇနီးသည်ဖြစ်သူ ဝမ်း နှင့် ရည်းစားဘဝတုန်းက ဝမ်း တစ်ယောက် အဝေးရောက်နေစဥ် လွမ်းလွန်းတဲ့ အတွက် ရေးဖွဲ့ သီဆိုခဲ့တယ်လို့ဆိုပါတယ် ဝမ်း ဟာ မော်ဒယ် တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားသွားမယ့် အစီအစဥ်ကို အာဇာနည်ကြောင့် မသွားဖြစ်တော့ဘူးလို့ ဆိုပါတယ်

ရည်းစားဘဝထဲက တစ်ယောက်ကို တစ်ယောက်အပြန်အလှန် လေးစားချစ်မြတ်နိုးပြီး အခုဆိုရင် အများအားကျရတဲ့ သားသားမီးမီးသုံးယောက်နှင့် အတူ အောင်မြင်တဲ့ မိသားစု ဘဝကလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်ရှင့် သားယောက်ကျားကလေးနှစ်ယောက် ဖြစ်တဲ့ ချစ်ချစ်တုန်နဲ့ ဖစ်ဖစ်တုန်လို့ ချစ်စရာ နာမည်ကလေးတွေပေးထားပြီး ဇနီးသည် ဝမ်း နောက်ထပ်မွေးဖွားထားတဲ့ သမီးငယ်လေး မစ်မစ်တုန်ကတော့ လသားအရွယ် ကလေးလေးပဲရှိပါသေးတယ်

ညီအစ်ကို နှစ်ယောက်လုံးက ညီမငယ်လေးကို ပြိုင်တူချစ်ကြပြီး လု ချစ်နေကြတယ်လို့ ဇနီးသည်ဖြစ်သူ မော်ဒယ်ဝမ်းက ဆိုပါတယ်။သားသားမီးမီးတွေရဲံ ဆူညံပွက်လောရိုက်နေတဲ့ အသံကလေးတွေဟာ ပီတိဖြစ်စရာကောင်းတယ်လို့ အာဇာနည်နဲ့ ဇနီးသည်ဖြစ်သူ မော်ဒယ်ဝမ်းက ဆိုပါတယ် အာဇာနည်ရဲ့ ဖက်ရှင်အဝတ်အစားကို ဇနီးသည် ဝမ်း ကပဲ စီစဥ်ပေးတယ်လို့ ဆိုပါတယ်ဇနီးသည်ကတော့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပါပဲနော်ဇနီးသည် ဝမ်း နဲ့ မဂ်လာသတ်တမ်း၁၅ နှစ်ကျော်ပြီဖြစ်ပြီး ၁၅နှစ်ပြည့် crystal anniversary အထိမ်းအမှတ်ပွဲ ကို ၂၀၁၈ အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန် lotte hotel မှာ ကျင်းပခဲ့ပါတယ်။

မိဘနှစ်ယောက်စလုံးက ကလေးတွေဝါသနာပါတဲ့ အရာကို အားပေးပံ့ပိုးသွားမယ်လို့ ပြောပါတယ်ခရီးသွားရတာကိူလည်းအာဇာနည်က သဘောကျပြီး မိသားစုနဲ့ အတူတူ မကြာခဏသွားဖြစ်တယ်လို့ ပြောပါတယ် အားကျစရာပါပဲ။ အာဇာနည်က နာမည်ကြီး သီချင်းဆိုပြိုင်ပွဲဖြစ်ပြီး တက်သစ်စ အဆိုတော်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ the voice myanmar သီချင်းဆိုပြိုင်ပွဲရဲ့ season 3 ရဲ့ ဒိုင်တစ်ယောက်အဖြစ်ပါဝင် ခဲ့ပါသေးတယ်

old skool ဆိုတဲ့ ablum ကို နောက်ဆုံးထွက်ရှိထားပြီး ကျားပေါက် နေချို ဝေကြီး ရေမွန် ကျော်ကျော်လွင် zလွင် တို့ က သီချင်းများရေးထားပြီး အာဇာနည်ကတော့ တေးဆိုဖြစ်ပါတယ် သီချင်း ၁၀ ပုဒ်ပါဝင်ပြီး old skool၊ secret game၊ over အဆင်သင့်ပဲ စတဲ့ သီချင်းတွေပါဝင်ပါတယ် one man show FG live lounge ကိုလည်း ၂၀၁၉ ဇူလိုင် ၁၃ ရက်နေ့က ကျင်းပခဲ့ပါသေးတယ် ဆုတွေလည်း အများကြီးရရှိပိုင်ဆိုင်ထားပြီး ပရိတ်သတ်တွေရဲ့ အားပေးမှကိုလည်း တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published.