Youtube ကချီးမြှင့်တဲ့ Silver Button လေးကို ရရှိခဲ့တဲ့ မေလသံစဉ်

Cele News

Youtube ကချီးမြှင့်တဲ့ Silver Button လေးကို ရရှိခဲ့တဲ့ မေလသံစဉ်

ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ အသက်သာငယ်ပေမဲ့ အနုပညာအရည်အသွေးပြည့်ဝလှတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်

ထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ တေးစီးရီအယ်ဘမ်လ်တွေလည်း ထွက်ရှိထားတဲ့အထိကို အောင်မြင်မှုတွေရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မေလသံစဉ်ကတော့ မနေ့က ဇူလိုင်လ (၁၅)ရက်နေ့မှာတော့ Youtube ကပေးအပ်တဲ့ Silver Button လေးကို အရယူနိုင်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ

ကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။”YouTube ကပေးပို့တဲ့ Silver Button လေး လိပ်စာမှား၊ တစ်ပတ်လည်ပြီး ခုမှလက်ထဲပြန်ရောက်လာပါပြီ။ မေလ YouTube

Channel လေးကို Subscribe လုပ်ပေးကြတဲ့တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်” ဆိုပြီးတော့လည်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောထားခဲ့ပါသေးတယ်။

မေလကိုချစ်ကြတဲ့ပရိသတ်တွေကတော့ မေလရဲ့ အခုလို အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ မေလသံစဉ်ရဲ့ အောင်မြင်မှုအတွက် ပရိသတ်တွေလည်း ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Source – မေလသံစဉ် May Melody

-Zawgyi Font ဖြင့်ဖတ်ရန်-




Crd

Leave a Reply

Your email address will not be published.