အမှန်တရားကိုပြန်ရတဲ့အထိ အဆုံးတိုင်ချီတက်ကြမယ်လို့ ကြွေးကြော်လိုက်တဲ့ ထားထက်ထက်

News

အမှန်တရားကိုပြန်ရတဲ့အထိ အဆုံးတိုင်ချီတက်ကြမယ်လို့ ကြွေးကြော်လိုက်တဲ့ ထားထက်ထက်

ပရိသတ်ကြီးရေ ထားထက်ထက် ကတော့ အာဏာရှင်ကိုတိုက်ထုတ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ဓာတ်ခိုင်မာပြတ်သားတဲ့ အနုပညာရှင်တစ်ဦးထဲမှာ အပါအဝင်ပဲဖြစ်ပါတယ်။ ဒါကြောင့်လဲ သူမဟာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ပြီး အစွမ်းကုန်တွန်းလှန်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။

ထားထက်ထက် ဟာမကြာခဏဆိုသလို ကောလဟလတွေနဲ့ မနာလိုသူတွေရဲ့ တိုက်ခိုက်မှု့ကို ခံနေရပါတယ်။ ဒါပေမယ့် သူမရဲ့ စိတ်ဓာတ်ကတော့ ယနေ့အထိ မယိုင်မလဲပဲ အမှန်တရားကိုပြန်ရတဲ့အထိ အဆုံးတိုင်ချီတက်ကြမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

” ကျွန်မတို့ ပေးခဲ့တဲ့ မဲတွေကိုလေးစားမှု မရှိတဲ့ အခါ…တရားမျှတမှုရဲ့ သူရဲကောင်းတွေကို ဘယ်သူ သေရဲလဲ မေးတဲ့ အခါ… ဗေဒင် ယတြာ ကြောင့် ခေတ်ကိုပြောင်းဖို့ခေါင်းကို ပစ် ဆိုပြီး ရက်စက်ကြတဲ့ အခါ…ကျွန်မတို့မျိုးဆက်ဟာ မဲပေးခြင်းအားဖြင့် တာဝန်ကျေတယ်…ပိုင်ဆိုင်မှုစွန့်ခြင်းအားဖြင့် တာဝန်ကျေတယ်…

အသက်ပေးခြင်းအားဖြင့် တာဝန်ကျေတယ်…ပင်ပန်းပါတယ်…ဆင်းရဲပါတယ်…ခက်ခဲပါတယ်…ဒါပေမယ့် ခေတ်တခေတ် ရဲ့ တောင်းဆိုမှုအပေါ်ကျွန်မတို့ မျိုးဆက် အားလုံး တာဝန်ကျေလို့ လိပ်ပြာလုံပါတယ်…..အမှန်တရား ကို ပြန်ရတဲ့ အဆုံးအထိ ကျွန်မတို့ ချီတက်ကြမယ် ….” လို့ ထားထက်ထက် ကသူမရဲ့လှုမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကိုပြန်လည် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ရဲ့စိတ်ဓာတ်ကတော့ ချီးကျူးလေးစားစရာကောင်းပါတယ်နော်။ ထားထက်ထက် ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီ တိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

Crd

Unicode







Crd

Leave a Reply

Your email address will not be published.