မြင့်မြတ်တဲ့ ရဟန်းသံဃာတော်တွေရဲ့ ပုံစံအစစ်အမှန်ကို ပြောပြလိုက်တဲ့ မင်းသား ဟိန်းထက်

News

မြင့်မြတ်တဲ့ ရဟန်းသံဃာတော်တွေရဲ့ ပုံစံအစစ်အမှန်ကို ပြောပြလိုက်တဲ့ မင်းသား ဟိန်းထက်

သရုပ်ဆောင် ဟိန်းထက် ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင် ပီပြင်တာကြောင့်ရယ် ချစ်ဖို့ကောင်းပြီး အပြုံးလေးတွေက ဆွဲဆောင်မှုရှိတာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောပဲဖြစ်ပါတယ်။

အောင်မြင်မှုတွေရရှိထားတဲ့ မင်းသား ဟိန်းထက် ကတော့ အလှူအတန်းတွေမှာလဲ ရက်ရက်ရောရောရှိသူ တစ်ဦးလဲဖြစ်ပါတယ်။ဟိန်းထက်က တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကရဲရဲဝံဝံ ပါဝင်ခဲ့ပါတယ်။

တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တယ်ဆိုပေမယ့်လဲ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး အနည်းငယ်မျှသာ တင်လေ့ရှိတဲ့အတွက် ပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။

လွတ်မြောက်နယ်မြေကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မိသားစုဝင်တွေကို တောင်အသိမပေးဘဲထွက်လာခဲ့တာလို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

လတ်တေလာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေနဲ့အတူ အနုပညာရှင်အချို့ အဖမ်းခံခဲ့ရပြီး ထောင်ထဲရောက်နေတာလည်း ဖြစ်ပါတယ်။

တချို့ကလည်း လွတ်မြောက်နယ်မြေကို ရောက်နေပြီး စစ်သင်တန်းတွေ တတ်ရောက်နေတာလည်း ဖြစ်ပါတယ်။

ဟိန်းထက် ကလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကိုလက်နက်ကိုင်ပြီး တော်လှန်နေတာလည်းဖြစ်ပါတယ်။

ဟိန်းထက် ကတော့မှန်ကန်တဲ့လမ်းစဉ်ကို ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အကောင်းဆုံးရှေ့ဆက်သွားနေတာကို တွေ့ရပါတယ်။

ဟိန်းထက် ကတော့ မြင့်မြတ်တဲ့ ရဟန်းသံဃာတော်တွေရဲ့ ဂုဏ်ပုဒ်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါတယ်။

” ရဟန်းသံဃာတော်တွေအတွက် ဂုဏ်ဆိုတာ ပရမတ်နယ်က သောတာပန် သကဒါဂမ် အနာဂမ် ရဟန္တာယူသော မြင့်မြတ်သည့်အရာများဖြစ်သည်။

ဘွဲ့တံဆိပ်တော်များမဟုတ်ပါ” လို့ ဟိန်းထက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

အခုလောက်ဆိုရင် မြင့်မြတ်တဲ့ ရဟန်းသံဃာတွေဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သိလောက်ပြီထင်ပါတယ်နော်။

ကဲ…ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ မင်းသားချော ဟိန်းထက် ကိုအားပေးစကားလေးပြောပေးခဲ့ပါအုန်းနော်။

ပရိတ်သတ်ကြီးရေ အနုပညာရှင်သမားတွေဖြစ်ပေမယ့်အမှန်တရားကိုချစ်မြတ်နိုးတာကြောင့် ပြည်သူတွေနဲ့အတူ တတက်တအားပါဝင်နေကြတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေအတွက်လည်း ဆုမွန်ကောင်းလေးတွေ ကွန်မန့်မှာပေးခဲ့ကြပါဦး။

Crd

Unicode
















Crd

Leave a Reply

Your email address will not be published.