စစ်ကိုင်းမြေက အစောင့်ရှောက်တွေ ထကြွလာကုန်ပြီ

Knowledge

ရှေးဖုန်းဆိုးမြေက အစောင့်ရှောက်တွေ ထကြွလာကုန်ပြီ
___________________________________

ဘာနဲ့ အလားသဏ္ဍန်တူလဲဆို မျက်စိထဲ မံမီ return (3) သွား မြင်ယောင်လာတယ် အဲ့ထဲမှာ ဂျက်လိီက အဆိုးဘက်က ဆိုပေမယ့် ခု စကိုင်းမြေက အကောင်းဘက်က ထကြွလာတာ ဒါပဲ ကွာတယ် (ကိုယ်မြင် ခံစားရတာ ပြောတာ)

နောက် ခုမှသတိရတယ် ရှေ့က ကျမ်းနမိတ်အဟောတွေမှာ ဒီစတပ်ပျက်သုန်းအပြီး မြန်မာပြည်ရဲ့ ဇာတာဟာ ဘုန်းကံမင်းတွေကြောင့် သံယံဇာတတွေ ပေါကြွယ်၀ အလျံပယ်ထွက်လာလိမ့်မယ်ဆိုတဲ့ တဘောင် ကျမ်းစာတွေကို အချို့က ပြယ်ရယ်ပြုပြီး မဖြစ်နိုင် မယုံဘူး ခုတောင် ကုန်နေတာ ဘာမှကို မကျန်တော့ဘူးဆိုပြီး မသိပဲ ဝေဖန်လေကန်နေကြတယ်

ခုကြည့်လေ ဒါတောင် မိစ္ဆာမင်းမကျသေးဘူး ကျလို့ ခေါင်းဆောင်အသစ်တွေ ပေါ်ထွန်းလာရင် မြန်မာပြည်ဟာ ရှေးပညာရှိတွေ ကြိုမြင်ဟောခဲ့တဲ့အတိုင်း သေချာကို ဖြစ်လာပါလိမ့်မယ်ဆိုတာ

ဒါကြောင့်လဲ ပုဂံခေတ်က ရွှေပြီးတာတို့ ဘာတို့ ဖြစ်ခဲ့တာပဲလေ ခုကလည်း အထူးဆန်းကြီးပဲ မြင်ရသလောက်ဆို စကိုင်းမြေဟာ တကယ့်ကို အံ့ဩစရာတွေနဲ့ ပြည့်နက်နေတဲ့ ရှေးဟောင်း အမွေနှစ် မင်းနယ်မြေပဲ

ခု ပြည်သူတွေ ဒုက္ခရောက်လို့ မကြည့်ရက်နိုင်လို့ ဒီလိုနည်းနဲ့ ကူညီနေပြီး တလရအောင်ဖို့ မိစ္ဆာမင်းကျစေဖို့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေက အကူညီတွေ မစ ပေးနေကြပြီဆိုတာ ကျုပ်ကတော့ ယုံတယ်ဗျာ ဒီလိုင်းကို ကိုယ်တိုင်လုပ်လို့ လေ့လာထားလို့ ပိုသိနေတယ်

သေချာတာက အရေးတော်ပုံ အောင်ပြီပဲ ဘာကြောင့်လဲ မမေးနဲ့ သမာဒေ၀ နတ်ဒေဝါ အစောင့်အရှောက်တွေဟာ စကိုင်းမြေကို ကြည့်မနေတော့ဘူး တိုင်းသူပြည်သားဘက်ကနေ အပြည့်၀ကို ကိုယ်ထင်ပြ ပါ၀င် ကူညီ စောင့်ရှောက်နေကြပါပြီဆိုတာ

ဒါကြောင့် တျုတ်က စကိုင်းမြေကို လိုချင်နေတာ ဒါတွေ သိလို့ ရှိလို့ပါပဲ သေချာယုံတော့ တော်လှန်ရေး အောင်ဖိူ့ မဝေးတော့ဘူး ခု ဒီကရတဲ့ ရတနာပစ္စည်းတွေကို တိုင်းသူပြည်သူတွေ ပေး ထောက်ပံ့ပြီး တလရအားအတွက်နဲ့ ပြည်သူဒုက္ခရောက်နေမှုကို ကူညီ ကယ်တင်ပေးနေပြီဆိုတာ ဘယ်သူလာငြင်းရဲမလဲ လာခဲ့‼️

စစ်ကိုင်းမြေက အစောင့်ရှောက်တွေ ထကြွလာကုန်ပြီ 👇👇

ဝက်လက်နယ်က မီးဘေးသင့်သူတွေဟာ ပြန်လည်ထူထောင်ဖို့အတွက် ရှေးဟောင်းပစ္စည်းရှာဖွေတာကို အားပြု လုပ်ကိုင်နေရ

ဇူလိုင် ၊ ၁၆-၂၀၂၂

SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက နေအိမ်တွေ မီးရှို့ခံရတဲ့ ဒေသခံတွေဟာ သူတို့ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွာနားက ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေရတဲ့အလုပ်ကို အားပြုလုပ်ကိုင်နေရတယ်လို့ ဝက်လက်နယ် မီးဘေးသင့်ဒေသခံတွေဆီက သိရပါတယ်။

” မီးရှို့ခံလိုက်ရတဲ့အိမ်က လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ဆောက်ခဲ့တာ သိန်း ၄၀ ကျော်ကုန်တယ် ၊ အခုခေတ် စျေးနူန်းနဲ့ဆို အဲ့ဒီထက် ၂ ဆလောက်ပိုကုန်မယ် ၊ အလုပ်အကိုင်ကလည်း မရှိ ၊ ဝင်ငွေကလည်း မရှိ ၊ ရှိတာတွေလည်း မီးလောင်ကုန်တော့ စားဝတ်နေရေးကို အရင်လို ဘဝ ပြန်ရောက်ဖို့ ရှေးဟောင်းပစ္စည်းတူးတာပဲ အားကိုးနေရတယ် “လို့ မင်းရွာက အိမ်မီးရှို့ခံရတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ မြောက်ထန်းကြီး ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်း တူးဖော်ရှာဖွေနေတဲ့ ဒေသခံတယောက်က ” ကံပေးသလောက်ရတယ် ၊ ကံပေးလို့ရှိရင် ချက်ချင်းငွေပေါ်တယ် ၊ ပစ္စည်းဝယ်မယ့်သူက အသင့်ရှိနေတယ် ၊ လူတိုင်း တခုမဟုတ် တခုတော့ ရကြတယ် ၊ များတာနဲ့ နည်းတာပဲကွာတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်နေတဲ့ လုပ်ကွက်တွေမှာ ပစ္စည်းလိုက်လံဝယ်ယူနေတဲ့ ဝယ်လက်တယောက်ကလည်း ” ပစ္စည်းဝယ်ရတာ အပိုင်း ၂ ပိုင်းရှိတယ် ၊ အန်းတစ် လိုင်းနဲ့ ရတနာလိုင်း ဖြစ်တယ် ၊ အန်းတစ် လိုင်းကတော့ အိုး ၊ အရိုး ၊ ပုတီးစေ့ နဲ့ အခြား ပစ္စည်းတွေဖြစ်တယ် ၊ ရတနာလိုင်းကတော့ ရွှေထည် ပစ္စည်း ၊ စိန်ထည်ပစ္စည်းအမျိုးမျိုးနဲ့ ကျောက်မျက်တွေဖြစ်တယ် ၊ အန်းတစ် လိုင်းမှာ ရှေးခေတ် ပျူလူမျိုးတွေရဲ့သွားက အရှည် ၂ လက်မအရွယ်အစားရှိတယ် ၊ သွား ၁ ချောင်းရဲ့ စျေးနူန်းက ၁ သောင်းစျေးပေါက်တယ် ” လို့ ပြောပါတယ်။
Crd

Leave a Reply

Your email address will not be published.