တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိပြီးပိုမိုကူညီကြပြီး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့ KNDO စစ်ဦးစီးချုပ် တိုက်တွန်း

News

ဇူလိုင်လ ၁၆ ရက်နေ့။

KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက “ဒီတော်လှန်ရေးမှာ ကျနော်တို့အားလုံး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိကူညီကြပြီး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့လိုတယ်” ဟုပြောကြားခဲ့ပါသည်။

KNDO ဖွဲ့စည်းသည့် ၇၅ နှစ်မြောက်နေ့အခမ်းအနားတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ယခုလိုပြောလိုက်ခြင်းဖြစ်ပြီး KNDO သည် မြန်မာပြည်သူများအပေါ်အကြမ်းဖက် သည့်

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်ကို မိမိတို့ KNDO သည် ပြည်သူများနှင့်အတူလက်တွဲပူးပေါင်းကာ ဟန်ချက်ညီညီတိုက်ခိုက်အနိုင်ယူလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ယနေ့သည် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၏ ၇၅ နှစ်မြောက်နေ့အခမ်းအနား( 75th KNDO Anniversary Celebration Day)လည်းဖြစ်သည်။

ကရင်တိုင်းရင်းသားများတန်းတူညီမျှခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်ပေါ်ရေးတို့အတွက် အသက်ကိုရင်းကာ လက်နက်ကိုင်တော်လှန်ရန် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ကို ကရင့်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးဦးစီးကာ ဇူလိုင်လ ၁၆ ရက် ၁၉၄၇ ခုနှစ် တွင်ဖွဲ့စည်းခဲ့ပါသည်။

Crd

Zawcode:

တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိပြီးပိုမိုကူညီကြပြီး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့ KNDO စစ်ဦးစီးချုပ် တိုက်တွန်း

ဇူလိုင်လ ၁၆ ရက်နေ့။

KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက “ဒီတော်လှန်ရေးမှာ ကျနော်တို့အားလုံး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိကူညီကြပြီး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့လိုတယ်” ဟုပြောကြားခဲ့ပါသည်။

KNDO ဖွဲ့စည်းသည့် ၇၅ နှစ်မြောက်နေ့အခမ်းအနားတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ယခုလိုပြောလိုက်ခြင်းဖြစ်ပြီး KNDO သည် မြန်မာပြည်သူများအပေါ်အကြမ်းဖက် သည့်၊

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်ကို မိမိတို့ KNDO သည် ပြည်သူများနှင့်အတူလက်တွဲပူးပေါင်းကာ ဟန်ချက်ညီညီတိုက်ခိုက်အနိုင်ယူလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ယနေ့သည် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၏ ၇၅ နှစ်မြောက်နေ့အခမ်းအနား( 75th KNDO Anniversary Celebration Day)လည်းဖြစ်သည်။

ကရင်တိုင်းရင်းသားများတန်းတူညီမျှခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်ပေါ်ရေးတို့အတွက် အသက်ကိုရင်းကာ လက်နက်ကိုင်တော်လှန်ရန် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ကို ကရင့်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးဦးစီးကာ ဇူလိုင်လ ၁၆ ရက် ၁၉၄၇ ခုနှစ် တွင်ဖွဲ့စည်းခဲ့ပါသည်။

Crd

Leave a Reply

Your email address will not be published.