ပြည်သူမပါဘဲ စစ်ကောင်စီရွေးကောက်ပွဲအလုပ်မဖြစ်ဟု NUG နိုင်ငံခြားရေး ဒုဝန်ကြီးပြော

News

ရန်ကုန်၊ ဇူလိုင် ၁၇

လူငယ့်ခေတ်

စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင်ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသော်လည်း ပြည်သူဆန္ဒပါဝင်မှုမရှိသည့် အတွက် အလုပ်မဖြစ်နိုင်ကြောင်း NUG အစိုးရ၏ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁၇ရက်) နံနက်တွင်ပြုလုပ်သည့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများနှင့် NUG အစိုးရ တွေ့ ဆုံပွဲ၌ စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းခံရသည့်အပေါ်မကျေနပ်၍ ယခုကဲ့သို့စစ်ကောင် စီကိုတော်လှန်နေသည့် အခြေအနေဖြစ်သည့်အတွက် ၎င်းတို့ပြုလုပ်ရန် ပြင်ဆင်နေသော ရွေးကောက်ပွဲတွင် ပါဝင်သင့်၊ မသင့်ကိုပြည်သူက သိရှိပြီးဖြစ်သည်ဟုလည်း ဦးမိုးဇော်ဦးက ဆိုသည်။

“ရွေးကောက်ပွဲဆိုတာ ပြည်သူကသာ အခရာကျတာပါ။ ပြည်သူက မပါဝင်ဘဲ အလုပ်မဖြစ်ပါဘူး။ ပြီးတော့ နိုင်ငံ တွင်း အခြေအနေအရ တစ်နိုင်ငံလုံးလုပ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ စစ်ကောင်စီအနေနဲ့ကတော့ သူတို့ထိန်း ချုပ်ထားနိုင်တဲ့ နေရာတွေမှာရအောင်တော့ လုပ်ကောင်းလုပ်နိုင်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။

အကယ်၍ ရွေးကောက်ပွဲပြုလုပ်ပါက NLD ကမည်သည့်နည်းနှင့်မျှပါဝင်မည်မဟုတ်သကဲ့သို့ အသိအမှတ်မပြု ကြောင်းလည်း ကြေညာထားပြီးဖြစ်ကာ NUGအနေဖြင့်လည်း အသိအမှတ်မပြုကြောင်း နိုင်ငံတကာကို ပြောထား ပြီးဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း စစ်ကောင်စီအနေဖြင့် ၎င်းတို့ထွက်ပေါက်အတွက် အခြေခံဥပဒေပြင်ဆင်ရေးဆွဲရန် နည်းလမ်းရှာဖွေနေသကဲ့သို့ NUG ကလည်း ဦးတည်ချက်လမ်းကြောင်းအတိုင်း တစိုက်မက်မက်လုပ်ဆောင်နေသည်ဟု ပြောသည်။

“စစ်ကောင်စီအနေနဲ့ကတော့ ထွက်ပေါက်အလုံးစုံပိတ်နေချိန်မှာ ရသလောက်ထွက်ပေါက်ရှာနေတဲ့ သဘောလို့ ယူဆတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှာ ဘက်ပေါင်းစုံ အရှုံးနှင့်ရင်ဆိုင်နေရပြီး ပြည်သူ့အောင်ပွဲရရှိရန်နီးစပ်နေပြီဟုလည်း ဦးမင်းကိုနိုင်က ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် NUGအစိုးရ၏ ဝန်ကြီးဌာနအစုံမှ ဝန်ကြီး၊ ဒုဝန်ကြီးများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှု အစီစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။

Photo – MOFA (NUG Myanmar)

Crd

Unicode

Leave a Reply

Your email address will not be published.