ဦးဇင်းဘဝမှ တော်လှန်ရေးပြည်သူ့တပ်သားအဖြစ် ထမ်းဆောင်နေတဲ့ ဦးဇင်းဦးကေသရ(အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)

News

ဘုရားသားတော်အဖြစ် (၁၃)နှစ်တိတိ သာသနာ့ဝန်ထမ်းရွက်ခဲ့ရာကနေ တောထဲဝင်ပြီးလက်နက်ကိုင်ခဲ့တဲ့ ဦးဇင်းတစ်ပါးရဲ့ဘဝအကြောင်း

ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် လူငယ်သူရဲကောင်းတွေက တောထဲမှာ ခက်ခဲပင်ပန်းစွာ နေထိုင်ရပြီးအပြင်းအထန် စစ်ရေးလေ့ကျင့်နေကြတာပဲဖြစ်ပါတယ်။တောတောင်ထဲမှာ တစ်ခါမှမနေထိုင်ဖူးတဲ့ လူငယ်လေးတွေအတွက်ကတော့ ကြုံတွေ့လာရတဲ့ဒုက္ခတွေကို အားတင်းပြီးရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အခုဆိုရင်လည်းဦးဇင်းတစ်ပါးက လက်ရှိအခြေအနေကို ခုခံဖို့အတွက် (၃)လပိုင်း (၁၅)ရက်နေ့ကစတင်ပြီး တောထဲကိုရောက်သွားခဲ့တာဖြစ်ပါတယ်။

ဦးဇင်းရဲ့ဘွဲ့နာမည်က ဦးကေသရဖြစ်ပြီး လှိုင်သာယာက သပိတ်စစ်ကြောင်းတွေမှာလည်း ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။

ဦးကေသရက တောထဲရောက်သွားချိန်မှာ အကြိမ်ကြိမ်ခွင့်တောင်းပေမယ့်လည်း ရဟန်းတစ်ပါးဖြစ်လို့စစ်သင်တန်းတွေ၊

လက်နက်တွေပေးမကိုင်ဘဲ ခေါင်းဆောင်တွေအားလုံးက တားမြစ်ပိတ်ပင်ခဲ့ကြတာဖြစ်ပါတယ်။

မတ်လ (၂၀) ရက်နေ့မှာ ဦးကေသရ ဖမ်းဆီးခံရတယ်ဆိုတဲ့ ကောလာဟလတွေထွက်ပြီး နောက်မှာ သူ့ရဲ့နေ့စဉ်တောင်းဆိုမှုကြောင့် စမ်းသပ်တဲ့အနေနဲ့ တောင်ပေါ်စခန်းကို ခေတ္တပို့ခံခဲ့ရတာဖြစ်ပါတယ်။တောင်ပေါ်စခန်းရောက်ချိန်မှာတော့ လေးစားရတဲ့ဆရာတော်အဖြစ်နဲ့ပဲ ရဲဘော်၊ရဲဘက်တွေ၊အရာရှိတွေအတွက် ကြက်၊ဝက် အသားဟင်းတွေကို ပုံမှန်စီစဉ်ပေးရတာဖြစ်ပါတယ်။

ဧပြီလအစမှာတော့ ဦးကေသရက လူထွက်ပြီး လက်နက်တောင်းတဲ့နေ့ကစကာ လေ့ကျင့်ရေးဆင်းခဲ့ရတာဖြစ်ပါတယ်။တစ်ခါမှအလုပ်မလုပ်ဖူးတဲ့ပုခုံးတွေနာကျင်ရတဲ့အထိ တောင်ပေါ်က ထင်းချောင်း၊သစ်ပင်တွေကို တက်ထမ်းခဲ့ရတာဖြစ်ပါတယ်။

ဘယ်လောက်ပဲ နာကျင်ခံစားရပါစေ ဦးကေသရကတော့ လိုချင်တဲ့ပန်းတိုင်ရဖို့အတွက်သည်းခံခဲ့တာဖြစ်ပါတယ်။(၁၃)နှစ်တိတိ ဘုရားသားတော်အဖြစ် နေထိုင်ခဲ့တဲ့ဘဝကနေ အခုလိုမျိုး သေနတ်ကိုင်ခဲ့တဲ့ ဦးကေသရရဲ့အကြောင်းက တောင်ကိုရီးယားသတင်းမှာတောင်ပါလာခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေလက်ရှိအခြေအနေကလွတ်မြောက်ဖို့အတွက် လက်နက်ကိုင်ခဲ့တဲ့ ဦးဇင်းတစ်ပါးရဲ့ဘဝအကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဦးဇင်း ဘုရား လူထွက်သွားပြီးဆို

ဟုတ် ဒကာမရေ

မအလ အာဏရူးကြီး ငါဦးဇင်းတောင် လူထွက်သွားပြီးဆိုပြီး ငိုပါလေရော့

ဒကာမကြီး မငိုနဲ့လေဗျာ

ဦးဇင်းကလည်း လူထွက်သွားရင် ဒကာမလို့ မခေါ်နဲ့လေ

ဒကာမကြီးကလည်းဦးဇင်းကို ဦးဇင်းကို မခေါ်နဲလေဗျာ

တူးရီတွေ ဖုန်းထဲ့လည်နေတယ်ဗျာ ၁၃ နှစ်တိတိ နူတ်ကျိုးနေတယ် ကျွန်တော် အကျင့်ပြင်ရခက်တယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *