Unicode
တော်လှန်ရေးနဲ့ပါတ်သက်ပြီး ဆိုက်ကိုဝင်နေတယ်ဆိုတဲ့ ပန်ဆယ်လို
ပြီးခဲ့တဲ့၆ လပိုင်းအကုန်အထိ တစ်ပတ်တစ်ခါ Fund Raise ခရီးတွေ ဆက်တိုက်သွားတယ်။ July 1 မှာ စတဲ့ Project NAN HTIKE AUNG ကိုတောင် လမ်းမှာ စခဲ့ရတာ။




10 ရက်နေ့မှာ Project ပြီးတယ်။ 13ရက်နေ့မှာ စာရင်းတွေ အချောသတ်ပြီးတယ်။ ငွေစီးဆင်းရေးတွေ လုပ်တယ်။ နိုင်ငံပေါင်းစုံက FR တွေ၊ ဘဏ်အကောင့်တွေက ငွေလွှဲတဲ့စာရင်းတွေ လုပ်တယ်။
အခုအချိန်ထိ မပြီးပြတ်သေးဘူး။ ဒီကြားထဲမှာကို နောက်ထပ် ကိစ္စသုံးခု ပလန်ဆွဲပြီးနေပြီ။ ဒီနေ့ လေဆန်ဇာတ်ကားကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံသလိုလို တာဝန်မကျေသလိုလို ခံစားချက်ရပြန်တယ်။




တနေ့တနေ့ ဒီစိတ်ကြီးနဲ့ နေရတာ နှစ်ချီလာပြီဆိုတော့ မွန်းကြပ်တယ်။ တခါတရံ စိတ်ဖော့ပြီးနေဖြစ်ပြန်ရင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်က နေရထိုင်ရ မကောင်း။ ငါလည်း တတ်နိုင်သလောက်လုပ်နေတာပဲလေလို့ ဖြေတွေးနေရတာကို ဘဝင်မကျ။
နေတတ်ကြသူတွေ မြင်ရပြန်တော့လည်း အားပဲကျချင်သလိုလို၊ ပါးပဲချချင်သလိုလို။ ဒီမအေလိုးတွေ မသေသရွေ့ စိတ်အကျဉ်းကျနေရတာကနေ လွတ်မြောက်နိုင်မယ်မထင်။
Crd
Zawgyi
တော်လှန်ရေးနဲ့ပါတ်သက်ပြီး ဆိုက်ကိုဝင်နေတယ်ဆိုတဲ့ ပန်ဆယ်လို








Crd