Omicron အစနဲ့ BA.2 ထက် သုံးလေးဆ
BA5 က တော်တော်ခံရပါတယ်Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ်
ကူးစက်တာ အရမ်းမြန်တယ်၊ စကားလေးငါးခွန်းပြောလိုက်တာနဲ့ ချက်ချင်းကူးသွားနိုင်ပြီး ကလေးတွေကိုပါ ကူးစက်ပြီး ခံစားရစေပါတယ်။




Day 1 – ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီး အားနည်းလာမယ်
Day 2 – တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူး ဖြစ်လာမယ်
Day 3 – လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားမယ်




Day 4 – နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ
Day 5 – နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုးနံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆားရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်




Day 6 – တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်
Day 7 – ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် ( သို့ )Swab test Positive ပြနေသေးရင် ( သို့ )အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicron အစလို မပေါ့ပါနဲ့တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိ ကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းထန်စွာခံစားရပါတယ်




Home_Q လုပ်ပြီး အိမ်မှာပဲနေမယ့် လူအများစု လိုအပ်မည့် ဆေးတွေကတော့Paracetamol လိုမျိုးအဖျားကျဆေး၊Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊Acetylcysteine – ACCလိုမျိုး ချွဲပျော်ဆေး၊ ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက် ဓါတ်ဆားပါပဲ၊
သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 ~ 2 Liter လောက် သောက်ပါအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလိုသွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊




တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး အကူအညီရယူဆောင်ရွက်တာက အကောင်းဆုံးပါပဲ……
crd
zawgyi
Omicron အစနဲ႔ BA.2 ထက္ သုံးေလးဆ
BA5 က ေတာ္ေတာ္ခံရပါတယ္Omicron အစနဲ႔ BA.2 ထက္ သုံးေလးဆ ပိုထိတယ္
ကူးစက္တာ အရမ္းျမန္တယ္၊ စကားေလးငါးခြန္းေျပာလိုက္တာနဲ႔ ခ်က္ခ်င္းကူးသြားႏိုင္ၿပီး ကေလးေတြကိုပါ ကူးစက္ၿပီး ခံစားရေစပါတယ္။




Day 1 – ခ်မ္းစိမ့္ၿပီး ကိုယ္လက္ေတြ မအီမသာစျဖစ္မယ္၊ ေခါင္းေတြ အုံလာမယ္၊ သိသိသာသာႀကီး အားနည္းလာမယ္
Day 2 – တစ္ဝက္ေလာက္က စဖ်ားမယ္၊ ခ်မ္းတုန္ေနမယ္၊ အမ်ားစုက မခံႏိုင္ေလာက္ေအာင္ ေခါင္းစကိုက္မယ္၊ ကိုယ္ေတြလက္ေတြ ႐ိုက္ထားသလိုနာမယ္၊ ထိုင္းမႈိင္းေနမယ္၊ အစာမဝင္ေတာ့ဘူး၊ ညဖက္ေတြ အိပ္မေပ်ာ္ေတာ့ဘူး၊ လည္ပင္းထဲ ေနလို႔မေကာင္းေတာ့ဘူး ျဖစ္လာမယ္
Day 3 – လည္ပင္းစနာလာတယ္၊ ရင္ေခါင္းထဲမွာ တစ္ဆို႔ႀကီး ျဖစ္ေနမယ္၊ အဓိက ခြၽဲေတြစပိတ္လာမယ္၊ အဲဒီအခ်ိန္ တခ်ိဳ႕မွာ အသက္ရႉၾကပ္တဲ့ လကၡဏာေတြ စျပလာမယ္၊ SpO2 တိုင္းၿပီး ေအာက္စီဂ်င္ ေသြးတြင္းပမာဏကို ေစာင့္ၾကည့္ေနရမယ္၊ ညပိုင္းမွာ ဗိုက္ေအာင့္ဗိုက္ရစ္ျဖစ္ၿပီး ဝမ္းစသြားမယ္




Day 4 – ႏွာစစီးလာမယ္၊ ႏွာရည္ယိုမယ္၊ ႏွာေခါင္းပိတ္မယ္၊ ေခါင္းျပင္းထန္စြာကိုက္တာနဲ႔ ရင္ဘတ္ထဲ ေနမသိထိုင္မသာျဖစ္တာနဲ႔ တြဲမယ္၊ တခ်ိဳ႕လူေတြမွာ chest painလို႔ ေခၚတဲ့ ရင္ဘတ္ေအာင့္တာပါျဖစ္မယ္၊ ခြၽဲေတြ ပိုပ်စ္ၿပီး အေရာင္ေျပာင္းလာမယ္၊ ညဖက္ေတြမွာ ေခြၽးေတြနစ္ေနေအာင္ ထြက္တတ္တယ္၊ အဆုတ္ကို အေအးထပ္မမိေအာင္ သတိထားပါ
Day 5 – ႏွာေခါင္းထဲ အနံ႔အာ႐ုံ၊ ပါးစပ္ထဲက အရသာေတြ ေပ်ာက္သြားမယ္၊ ခါးသက္သက္နဲ႔ အစပ္အရသာေတြေလာက္ပဲ အီလည္လည္ရမယ္၊ အစာလုံးဝမစားခ်င္ဘူး၊ မစားရင္လည္း အားျပတ္မယ္၊ ႀကိတ္မွိတ္ၿပီးစားရသလို အေအးမမိေအာင္လည္း ေနရတယ္၊ ညပိုင္းမွာ ႏွာေခါင္းထဲ မီးခိုးနံ႔ႀကီးပဲ က်န္ခဲ့မယ္၊ ဆားရည္နဲ႔ ႏွာေခါင္းတြင္းကို ေဆးေပးရမယ္




Day 6 – ေတာ္႐ုံခုခံအားရွိသူေတြက ဒီေန႔မွာ စသက္သာလာမယ္၊ တခ်ိဳ႕ေတြမွာ PCR Negative ျပန္ျပႏိုင္ေပးမဲ့ အစားမစားႏိုင္သူ ကိုယ္ခံအားနည္းသူေတြအတြက္ ဆက္တိုက္ပြဲဝင္ရပါဦးမယ္၊ ခြၽဲၾကပ္တဲ့ဒဏ္နဲ႔အတူ အေအးမိၿပီး အဆုတ္ထပ္မေရာင္ေအာင္ ဂ႐ုစိုက္ေပးမွ စိတ္ခ်ရပါ့မယ္
Day 7 – ေရာက္တာကိုမွ အေပၚကလကၡဏာေတြ ဆိုးဆိုးဝါးဝါးဆက္ခံစားေနရေသးရင္ ( သို႔ )Swab test Positive ျပေနေသးရင္ ( သို႔ )ေအာက္စီဂ်င္ စက်လာရင္ေတာ့ နီးစပ္ရာ ဆရာဝန္၊ ေဆး႐ုံေဆးခန္းမွ လိုအပ္သည့္ အကူအညီ အျမန္ဆုံးရယူဖို႔လိုပါတယ္၊ Omicron အစလို မေပါ့ပါနဲ႔တစ္ေယာက္တစ္ေလမဟုတ္ပဲ လက္ရွိ ကိုဗစ္ကူးစက္ခံရသည့္ လူနာေတာ္ေတာ္မ်ားမ်ားမွာ အထက္ပါလကၡဏာအမ်ားစုကို ျပင္းထန္စြာခံစားရပါတယ္




Home_Q လုပ္ၿပီး အိမ္မွာပဲေနမယ့္ လူအမ်ားစု လိုအပ္မည့္ ေဆးေတြကေတာ့Paracetamol လိုမ်ိဳးအဖ်ားက်ေဆး၊Ibuprofenလိုမ်ိဳး အကိုက္အခဲေပ်ာက္ေဆး၊Acetylcysteine – ACCလိုမ်ိဳး ခြၽဲေပ်ာ္ေဆး၊ ဝမ္းေလ်ာဝမ္းပ်က္တာနဲ႔ စေသာက္ဖို႔ Probiotics၊Vit C , D, Zinc အစရွိတာေတြနဲ႔အတူ အေရးႀကီးဆုံးက ORS ေခၚ လူႀကီးတိုင္း ကေလးတိုင္းအတြက္ ဓါတ္ဆားပါပဲ၊
ေသာက္ခ်င္ခ်င္ မေသာက္ခ်င္ခ်င္ တစ္ရက္ကို 1 ~ 2 Liter ေလာက္ ေသာက္ပါအိမ္မွာ ေဆာင္ထားလို႔ရသည့္ ေတာ္႐ုံေဆးေတြနဲ႔ မသက္သာရင္ေတာ့ ေဆးခန္းျပပါဆီးခ်ိဳသမားေတြ အခ်ိဳဓါတ္ ေန႔စဥ္စစ္ၾကည့္သင့္သလိုေသြးတိုးႏွလုံးသမားေတြက ေသြးတိုင္းႏွလုံးခုန္သတိထားသင့္ပါတယ္၊




တစ္ေယာက္နဲ႔ တစ္ေယာက္ ကူးစက္ျဖစ္ပ်က္ပုံခ်င္း မတူညီႏိုင္သည့္အတြက္ အိမ္မွာေနရင္း မိမိအေျခအေနကို အားမရဘူးဆို ဆရာဝန္တစ္ေယာက္ေယာက္နဲ႔ အျမန္ဆုံးတိုင္ပင္ၿပီး အကူအညီရယူေဆာင္႐ြက္တာက အေကာင္းဆုံးပါပဲ……
crd