” ထုတ်ပြန်ကြေညာချက် ”
မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့တွင်အကြမ်းဖက်စစ်ကောင်စီ နှင့် ကော်ဘရာစစ်ကြောင်းတို့ ဇူလိုင်လ (၇) ရက်နေ့မှ စတင်၍ ဇူလိုင် (၁၂) ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ မြဝတီ – ဝေါ်လေ ကားလမ်းမကြီးအား တစ်ဖက်သတ် ပိတ်ဆို့ခဲ့မှုကြောင့် ဒေသခံပြည်သူလူထု၏ စားဝတ်နေရေး လွန်စွာ ကြပ်တည်းခဲ့ရပါသည်။

ထို့ကြောင့် ကော်ဘရာစစ်ကြောင်းမှ ဇူလိုင်လ (၁၂) ရက်နေ့ ညနေပိုင်းမှ စတင်၍ ပြည်သူလူထု အေးချမ်းလုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေး၊ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် တိုက်ပွဲ ဖြစ်ပွားရာ ဒေသ ဆက်စပ်နေရာများအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါသည်။
မိဘပြည်သူ အများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အသက်ရှင်ရပ်တည်နိုင်ရေး၊ နေထိုင်သွားလာအဆင်ပြေစေရန် အတွက် မြဝတီ – ဝေါ်လေ ကားလမ်းမကြီးတစ်လျှောက် အကြမ်းဖက် စစ်ကောင်စီမှ ပိတ်ဆို့ထားသော အတားအဆီးများ၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကာ ဇူလိုင် (၁၆) ရက်နေ့၊ ညနေပိုင်းတွင် လမ်းမကြီးအား ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါသည်။

ထိုသို့ ကော်ဘရာစစ်ကြောင်းမှ ပြည်သူလူထု၏ လူမှုစီးပွားအတွက် ဆောင်ရွက်ပေးမှု အပေါ် အခွင့်ကောင်းယူကာ အကြမ်းဖက်စစ်ကောင်စီသည် ယုတ်မာပတ်စက်သော အကြံဖြင့် ယနေ့ မနက် ဇူလိုင် (၁၇) ရက်နေ့တွင် မြဝတီ – ဝေါ်လေ ကားလမ်းမကြီးအား လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် လျက်ရှိပါသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ ယုတ်မာသော လုပ်ရပ်များသည် အများပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ်ထိခိုက်မှုများ ရှိလာနိုင်သဖြင့် ကော်ဘရာစစ်ကြောင်းအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိပါသည်။ ပြည်သူလူထု အေးချမ်း၊ လုံခြုံစွာ သွားလာနိုင်ခြင်းမရှိသည့်အပေါ် ကော်ဘရာစစ်ကြောင်းမှူး အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက
” အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်တိုက်ချင်ရင် စစ်သားတွေပီပီ သတ္တိရှိရှိ၊ သိက္ခာရှိရှိ မျက်နှာချင်းဆိုင် တိုက်ပါ ” ဟု အကြမ်းဖက်စစ်ကောင်စီ များအား သတင်းစကားပါးလိုက်သည်။
Source & photo ; Cobra Column
Crd
Unicode