မလုပ်ရဲတာမရှိသည့် မအလက လေတပ်ဗိုလ်ကြီးကို ထောင် ၁၀ နှစ်ချလိုက်

News

မလုပ်ရဲတာမရှိသည့် မအလက လေတပ်ဗိုလ်ကြီးကို ထောင် ၁၀ နှစ်ချလိုက်

မှော်ဘီလေတပ်မှ Yak 130 ၂ စီး ဖောက်ခွဲမှုတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် လေတပ်ဗိုလ်ကြီး တင်အောင်ခိုင်ကို ထောင် ၁၀ နှစ်ချ၊ ရေကြည်အိုင်တွင် လေတပ်အရာရှိနှင့်စစ်သည် ၅ ဦးထက်မနည်း ဆက်လက် ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဇူလိုင် ၂၀

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ တိုက်လေယာဉ် Yak 130 ၂ စီး ဗုံးဖောက်ခွဲမှုတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် လေတပ်ဗိုလ်ကြီး တင်အောင်ခိုင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ‌ပြော သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထားရှိနေရာကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးထိခိုက်ခဲ့ကြောင်း၊ ယင်းနောက် လေတပ်အရာရှိများကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ဗိုလ်ကြီးတင်အောင်ခိုင်လည်း အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလတုန်းက Yak 130 လေယာဉ် ၂ စီး ဖောက်ခွဲမှုကိစ္စမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်ကြီး တင်အောင်ခိုင် ထောင် ၁၀ နှစ်ကျသွားပြီ။ သူက လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် မင်္ဂလာဒုံကပါ ” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဇွန်လ ၂၈ ရက်နေ့ ရန်ကုန်၊မှော်ဘီ လေတပ်စခန်း၊ လေယာဉ်သို လှောင်ရုံကို ဖောက်ခွဲ့ရန် ဇွန်လ ၂၈ ရက်နေ့ ည ပိုင်းတွင် ဗုံးထောင်ခဲ့ သော် လည်း အကြီးစား မပေါက်ကွဲခဲ့ဘဲ အသေးစားသာ ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးထောင်မှုအတွက် လေတပ်အရာရှိနှင့်စစ်သည် ၅ ဦးထက်မနည်းကို ရေကြည်အိုင်တွင် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

“ဖြစ်စဉ် ဖြစ်ပြီးတော့ ဖမ်းသွားတာက ၃၀ ကျော် ၄၀ နီးပါးလောက်ရှိတယ်။ တချို့တွေလည်း ပြန်လွှတ်ပြီးတော့ နောက်ဆုံး ၅ ဦးကျန်တယ်။ အဲဒီလူတွေတော့ ပြန်မလွတ်နိုင်လောက်တော့ဘူးထင်တယ်။ အဲဒီလူတွေထဲမှာလည်း ဖရဲသီးပါတယ်ဆိုပြီး ယူဆကြတယ်။ အဲဒီလူ ၅ ဦး အဖမ်းခံရပြီးတဲ့နောက်ပိုင်း လေတပ်သတင်းတွေ တက်မလာတော့ ဒီလူတွေ လက်ချက်ပဲဆိုတဲ့ ယုတ္တိမရှိတဲ့ ယူဆချက်တွေနဲ့ပဲ ဆက်ဖမ်းပြီး ထောင်ချမယ့်ကိန်းပါ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိလေတပ်အတွင်းတွင် အရာရှိများနှင့် စစ်သည်များ၏ ဇနီးများကို စစ် တပ်က လက်နက်ငယ်ပစ်ခတ်မှု သင်တန်းနှင့် စစ်သင်တန်းများပေးနေပြီး အမျိုးသမီးစစ်သည်များကိုပါ လေတပ်လုံခြုံရေးအတွက် အသုံးပြုလာကြောင်း သိရှိရသည်။

ဓာတ်ပုံ- လေတပ်ကို စစ်ဆေးနေသော အကြမ်းဖက် မင်းအောင်လှိုင်။

Crd

မလုပ်ရဲတာမရှိသည့် မအလက လေတပ်ဗိုလ်ကြီးကို ထောင် ၁၀ နှစ်ချလိုက်

ေမွာ္ဘီေလတပ္မွ Yak 130 ၂ စီး ေဖာက္ခြဲမႈတြင္ ပါဝင္သည္ဆိုေသာ စြပ္စြဲခ်က္ျဖင့္ ေလတပ္ဗိုလ္ႀကီး တင္ေအာင္ခိုင္ကို ေထာင္ ၁၀ ႏွစ္ခ်၊ ေရၾကည္အိုင္တြင္ ေလတပ္အရာရွိႏွင့္စစ္သည္ ၅ ဦးထက္မနည္း ဆက္လက္ ဖမ္းဆီးခံထားရ

ရန္ကုန္၊ ဇူလိုင္ ၂၀

ရန္ကုန္တိုင္း၊ ေမွာ္ဘီေလတပ္မွ တိုက္ေလယာဥ္ Yak 130 ၂ စီး ဗုံးေဖာက္ခြဲမႈတြင္ ပါဝင္သည္ဆိုေသာ စြပ္စြဲခ်က္ျဖင့္ ေလတပ္ဗိုလ္ႀကီး တင္ေအာင္ခိုင္ကို စစ္ခုံ႐ုံးက ေထာင္ဒဏ္ ၁၀ ႏွစ္ခ်လိုက္ေၾကာင္း တပ္သတင္းရင္းျမစ္က ‌ေျပာ သည္။

ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ည ၁၁ နာရီ ၄၀ အခ်ိန္ People’s Force ျပည္သူ႔အင္အားစု (Yangon) က ေမွာ္ဘီေလတပ္စခန္း ဌာနခ်ဳပ္ရွိ တိုင္းရင္းသား ေဒသမ်ားကို ဗုံးက်ဲတိုက္ခိုက္ေနေသာ ဖိုက္တာဂ်က္ ေလယာဥ္မ်ား ထားရွိေနရာကို ဝင္ေရာက္ ဗုံးဆင္ၿပီး အေဝးထိန္းဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းသို႔ တိုက္ခိုက္မႈေၾကာင့္ ေလယာဥ္ ၂ စီးထိခိုက္ခဲ့ေၾကာင္း၊ ယင္းေနာက္ ေလတပ္အရာရွိမ်ားကို စစ္တပ္က ဖမ္းဆီးစစ္ေဆးခဲ့ရာတြင္ ဗိုလ္ႀကီးတင္ေအာင္ခိုင္လည္း အပါအဝင္ျဖစ္ေၾကာင္း သိရွိရသည္။

“ေဖေဖာ္ဝါရီလတုန္းက Yak 130 ေလယာဥ္ ၂ စီး ေဖာက္ခြဲမႈကိစၥမွာ ပါဝင္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဗိုလ္ႀကီး တင္ေအာင္ခိုင္ ေထာင္ ၁၀ ႏွစ္က်သြားၿပီ။ သူက ေလယာဥ္ထုတ္လုပ္ျပင္ဆင္ေရးဌာနခ်ဳပ္ မဂၤလာဒုံကပါ ” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာသည္။

အလားတူ ဇြန္လ ၂၈ ရက္ေန႔ ရန္ကုန္၊ေမွာ္ဘီ ေလတပ္စခန္း၊ ေလယာဥ္သို ေလွာင္႐ုံကို ေဖာက္ခြဲ႕ရန္ ဇြန္လ ၂၈ ရက္ေန႔ ည ပိုင္းတြင္ ဗုံးေထာင္ခဲ့ ေသာ္ လည္း အႀကီးစား မေပါက္ကြဲခဲ့ဘဲ အေသးစားသာ ေပါက္ကြဲခဲ့ေၾကာင္း၊ အဆိုပါ ဗုံးေထာင္မႈအတြက္ ေလတပ္အရာရွိႏွင့္စစ္သည္ ၅ ဦးထက္မနည္းကို ေရၾကည္အိုင္တြင္ စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

“ျဖစ္စဥ္ ျဖစ္ၿပီးေတာ့ ဖမ္းသြားတာက ၃၀ ေက်ာ္ ၄၀ နီးပါးေလာက္ရွိတယ္။ တခ်ိဳ႕ေတြလည္း ျပန္လႊတ္ၿပီးေတာ့ ေနာက္ဆုံး ၅ ဦးက်န္တယ္။ အဲဒီလူေတြေတာ့ ျပန္မလြတ္နိုင္ေလာက္ေတာ့ဘူးထင္တယ္။ အဲဒီလူေတြထဲမွာလည္း ဖရဲသီးပါတယ္ဆိုၿပီး ယူဆၾကတယ္။ အဲဒီလူ ၅ ဦး အဖမ္းခံရၿပီးတဲ့ေနာက္ပိုင္း ေလတပ္သတင္းေတြ တက္မလာေတာ့ ဒီလူေတြ လက္ခ်က္ပဲဆိုတဲ့ ယုတၱိမရွိတဲ့ ယူဆခ်က္ေတြနဲ႔ပဲ ဆက္ဖမ္းၿပီး ေထာင္ခ်မယ့္ကိန္းပါ” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

လက္ရွိေလတပ္အတြင္းတြင္ အရာရွိမ်ားႏွင့္ စစ္သည္မ်ား၏ ဇနီးမ်ားကို စစ္ တပ္က လက္နက္ငယ္ပစ္ခတ္မႈ သင္တန္းႏွင့္ စစ္သင္တန္းမ်ားေပးေနၿပီး အမ်ိဳးသမီးစစ္သည္မ်ားကိုပါ ေလတပ္လုံျခဳံေရးအတြက္ အသုံးျပဳလာေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ေလတပ္ကို စစ္ေဆးေနေသာ အၾကမ္းဖက္ မင္းေအာင္လွိုင္။

Crd

Leave a Reply

Your email address will not be published.