မြန်မာ့နွေဦး တော်လှန်ရေးဟာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ်လို့

News

စစ္ကိုင္းတိုင္းက ခ႐ိုင္အားလုံးနီးပါးမွာ စစ္ေဒသအဆင့္ ကြပ္ကဲမႈနဲ႔ ခ႐ိုင္အဆင့္ စစ္ေရးကြပ္ကဲမႈေတြ တည္ေဆာက္ႏိုင္ၿပီလို႔ NUG ထုတ္ေဖာ္ အသိေပး၊

MFP ၊ ဇူလိုင္ – ၁၇

အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) နဲ႔ မဟာမိတ္ ERO (တိုင္းရင္းသား ေတာ္လွန္ေရး အဖြဲ႕အစည္း) တို႔ ပူးေပါင္းၿပီး စစ္ကိုင္းတိုင္းက ခ႐ိုင္ေတြ အားလုံးနီးပါးမွာ စစ္ေဒသအဆင့္ ကြပ္ကဲမႈနဲ႔ ခ႐ိုင္အဆင့္ စစ္ေရးကြပ္ကဲမႈေတြ တည္ေဆာက္ႏိုင္ၿပီလို႔ NUG က ထုတ္ေဖာ္ အသိေပးလိုက္ပါတယ္။

ဒီေန႔ ဇူလိုင္(၁၇)ရက္ မနက္ပိုင္းမွာ က်င္းပခဲ့တဲ့ NUG နဲ႔ ျပည္သူ ေတြ႕ဆုံပြဲမွာ NUG ရဲ႕ ကာကြယ္ေရး ဝန္ႀကီးဌာန (MOD) ဝန္ႀကီး ဦးရည္မြန္က စစ္ကိုင္းတိုင္းအတြင္း ခ႐ိုင္အားလုံးနီးပါးမွာ စစ္ေရးကြပ္ကဲမႈအဆင့္ေတြ တည္ေဆာက္ထားႏိုင္ၿပီဆိုတာကို အေရးႀကီးတဲ့ ကိစၥတစ္ခု အျဖစ္ အသိေပးတင္ျပခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ျပည္သူ႔ခုခံတြန္းလွန္စစ္ကို စစ္ေဒသ သုံးခုအျဖစ္ ပိုင္းျခားကာ စစ္ေဒသအလိုက္ မဟာမိတ္ EROs ေတြနဲ႔ လက္တြဲၿပီး စစ္ေဒသအဆင့္ ကြပ္ကဲမႈ တည္ေဆာက္ဖို႔၊ စစ္ေဒသမႉးေတြ၊

စစ္ေဒသကြပ္ကဲေရးအဖြဲ႕ ဖြဲ႕စည္းၿပီး အားလုံးပါဝင္တဲ့ စုစည္းမႈ ၊ ကြပ္ကဲမႈတစ္ခု တည္ေဆာက္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကရာမွာ စစ္ေဒသ(၁)ျဖစ္တဲ့ စစ္ကိုင္းတိုင္းမွာေတာ့ ခ႐ိုင္အားလုံးနီးပါးမွာ စစ္ေဒသအဆင့္ ကြပ္ကဲမႈနဲ႔ ခ႐ိုင္အဆင့္ စစ္ေရးကြပ္ကဲမႈေတြ တည္ေဆာက္ႏိုင္ၿပီလို႔ ဝန္ႀကီး ဦးရည္မြန္ က ရွင္းျပပါတယ္။

“ ဒီအခ်ိန္မွာ အေရးႀကီးဆုံးကေတာ့ ေတာ္လွန္ေရး အင္အားစု အားလုံးကို စုစည္းၿပီး ခ႐ိုင္အလိုက္ ကြပ္ကဲမႈတည္ေဆာက္ၾကရမွာ ျဖစ္တယ္၊ ဒီအလုပ္ကေတာ့ လက္ရွိစစ္ေျမျပင္ရဲ႕ ေတာင္းဆိုမႈလို႔ ေျပာလို႔ရတယ္၊ ဒီအလုပ္ကို လုပ္ႏိုင္သလား၊ မလုပ္ႏိုင္ဘူးလားဆိုတာကလည္း ဒီေတာ္လွန္ေရးရဲ႕ အေႏွးနဲ႔ အျမန္ ကို ဆုံးျဖတ္ေပးလိမ့္မယ္လို႔ မွတ္ယူတယ္၊

လက္ရွိ ဦးစားေပးၿပီး ေဆာင္႐ြက္ေနတာ ခ႐ိုင္အလိုက္ စုစည္းမႈနဲ႔ ကြပ္ကဲမႈ၊ အားလုံးပါဝင္တဲ့ ဗ်ဳဟာ နဲ႔ စီမံခ်က္။ ဒီစီမံခ်က္ကိုမွ အားလုံးပူးေပါင္းၿပီး အေကာင္အထည္ေဖၚ၊ ဒီနည္းလမ္းနဲ႔ ဒီအၾကမ္းဖက္ စစ္ေကာင္စီတပ္ နဲ႔ စစ္ေၾကာင္းေတြကို ေနာက္ဆုံး ေခ်မႈန္းပစ္ႏိုင္ေရးအထိ ရည္မွန္းၿပီး ေဆာင္႐ြက္ေနၾကတာ ျဖစ္ပါတယ္ ” လို႔ ဝန္ႀကီးက ဆိုပါတယ္။

NUG က သတ္မွတ္ထားတဲ့ စစ္ေဒသ(၁)ဟာ စစ္ကိုင္းတိုင္း ျဖစ္ၿပီး စစ္ေဒသ(၁)ရဲ႕ မဟာမိတ္ ERO က ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ (KIA) ျဖစ္ပါတယ္။စစ္ေဒသ (၁) စစ္ကိုင္းတိုင္းမွာ ခ႐ိုင္အားလုံးနီးပါး NUG ႏွင့္ ERO ပူးေပါင္းၿပီး စစ္ေဒသကြပ္ကဲမႈ၊ ခ႐ိုင္အဆင့္ကြပ္ကဲမႈ တည္ေဆာက္ႏိုင္ခဲ့ၿပီ ျဖစ္သလို အတိုင္းအတာ တစ္ခုအထိ ကြပ္ကဲႏိုင္စြမ္းရွိတဲ့ အေျခအေနကို ေရာက္ရွိခဲ့ၿပီလို႔ ဦးရည္မြန္က ေျပာပါတယ္။

၂၀၂၁၊ စက္တင္ဘာ(၇)ရက္မွာ ျပည္သူ႔ခုံခံ တြန္းလွန္စစ္ စတင္ဖို႔ NUG က ေၾကညာခဲ့တာေၾကာင့္ အခုဆိုရင္ (၁၀) လ ဝန္းက်င္ရွိၿပီ ျဖစ္ပါတယ္။လက္ရွိမွာ ေတာ္လွန္ေရးက အဆင့္တစ္ခုကို ေရာက္လာၿပီျဖစ္သလို ရင္ဆိုင္ေနရတဲ့ ရန္သူကလည္း အၾကမ္းၾကဳတ္ဆုံး နည္းလမ္းေတြနဲ႔ ေတာ္လွန္‌ေရးကို ဖ်က္ဆီးဖို႔ ႀကိဳးစားေနတယ္လို႔ ဝန္ႀကီး ဦးရည္မြန္ က သုံးသပ္ပါတယ္။

“ စစ္တပ္လို႔ ဘယ္လိုမွ ေျပာလို႔မရတဲ့ အေျခအေနကို စစ္တပ္ တစ္ခုအေနနဲ႔ ဘယ္လိုမွ မလုပ္ေကာင္းတဲ့ အလုပ္ေတြကို လုပ္ေနတယ္၊ အၾကမ္းဖက္ ရာဇဝတ္ဂိုဏ္း တစ္ခုအျဖစ္ စစ္ေကာင္စီတပ္ဟာ ေျပာင္းလဲသြားၿပီဆိုတာ က်ေနာ္တို႔ ေတြ႕ရတယ္၊ သူ႔မွာ တျခားလုပ္စရာ မရွိေတာ့ဘူး၊ ေျပာမယ္ဆိုရင္ သူ႔ရဲ႕ ေနာက္ဆုံးနည္းလမ္း၊

ေနာက္ဆုံးထြက္ေပါက္လို႔ကို စဥ္းစားၿပီး လုပ္ေဆာင္ေနတယ္ဆိုတာကို က်ေတာ္တို႔ ေတြ႕ရတယ္၊ စစ္ေကာင္စီမွာ ျပည္သူကို အၾကမ္းမဖက္ဘဲ အျခားနည္းလမ္းနဲ႔ ေတာ္လွန္ေရးကို ရင္ဆိုင္ဖို႔ သူ႔မွာ နည္းလမ္းမရွိေတာ့ဘူး၊ ဒီလို အင္မတန္ ၾကမ္းၾကဳတ္ရက္စက္တဲ့ စစ္ေကာင္စီ ကို ရင္ဆိုင္အႏိုင္ယူမယ္ဆိုရင္ ကိုယ့္ဘက္ကလည္း အေရးႀကီးတဲ့ နည္းဗ်ဳဟာပိုင္း မဟာဗ်ဳဟာပိုင္း အေျပာင္းအလဲေတြ လုပ္လာမွာ ရွိပါတယ္ ” လို႔ ဝန္ႀကီး က ဆိုပါတယ္။

စစ္ေဒသ(၁) စစ္ကိုင္းတိုင္းမွာ ခ႐ိုင္အားလုံးနီးပါး စစ္ေဒသအဆင့္ ကြပ္ကဲမႈနဲ႔ ခ႐ိုင္အဆင့္ စစ္ေရးကြပ္ကဲမႈေတြ တည္ေဆာက္ႏိုင္ၿပီလို႔ NUG က ေၾကညာသလို တခ်ိန္တည္းမွာပဲ စစ္ကိုင္းတိုင္းက မုံ႐ြာ၊ ေမာ္လိုက္၊ ခႏၲီး၊ တမူး စတဲ့ ခ႐ိုင္ေတြ အပါအဝင္ ခ႐ိုင္အားလုံးနီးပါးမွာ ျပည္သူ႔အုပ္ခ်ဳပ္ေရး စတင္ၿပီျဖစ္လို႔ စစ္ေကာင္စီ လက္ေအာက္ခံ ဝန္ထမ္းေတြ ႏႈတ္ထြက္ၾကဖို႔လည္း NUG ရဲ႕ ခ႐ိုင္ ပအဖ ေတြက ထုတ္ျပန္ထားပါတယ္။

ျမန္မာ့ေႏြဦး ေတာ္လွန္ေရးဟာ အျမင့္ဆုံး အဆင့္ကို ေရာက္ရွိေနၿပီျဖစ္လို႔ ျပည္သူအားလုံးက တတ္ႏိုင္တဲ့ဘက္က ပူးေပါင္းပါဝင္ၾကဖို႔လည္း NUG ရဲ႕ ပကဖနဲ႔ ပအဖ အဖြဲ႕ေတြက တိုက္တြန္းထားပါတယ္။

Crd

Unicode

စစ်ကိုင်းတိုင်းက ခရိုင်အားလုံးနီးပါးမှာ စစ်ဒေသအဆင့် ကွပ်ကဲမှုနဲ့ ခရိုင်အဆင့် စစ်ရေးကွပ်ကဲမှုတွေ တည်ဆောက်နိုင်ပြီလို့ NUG ထုတ်ဖော် အသိပေး၊

MFP ၊ ဇူလိုင် – ၁၇

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ် ERO (တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း) တို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းက ခရိုင်တွေ အားလုံးနီးပါးမှာ စစ်ဒေသအဆင့် ကွပ်ကဲမှုနဲ့ ခရိုင်အဆင့် စစ်ရေးကွပ်ကဲမှုတွေ တည်ဆောက်နိုင်ပြီလို့ NUG က ထုတ်ဖော် အသိပေးလိုက်ပါတယ်။

ဒီနေ့ ဇူလိုင်(၁၇)ရက် မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ NUG နဲ့ ပြည်သူ တွေ့ဆုံပွဲမှာ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ဝန်ကြီး ဦးရည်မွန်က စစ်ကိုင်းတိုင်းအတွင်း ခရိုင်အားလုံးနီးပါးမှာ စစ်ရေးကွပ်ကဲမှုအဆင့်တွေ တည်ဆောက်ထားနိုင်ပြီဆိုတာကို အရေးကြီးတဲ့ ကိစ္စတစ်ခု အဖြစ် အသိပေးတင်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စစ်ဒေသ သုံးခုအဖြစ် ပိုင်းခြားကာ စစ်ဒေသအလိုက် မဟာမိတ် EROs တွေနဲ့ လက်တွဲပြီး စစ်ဒေသအဆင့် ကွပ်ကဲမှု တည်ဆောက်ဖို့၊ စစ်ဒေသမှူးတွေ၊

စစ်ဒေသကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပြီး အားလုံးပါဝင်တဲ့ စုစည်းမှု ၊ ကွပ်ကဲမှုတစ်ခု တည်ဆောက်နိုင်ဖို့ ကြိုးစားခဲ့ကြရာမှာ စစ်ဒေသ(၁)ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာတော့ ခရိုင်အားလုံးနီးပါးမှာ စစ်ဒေသအဆင့် ကွပ်ကဲမှုနဲ့ ခရိုင်အဆင့် စစ်ရေးကွပ်ကဲမှုတွေ တည်ဆောက်နိုင်ပြီလို့ ဝန်ကြီး ဦးရည်မွန် က ရှင်းပြပါတယ်။

“ ဒီအချိန်မှာ အရေးကြီးဆုံးကတော့ တော်လှန်ရေး အင်အားစု အားလုံးကို စုစည်းပြီး ခရိုင်အလိုက် ကွပ်ကဲမှုတည်ဆောက်ကြရမှာ ဖြစ်တယ်၊ ဒီအလုပ်ကတော့ လက်ရှိစစ်မြေပြင်ရဲ့ တောင်းဆိုမှုလို့ ပြောလို့ရတယ်၊ ဒီအလုပ်ကို လုပ်နိုင်သလား၊ မလုပ်နိုင်ဘူးလားဆိုတာကလည်း ဒီတော်လှန်ရေးရဲ့ အနှေးနဲ့ အမြန် ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ မှတ်ယူတယ်၊

လက်ရှိ ဦးစားပေးပြီး ဆောင်ရွက်နေတာ ခရိုင်အလိုက် စုစည်းမှုနဲ့ ကွပ်ကဲမှု၊ အားလုံးပါဝင်တဲ့ ဗျုဟာ နဲ့ စီမံချက်။ ဒီစီမံချက်ကိုမှ အားလုံးပူးပေါင်းပြီး အကောင်အထည်ဖေါ်၊ ဒီနည်းလမ်းနဲ့ ဒီအကြမ်းဖက် စစ်ကောင်စီတပ် နဲ့ စစ်ကြောင်းတွေကို နောက်ဆုံး ချေမှုန်းပစ်နိုင်ရေးအထိ ရည်မှန်းပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ် ” လို့ ဝန်ကြီးက ဆိုပါတယ်။

NUG က သတ်မှတ်ထားတဲ့ စစ်ဒေသ(၁)ဟာ စစ်ကိုင်းတိုင်း ဖြစ်ပြီး စစ်ဒေသ(၁)ရဲ့ မဟာမိတ် ERO က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဖြစ်ပါတယ်။စစ်ဒေသ (၁) စစ်ကိုင်းတိုင်းမှာ ခရိုင်အားလုံးနီးပါး NUG နှင့် ERO ပူးပေါင်းပြီး စစ်ဒေသကွပ်ကဲမှု၊ ခရိုင်အဆင့်ကွပ်ကဲမှု တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သလို အတိုင်းအတာ တစ်ခုအထိ ကွပ်ကဲနိုင်စွမ်းရှိတဲ့ အခြေအနေကို ရောက်ရှိခဲ့ပြီလို့ ဦးရည်မွန်က ပြောပါတယ်။

၂၀၂၁၊ စက်တင်ဘာ(၇)ရက်မှာ ပြည်သူ့ခုံခံ တွန်းလှန်စစ် စတင်ဖို့ NUG က ကြေညာခဲ့တာကြောင့် အခုဆိုရင် (၁၀) လ ဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။လက်ရှိမှာ တော်လှန်ရေးက အဆင့်တစ်ခုကို ရောက်လာပြီဖြစ်သလို ရင်ဆိုင်နေရတဲ့ ရန်သူကလည်း အကြမ်းကြုတ်ဆုံး နည်းလမ်းတွေနဲ့ တော်လှန်‌ရေးကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဝန်ကြီး ဦးရည်မွန် က သုံးသပ်ပါတယ်။

“ စစ်တပ်လို့ ဘယ်လိုမှ ပြောလို့မရတဲ့ အခြေအနေကို စစ်တပ် တစ်ခုအနေနဲ့ ဘယ်လိုမှ မလုပ်ကောင်းတဲ့ အလုပ်တွေကို လုပ်နေတယ်၊ အကြမ်းဖက် ရာဇဝတ်ဂိုဏ်း တစ်ခုအဖြစ် စစ်ကောင်စီတပ်ဟာ ပြောင်းလဲသွားပြီဆိုတာ ကျနော်တို့ တွေ့ရတယ်၊ သူ့မှာ တခြားလုပ်စရာ မရှိတော့ဘူး၊ ပြောမယ်ဆိုရင် သူ့ရဲ့ နောက်ဆုံးနည်းလမ်း၊

နောက်ဆုံးထွက်ပေါက်လို့ကို စဉ်းစားပြီး လုပ်ဆောင်နေတယ်ဆိုတာကို ကျတော်တို့ တွေ့ရတယ်၊ စစ်ကောင်စီမှာ ပြည်သူကို အကြမ်းမဖက်ဘဲ အခြားနည်းလမ်းနဲ့ တော်လှန်ရေးကို ရင်ဆိုင်ဖို့ သူ့မှာ နည်းလမ်းမရှိတော့ဘူး၊ ဒီလို အင်မတန် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ကောင်စီ ကို ရင်ဆိုင်အနိုင်ယူမယ်ဆိုရင် ကိုယ့်ဘက်ကလည်း အရေးကြီးတဲ့ နည်းဗျုဟာပိုင်း မဟာဗျုဟာပိုင်း အပြောင်းအလဲတွေ လုပ်လာမှာ ရှိပါတယ် ” လို့ ဝန်ကြီး က ဆိုပါတယ်။

စစ်ဒေသ(၁) စစ်ကိုင်းတိုင်းမှာ ခရိုင်အားလုံးနီးပါး စစ်ဒေသအဆင့် ကွပ်ကဲမှုနဲ့ ခရိုင်အဆင့် စစ်ရေးကွပ်ကဲမှုတွေ တည်ဆောက်နိုင်ပြီလို့ NUG က ကြေညာသလို တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်းက မုံရွာ၊ မော်လိုက်၊ ခန္တီး၊ တမူး စတဲ့ ခရိုင်တွေ အပါအဝင် ခရိုင်အားလုံးနီးပါးမှာ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်လို့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ နှုတ်ထွက်ကြဖို့လည်း NUG ရဲ့ ခရိုင် ပအဖ တွေက ထုတ်ပြန်ထားပါတယ်။

မြန်မာ့နွေဦး တော်လှန်ရေးဟာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူအားလုံးက တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့လည်း NUG ရဲ့ ပကဖနဲ့ ပအဖ အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Crd

Leave a Reply

Your email address will not be published.