စစ်ဗိုလ်ချုပ်တစ်စု၏ လက်ကိုင်တုတ်အဖြစ်မှရုန်းထွက်၍ ပြည်သူနှင့်ပူးပေါင်းရန် တပ်မတော်သားများကို NUG ဖိတ်ခေါ်

News

စစ်ဗိုလ်ချုပ်တစ်စု၏ လက်ကိုင်တုတ်အဖြစ်မှရုန်းထွက်၍ ပြည်သူနှင့်ပူးပေါင်းရန် တပ်မတော်သားများကို NUG ဖိတ်ခေါ်

အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေမှာ အလိုတူ အလိုပါ အဖြစ်မခံနိုင်တဲ့အတွက် စွန့်စားထွက်ခွာလာကြတဲ့ တပ်မတော်သားအားလုံးကို

NUG အစိုးရက ပြည်သူ့ဘက်တော်သား သူရဲကောင်းစစ်သည်တွေ အဖြစ် မှတ်ယူကာ နွေးနွေးစွာ လက်ကမ်းကြိုဆို တဲ့အပြင်

အကြမ်းဖက်စစ်ကောင်စီနဲ့ လမ်းခွဲပြီး ပြည်သူလူထုနဲ့ ဓမ္မဘက်က ရဲရဲရပ်တည်ရှေ့ဆက်မယ့် တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို
နွေးထွေးလုံခြုံမှုနဲ့ ဘဝ အာမခံချက်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အာဏာ လောဘဇောကြောင့်

အဖက်ဖက်က ယိုယွင်းကျဆင်းပျက်စီးလာနေတဲ့
တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အမြန်ဆုံးကယ်ဆယ် စောင့်ရှောက်နိုင်သူတွေဟာ တပ်မတော်သားများ ကိုယ်တိုင်သာဖြစ်ပြီး

တပ်မတော်သားတွေအနေနဲ့ အရေးတော်ပုံကြီးမှာ ပြည်သူလူထုနဲ့ အတူရပ်တည် ပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

crd

 

Leave a Reply

Your email address will not be published. Required fields are marked *