သားဖြစ်သူကို သတိရလို့ ဝမ်းနည်းနေတဲ့ မိခင်ကြီးကို အဝေးကနေ နှစ်သိမ့်နေတဲ့ အဆိုတော် မူးလာ…

News

Unicode

သားဖြစ်သူကို သတိရလို့ ဝမ်းနည်းနေတဲ့ မိခင်ကြီးကို အဝေးကနေ နှစ်သိမ့်နေတဲ့ အဆိုတော် မူးလာ…

Myanmar Idol Season 4 မှာ ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပြီး Top-4 ထိတတ်ရောက်နိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ လူတိုင်းမှတ်မိလိမ့်မယ်ထင်ပါတယ်။ သူဟာအသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့

ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ ရော့ခ်အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။ မူးလာ ဟာလက်ရှိမှာ အမှန်တရားဘက်တော်သားဖြစ်တာကြောင့် ဒီမိုကရေစီတိုက်ပွဲကို ပြည်သူတွေနဲ့ အတူတူ တိုက်ပွဲဝင်လျက်ရှိပါတယ်။

ဒါကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိပြီး ကျရာတာဝန်ကိုထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ မိသားစုနဲ့ဝေးကွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မူးလာ ဟာ တစ်ခါတလေ အိမ်ကိုအရမ်းလွမ်းမိတယ်လို့

ရင်ဖွင့်ထားပါသေးတယ်။ သူ့ရဲ့မိခင်ဟာလည်း သားဖြစ်သူကိုလွမ်းလွန်းလို့ ဝမ်းနည်းနေတဲ့အကြောင်းကို ပရိသတ်တွေကိုရင်ဖွင့်ထားပါတယ်။ အဆိုတော် မူးလာ ဟာအနေအစားဆင်းရဲလွန်းတဲ့ လွတ်မြောက်နယ်မြေမှာ

အဆင်ပြေသလိုနေထိုင်ရပြီး တော်လှန်ရေးအတွက် ကြိုးစားနေတဲ့အကြောင်းကို ” ထင်ကြမှာပေါ့ သက်သောင့်သက်သာ သာယာနေလိမ့်မှာပဲလို့သီချင်းဆိုရခြင်းကို ပျော်ရွှင်တဲ့ လူအဖို့ သီချင်းဆိုဖို့ ကိုယ်ကိုယ်တိုင်နေရာဖန်တီး

ဝါးခုတ်တွင်းတူး တိုင်စိုက် မြက်ပေါက် ဘယ်တွေးဘူးမလဲဗျာ နိုင်ရာဝန်ထက်ပိုတဲ့ အားအင်များနဲ့ တော်လှန်ရေးကြီးအတွက် ကြိုစားလျက်ပါ တခါတလေတော့လည်း အိမ်ကိုအရမ်းလွမ်းတယ်ဗျာ ” လို့ သူ့ရဲ့ခံစားချက်တစ်ချို့ကို

ရင်ဖွင့်ထားပါတယ်။ ဒါအပြ မူးလာ ရဲ့မိခင်ကတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ သားဖြစ်သူအတွက် စိုးရိမ်ပူပန်တာကြောင့် မျက်ရည်ကျနေရတယ်ဆိုတဲ့အကြောင်းကို “သားရှေ့မှာ မငိုပါနဲ့လား အမေရယ်” လို့

ဝမ်းနည်းစွာနဲ့ ပရိသတ်တွေသိအောင် ပြန်လည်မျှဝေထားပါသေးတယ်။ပရိသတ်ကြီးရေ မိသားစုနဲ့ခွဲခွာပြီး တော်လှန်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်နေတဲ့ အဆိုတော် စောခရစ် မူးလာ အတွက် အားပေးစကားလေးတွေကို

ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။ မူးလာ တစ်ယောက်လဲ ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပြီးတော့ ချစ်တဲ့အနုပညာလုပ်ငန်းတွေကိုလဲ အမြန်ဆုံးပြန်လည် လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd

Zawgyi

သားဖြစ်သူကို သတိရလို့ ဝမ်းနည်းနေတဲ့ မိခင်ကြီးကို အဝေးကနေ နှစ်သိမ့်နေတဲ့ အဆိုတော် မူးလာ…

Myanmar Idol Season 4 မွာ ဝင္ေရာက္ယ်ဥ္ၿပိဳင္ခဲ့ၿပီး Top-4 ထိတတ္ေရာက္ႏိုင္ခဲ့တဲ့ ကရင္တိုင္းရင္းသားေလး ေစာခရစ္ မူးလာ ကိုေတာ့ လူတိုင္းမွတ္မိလိမ့္မယ္ထင္ပါတယ္။ သူဟာအသံပါဝါေကာင္းေကာင္းကို ပိုင္ဆိုင္ထားၿပီးေတာ့

ေရာ့ခ္သီခ်င္းေတြကို ပိုင္ပိုင္ႏိုင္ႏိုင္သီဆိုႏိုင္တဲ့ ေရာ့ခ္အဆိုေတာ္တစ္ဦးလဲျဖစ္ပါတယ္။ မူးလာ ဟာလက္ရွိမွာ အမွန္တရားဘက္ေတာ္သားျဖစ္တာေၾကာင့္ ဒီမိုကေရစီတိုက္ပြဲကို ျပည္သူေတြနဲ႔ အတူတူ တိုက္ပြဲဝင္လ်က္ရွိပါတယ္။

ဒါေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိၿပီး က်ရာတာဝန္ကိုထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။ မိသားစုနဲ႔ေဝးကြာၿပီး လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ မူးလာ ဟာ တစ္ခါတေလ အိမ္ကိုအရမ္းလြမ္းမိတယ္လို႔

ရင္ဖြင့္ထားပါေသးတယ္။ သူ႔ရဲ႕မိခင္ဟာလည္း သားျဖစ္သူကိုလြမ္းလြန္းလို႔ ဝမ္းနည္းေနတဲ့အေၾကာင္းကို ပရိသတ္ေတြကိုရင္ဖြင့္ထားပါတယ္။ အဆိုေတာ္ မူးလာ ဟာအေနအစားဆင္းရဲလြန္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ

အဆင္ေျပသလိုေနထိုင္ရၿပီး ေတာ္လွန္ေရးအတြက္ ႀကိဳးစားေနတဲ့အေၾကာင္းကို ” ထင္ၾကမွာေပါ့ သက္ေသာင့္သက္သာ သာယာေနလိမ့္မွာပဲလို႔သီခ်င္းဆိုရျခင္းကို ေပ်ာ္႐ႊင္တဲ့ လူအဖို႔ သီခ်င္းဆိုဖို႔ ကိုယ္ကိုယ္တိုင္ေနရာဖန္တီး

ဝါးခုတ္တြင္းတူး တိုင္စိုက္ ျမက္ေပါက္ ဘယ္ေတြးဘူးမလဲဗ်ာ ႏိုင္ရာဝန္ထက္ပိုတဲ့ အားအင္မ်ားနဲ႔ ေတာ္လွန္ေရးႀကီးအတြက္ ႀကိဳစားလ်က္ပါ တခါတေလေတာ့လည္း အိမ္ကိုအရမ္းလြမ္းတယ္ဗ်ာ ” လို႔ သူ႔ရဲ႕ခံစားခ်က္တစ္ခ်ိဳ႕ကို

ရင္ဖြင့္ထားပါတယ္။ ဒါအျပ မူးလာ ရဲ႕မိခင္ကေတာ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ သားျဖစ္သူအတြက္ စိုးရိမ္ပူပန္တာေၾကာင့္ မ်က္ရည္က်ေနရတယ္ဆိုတဲ့အေၾကာင္းကို “သားေရွ႕မွာ မငိုပါနဲ႔လား အေမရယ္” လို႔

ဝမ္းနည္းစြာနဲ႔ ပရိသတ္ေတြသိေအာင္ ျပန္လည္မွ်ေဝထားပါေသးတယ္။ပရိသတ္ႀကီးေရ မိသားစုနဲ႔ခြဲခြာၿပီး ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ ႀကိဳးစားအားထုတ္ေနတဲ့ အဆိုေတာ္ ေစာခရစ္ မူးလာ အတြက္ အားေပးစကားေလးေတြကို

ေကာမန႔္မွာ ေျပာေပးခဲ့ပါအုန္းေနာ္။ မူးလာ တစ္ေယာက္လဲ ေဘးကင္းက်န္းမာစြာနဲ႔ မိသားစုနဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ၿပီးေတာ့ ခ်စ္တဲ့အႏုပညာလုပ္ငန္းေတြကိုလဲ အျမန္ဆုံးျပန္လည္ လုပ္ကိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd

Leave a Reply

Your email address will not be published.