NUG က အဆုံးသ-တ်တို-က်ပွဲ ဖော်ဆောင်မယ်ဆိုတာ အလကားပြောတာ မ ဟုတ်ပါ

News

NUG က အဆုံးသ-တ်တို-က်ပွဲ ဖော်ဆောင်မယ်ဆိုတာ အလကားပြောတာ မ ဟုတ်ပါ

#စစ်ဒေသ 1 အဖြစ် စစ်ကိုင်းတိုင်းမှာ ခရိုင် အဆင့်ဆင့်နဲ့ စစ်ဒေသ ကွပ်ကဲရေးမှူးတွေနဲ့ ဖွဲ့စည်းပြီး ဖြစ်တယ်လို့NUG က ထုတ်ပြောလာတာက ပြောသင့်တဲ့ အချိန်
ရောက်ပြီ ဖြစ်လို့ပါ။ EAO ဖက်ကလဲ ခွင့်ပြုလိုက်ပြီ။

အဲ့တာ မှန်ပါတယ်။ တကယ့်မြေပြင်က လက်ရှိအခြေအနေတရပ်ဖြစ်ပါတယ်။ချက်ခြင်းကြီး ဟပ်ချလောင်း ဆိုပြီး ထဖြစ်လာတာတော့မဟုတ်ဘူး။ KIA အနေနဲ့ စစ်ကိုင်းမှာ ခြေကုပ်ယူနေတာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းကစတယ်။ ဒူကမ္ဘာ အဆင့်တွေနဲ့ စစ်ကိုင်းတိုင်းထဲမှာKIA PDF တွေအဖြစ် စိမ့်ဝင်နေတာကြာပါပြီ။

ကျနော်တို့ လုပ်တဲ့ Mission ကြီးတွေမှာဆိုရင်KIA ရဲဘော်တွေနဲ့ ထောက်ပံ့ရေးတွေက အစပါတယ်။လိုတာသာပြော သူတို့ယုံကြည်ရတဲ့ PDF အဖွဲ့အစည်းဆိုရင် ငှားရမ်းအသုံးပြုခွင့်ပေးတယ်။

သတင်းတော့ တင်ခွင့်မပေးခဲ့ဘူး။တည်ဆောက်ရေးကာလဖြစ်တာကြောင့်အမှားအယွင်းခံလို့မရလို့ တချို့ Mission အကြီးတွေတောင်မှ လုံးဝမတင်ရတာတွေ ရှိတယ်။

ကျနော်တို့ PDF တွေနဲ့ EAO တွေရဲ့ ဘုံ စစ်စည်းမျဉ်းကြောင့် အကုန် အသံတိတ် နေခဲ့ကြတယ်။အခု ပြောလို့ရပါပြီ။ လတ်တလော မုံရွာ၊ မော်လိုက်၊ ခန္တီး၊ တမူး ခရိုင်လေးခုမှာ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီ။

လာမယ့် အပတ်တွေမှာ နောက်ထပ်လဲ ထပ်လာအုံးမယ်။စစ်ကောင်စီက မီးတွေ ပတ်ရှို့နေတယ်။မှန်ပါတယ်။ ထိတွေ့မှုမှာ မနိုင်တော့လို့ စစ်ဘေးရှောင်တာဝန်ကို PDF ပုခုံးပေါ် ထပ်တင်ပေးတဲ့ သဘောပါဘဲ။

မြေပြင် အရည်အသွေးမှာ ဘယ်လိုမှမယှဉ်နိုင်တာတွေက တနေ့တခြား ပိုကွာခြားလာတဲ့အတွက် ကြံရာမရ လုပ်နေကြတာတွေပါဘဲ။စစ်ကိုင်းမှာ စခ အကုန်နီးပါးကို ဆေးကျွေးပြီး စစ်ကြောင်းထိုးခိုင်းရတဲ့ အခြေအနေ ဖြစ်သွားပြီ။ဒါဆို ဘာလို့ ရွာတွေ မီးပတ်ရှို့ခံနေရတာကို လုံလုံလောက်လောက် မတားဆီးနိုင်တာလဲလို့ မေးစရာ ရှိလာတယ်။

တစ်အချက် လန အင်အား။ကျနော်တို့ PDF တွေမှာ မလုံလောက်သေးဘူး။Mission လုပ်ရင်း Defense လုပ်နိုင်ဖို့အထိကျတော့လိုအပ်ချက်က အင်မတန်ကြီးမားပါတယ်။

နှစ်အချက် ပြည်သူသည်သာ ပဓာန။ဘယ်သူမှ မကျန်ခဲ့အောင် ကယ်ထုတ်နိုင်ဖို့ကသာကျနော်တို့အတွက် အရေးကြီးဆုံးတာဝန်ပါ။ကျန်တာတွေက လူ့အသက်လောက် ဘာကမှအရေးမကြီးတာကြောင့် ခုခံတွန်းလှန်စစ်အဖြစ် ဖော်ဆောင်တဲ့အခါ ပြည်သူကိုသာမရရအောင် ကယ်ဆယ်ပါတယ်။

သုံးအချက် မြေပြန့်များပြီး အမြင့်ပိုင်းနည်းခြင်း။ဒါတွေက စစ်ရေးဗျူဟာအရ အချိန်ကြာလို့မရဘူး။ ဝေဟင်ကိုလဲ သိပ်သတိထားရတာကြောင့် တောင်ကုန်း တောင်တန်း အမြင့်တွေနည်းပါးတာကြောင့် မြန်မြန်ဆန်ဆန်ဘဲအားလုံးလုပ်ရတယ်။ ဒါ့ကြောင့် လူနဲ့ အိမ်ဆိုရင်လူကိုဘဲ ကျနော်တို့ ဦးစားပေးပါတယ်။

တော်လှန်ရေး ရေချိန် အမြင့်ဆုံးကို ရောက်နေပါပြီ။

အားကုန်ထုတ်ရမယ့် အချိန်ရောက်နေပါပြီ။

နိုးထကြပါတော့ မြန်မာပြည်သူ၊ မြန်မာပြည်သားများခင်ဗျား။

ရေပေါ်ဆီ ပေါ်ပင်မှာ မျောနေတာတွေ ရပ်ကြပါတော့။

အားလုံး အလုပ်ပိုကြိုးစားရမယ့် ကာလအပိုင်းအခြားပါ။

??

တော်ဝင်နောင် (MasK.)

~ ~ War June War June

Crd

Unicode

NUG က အဆုံးသ-တ်တို-က်ပွဲ ဖော်ဆောင်မယ်ဆိုတာ အလကားပြောတာ မ ဟုတ်ပါ

#စစ္ေဒသ 1 အျဖစ္ စစ္ကိုင္းတိုင္းမွာ ခရိုင္ အဆင့္ဆင့္နဲ႔ စစ္ေဒသ ကြပ္ကဲေရးမႉးေတြနဲ႔ ဖြဲ႕စည္းၿပီး ျဖစ္တယ္လို႔NUG က ထုတ္ေျပာလာတာက ေျပာသင့္တဲ့ အခ်ိန္
ေရာက္ၿပီ ျဖစ္လို႔ပါ။ EAO ဖက္ကလဲ ခြင့္ျပဳလိုက္ၿပီ။

အဲ့တာ မွန္ပါတယ္။ တကယ့္ေျမျပင္က လက္ရွိအေျခအေနတရပ္ျဖစ္ပါတယ္။ခ်က္ျခင္းႀကီး ဟပ္ခ်ေလာင္း ဆိုၿပီး ထျဖစ္လာတာေတာ့မဟုတ္ဘူး။ KIA အေနနဲ႔ စစ္ကိုင္းမွာ ေျခကုပ္ယူေနတာ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းေလာက္ကတည္းကစတယ္။ ဒူကမၻာ အဆင့္ေတြနဲ႔ စစ္ကိုင္းတိုင္းထဲမွာKIA PDF ေတြအျဖစ္ စိမ့္ဝင္ေနတာၾကာပါၿပီ။

က်ေနာ္တို႔ လုပ္တဲ့ Mission ႀကီးေတြမွာဆိုရင္KIA ရဲေဘာ္ေတြနဲ႔ ေထာက္ပံ့ေရးေတြက အစပါတယ္။လိုတာသာေျပာ သူတို႔ယုံၾကည္ရတဲ့ PDF အဖြဲ႕အစည္းဆိုရင္ ငွားရမ္းအသုံးျပဳခြင့္ေပးတယ္။

သတင္းေတာ့ တင္ခြင့္မေပးခဲ့ဘူး။တည္ေဆာက္ေရးကာလျဖစ္တာေၾကာင့္အမွားအယြင္းခံလို႔မရလို႔ တခ်ိဳ႕ Mission အႀကီးေတြေတာင္မွ လုံးဝမတင္ရတာေတြ ရွိတယ္။

က်ေနာ္တို႔ PDF ေတြနဲ႔ EAO ေတြရဲ့ ဘုံ စစ္စည္းမ်ဥ္းေၾကာင့္ အကုန္ အသံတိတ္ ေနခဲ့ၾကတယ္။အခု ေျပာလို႔ရပါၿပီ။ လတ္တေလာ မုံရြာ၊ ေမာ္လိုက္၊ ခႏၲီး၊ တမူး ခရိုင္ေလးခုမွာ ျပည္သူ႔အုပ္ခ်ဳပ္ေရး စတင္ၿပီ။

လာမယ့္ အပတ္ေတြမွာ ေနာက္ထပ္လဲ ထပ္လာအုံးမယ္။စစ္ေကာင္စီက မီးေတြ ပတ္ရွို႔ေနတယ္။မွန္ပါတယ္။ ထိေတြ႕မႈမွာ မနိုင္ေတာ့လို႔ စစ္ေဘးေရွာင္တာဝန္ကို PDF ပုခုံးေပၚ ထပ္တင္ေပးတဲ့ သေဘာပါဘဲ။

ေျမျပင္ အရည္အေသြးမွာ ဘယ္လိုမွမယွဥ္နိုင္တာေတြက တေန႔တျခား ပိုကြာျခားလာတဲ့အတြက္ ႀကံရာမရ လုပ္ေနၾကတာေတြပါဘဲ။စစ္ကိုင္းမွာ စခ အကုန္နီးပါးကို ေဆးေကၽြးၿပီး စစ္ေၾကာင္းထိုးခိုင္းရတဲ့ အေျခအေန ျဖစ္သြားၿပီ။ဒါဆို ဘာလို႔ ရြာေတြ မီးပတ္ရွို႔ခံေနရတာကို လုံလုံေလာက္ေလာက္ မတားဆီးနိုင္တာလဲလို႔ ေမးစရာ ရွိလာတယ္။

တစ္အခ်က္ လန အင္အား။က်ေနာ္တို႔ PDF ေတြမွာ မလုံေလာက္ေသးဘူး။Mission လုပ္ရင္း Defense လုပ္နိုင္ဖို႔အထိက်ေတာ့လိုအပ္ခ်က္က အင္မတန္ႀကီးမားပါတယ္။

ႏွစ္အခ်က္ ျပည္သူသည္သာ ပဓာန။ဘယ္သူမွ မက်န္ခဲ့ေအာင္ ကယ္ထုတ္နိုင္ဖို႔ကသာက်ေနာ္တို႔အတြက္ အေရးႀကီးဆုံးတာဝန္ပါ။က်န္တာေတြက လူ႔အသက္ေလာက္ ဘာကမွအေရးမႀကီးတာေၾကာင့္ ခုခံတြန္းလွန္စစ္အျဖစ္ ေဖာ္ေဆာင္တဲ့အခါ ျပည္သူကိုသာမရရေအာင္ ကယ္ဆယ္ပါတယ္။

သုံးအခ်က္ ေျမျပန္႔မ်ားၿပီး အျမင့္ပိုင္းနည္းျခင္း။ဒါေတြက စစ္ေရးဗ်ဴဟာအရ အခ်ိန္ၾကာလို႔မရဘူး။ ေဝဟင္ကိုလဲ သိပ္သတိထားရတာေၾကာင့္ ေတာင္ကုန္း ေတာင္တန္း အျမင့္ေတြနည္းပါးတာေၾကာင့္ ျမန္ျမန္ဆန္ဆန္ဘဲအားလုံးလုပ္ရတယ္။ ဒါ့ေၾကာင့္ လူနဲ႔ အိမ္ဆိုရင္လူကိုဘဲ က်ေနာ္တို႔ ဦးစားေပးပါတယ္။

ေတာ္လွန္ေရး ေရခ်ိန္ အျမင့္ဆုံးကို ေရာက္ေနပါၿပီ။

အားကုန္ထုတ္ရမယ့္ အခ်ိန္ေရာက္ေနပါၿပီ။

နိုးထၾကပါေတာ့ ျမန္မာျပည္သူ၊ ျမန္မာျပည္သားမ်ားခင္ဗ်ား။

ေရေပၚဆီ ေပၚပင္မွာ ေမ်ာေနတာေတြ ရပ္ၾကပါေတာ့။

အားလုံး အလုပ္ပိုႀကိဳးစားရမယ့္ ကာလအပိုင္းအျခားပါ။

??

ေတာ္ဝင္ေနာင္ (MasK.)

~ ~ War June War June

Crd

Leave a Reply

Your email address will not be published.