သေသောသူကြာရင်မေ့ဆိုပေမယ့် ရှင်နေသောသူတွေမှာ ခုချိန်ထိ မမေ့နိုင်တဲ့ လူ

News

ကိုသားကြီး

ဈာပနရှိရင် အိမ်အရိပ်ဖြတ်လျှောက်ခွင့်မပေးရလောက်အောင်အယူသီးလွန်းတဲ့ နိုင်ငံမှာလူလာဖြစ်တယ်

အဲ့နိုင်ငံက သူပြန်ထွက်သွားတော့သူ့ဈာပနခွေကို အိမ်ဧည့်ခန်းတင်ကြည့်လောက်အောင်လူများစွာရဲ့ နှလုံးသားကို ညှို့ယူသွား သူ ။

ထင်လင်းတဲ့နာမည်နဲ့လိုက်အောင်ထင်ထင်လင်းလင်းပဲ နေသွားခဲ့တဲ့ လူ ဦးငှက်သီချင်းတွေကိုကြိုက်တယ်ငှက်တစ်ကောင်လိုပဲ ပျံသန်းခဲ့ပုံက ။

သားကြီး သားတွေထဲမှာ အကြီးဆုံးသားအနုပညာမာနကြီးတယ်အနုပညာလောဘကြီးတယ် ။

စီဒီဓာတ်ပြားပေါ်မှာ သူ့နာမည်ရေးထိုးလိုက်ရုံနဲ့ရောင်းတမ်းဝင်ကုန်ဖြစ်သွားတယ်သူ့အနုပညာကို ဘယ်နိုင်ငံထုတ် ရုပ်သံပြစက်ထဲ ထိုးထည့်ကြည့်ကြည့် ကြေးကြီးတယ်

စင်မြှင့်ပေါ်က ပေးတဲ့ အကယ်ဒမီထက်ပရိသတ်ပေးတဲ့ အကယ်ဒမီအားနှစ်တိုင်းရခဲ့သူမိတ်ကပ်မရိုက်ပဲ ပရိသတ်ကြိုက်ခဲ့ သူ ။

သေသောသူကြာရင်မေ့ဆိုပေမယ့်ရှင်နေသောသူတွေမှာ ခုချိန်ထိ မမေ့နိုင်တဲ့ လူ”ကွက်လပ်ကလေးဖြည့်ပေးပါ”နဲ့ စတင်ခဲ့တဲ့ သူသူမရှိတော့တာ အတော်ကြာသွားခဲ့ပြီသူ့ကွက်လပ်နေရာမှာ သူပဲရှိနေဆဲ

“ကျနော်ကိုယ်စားပြောပေးပါ”နဲ့ စခဲ့သူသူမရှိတော့တဲ့နောက်ပိုင်းသူ့ကိုယ်စား သူ့အကြောင်းတွေ ပြောနေဆဲပါခင်ဗျားမရှိတော့တဲ့နောက်ပိုင်းအနုပညာရပ်ဝန်းဟာ သိပ်မစိုစွတ်တော့ဘူးဗျာ ။ ။

crd သင်ရိုးရာ

ဇူလိုင်၊၁၀၊၂၀၂၂

၁၅နှစ်ရောက်အလွမ်း

zawgyi

ကိုသားႀကီး

ဈာပနရွိရင္ အိမ္အရိပ္ျဖတ္ေလွ်ာက္ခြင့္မေပးရေလာက္ေအာင္အယူသီးလြန္းတဲ့ ႏိုင္ငံမွာလူလာျဖစ္တယ္

အဲ့ႏိုင္ငံက သူျပန္ထြက္သြားေတာ့သူ႔ဈာပနေခြကို အိမ္ဧည့္ခန္းတင္ၾကည့္ေလာက္ေအာင္လူမ်ားစြာရဲ႕ ႏွလုံးသားကို ညႇိဳ႕ယူသြား သူ ။

ထင္လင္းတဲ့နာမည္နဲ႔လိုက္ေအာင္ထင္ထင္လင္းလင္းပဲ ေနသြားခဲ့တဲ့ လူ ဦးငွက္သီခ်င္းေတြကိုႀကိဳက္တယ္ငွက္တစ္ေကာင္လိုပဲ ပ်ံသန္းခဲ့ပုံက ။

သားႀကီး သားေတြထဲမွာ အႀကီးဆုံးသားအႏုပညာမာနႀကီးတယ္အႏုပညာေလာဘႀကီးတယ္ ။

စီဒီဓာတ္ျပားေပၚမွာ သူ႔နာမည္ေရးထိုးလိုက္႐ုံနဲ႔ေရာင္းတမ္းဝင္ကုန္ျဖစ္သြားတယ္သူ႔အႏုပညာကို ဘယ္ႏိုင္ငံထုတ္ ႐ုပ္သံျပစက္ထဲ ထိုးထည့္ၾကည့္ၾကည့္ ေၾကးႀကီးတယ္

စင္ျမႇင့္ေပၚက ေပးတဲ့ အကယ္ဒမီထက္ပရိသတ္ေပးတဲ့ အကယ္ဒမီအားႏွစ္တိုင္းရခဲ့သူမိတ္ကပ္မ႐ိုက္ပဲ ပရိသတ္ႀကိဳက္ခဲ့ သူ ။

ေသေသာသူၾကာရင္ေမ့ဆိုေပမယ့္ရွင္ေနေသာသူေတြမွာ ခုခ်ိန္ထိ မေမ့ႏိုင္တဲ့ လူ”ကြက္လပ္ကေလးျဖည့္ေပးပါ”နဲ႔ စတင္ခဲ့တဲ့ သူသူမရွိေတာ့တာ အေတာ္ၾကာသြားခဲ့ၿပီသူ႔ကြက္လပ္ေနရာမွာ သူပဲရွိေနဆဲ

“က်ေနာ္ကိုယ္စားေျပာေပးပါ”နဲ႔ စခဲ့သူသူမရွိေတာ့တဲ့ေနာက္ပိုင္းသူ႔ကိုယ္စား သူ႔အေၾကာင္းေတြ ေျပာေနဆဲပါခင္ဗ်ားမရွိေတာ့တဲ့ေနာက္ပိုင္းအႏုပညာရပ္ဝန္းဟာ သိပ္မစိုစြတ္ေတာ့ဘူးဗ်ာ ။ ။

crd သင္႐ိုးရာ

ဇူလိုင္၊၁၀၊၂၀၂၂

၁၅ႏွစ္ေရာက္အလြမ္း

Leave a Reply

Your email address will not be published.