အဆိုတော်ကြီး လွှမ်းမိုးရဲ့ နာမည်ကျော် “ပဲပြုတ်သည် မထား” သီချင်း နောက်ကွယ်က လူတွေ သိပ်မသိသေးတဲ့အကြောင်းရင်း

News

အဆိုတော်ကြီး လွှမ်းမိုးရဲ့ နာမည်ကျော် “ပဲပြုတ်သည် မထား” သီချင်း နောက်ကွယ်က လူတွေ သိပ်မသိသေးတဲ့အကြောင်းရင်း

ငယ်ငယ်ထဲက သီချင်းနားထောင်ရတာကြိုက်တယ် သီချင်းဟောင်းတွေကို ပိုကြိုက်တယ် ဒါမဲ့ တချို့သီချင်းတွေကို သိပ်ဘဝင်မကျဘူး လွှမ်းမိုးရဲ့ ပဲပြုတ်သည်မထား သီချင်းလိုမျိုးပေါ့။

သီချင်းထဲမှာ သူက ဆင်ရဲသား သူ့အိမ်မှာ မီးမရှိဘူး အဲ့ထိ ပြသနာမရှိဘူး သူဌေးသားတွေကလည်း မပေါင်းဘူးတဲ့ ကိစ္စ မရှိသေးဘူး ဘယ်ဟာမှာ ဘဝင်မကျတာလဲဆိုတော့ သူက ပန်းတစ်ပွင့်ယူလာပြီး မထားဆီက ထမင်းနဲ့ ပဲပြုတ်ဆီဆမ်းကို နေ့တိုင်းကပ်ဆွဲတာ။

အဲ့ဒီမှာ စဉ်းစားမိတာက ပဲပြုတ်သည်ကောင်မလေးဆီကတောင် နေ့တိုင်းကပ်တီးမူးလဲ လုပ်နေတဲ့ကောင်ကို ဘယ်သူဌေးသားက ပေါင်းချင်မလဲလို့ မဟုတ်ဘူးလား။ ဒီလိုနဲ့ ဆယ်တန်းပြီးကြရော ပဲပြုတ်ရောင်းပြီး ကျောင်းတက်တဲ့ မိန်းကလေးက ဘွဲ့ရသွားတယ်။

သူက ယောက်ကျားလေးဖြစ်ပြီး အောက်တန်းစားရေးနဲ့ တိုင်ပတ်နေတုန်း သတင်းစာတောင် ဘေးအိမ်ကနေ ငှားဖတ်ရတဲ့ကောင်၊ တော်သေးတယ် မထား ကံကောင်းလို့ အဲ့လိုကောင်နဲ့သာရရင် ပဲပြုတ်တောင်း ခေါင်းပေါ်ကနေ ဘယ်တော့မှ ချရမယ်မထင်ဘူး။

အမယ် ဒါတောင် သူက ငယ်ငယ်က ပေးခဲ့ဖူးတဲ့ ပန်းလေးတောင် ပြန်မေးနေသေးတာ ဟိုကပြန်ပြီး နင်စားသွားတဲ့ ငါ့ရဲ့ထမင်းနဲ့ပဲပြုတ်ဆီဆမ်းတွေရော ဘယ်မလဲလို့ ပြန်မေးလိုက်ရင် ဒီကောင် ဘယ်လိုပြန်ဖြေမလဲ သိချင်မိတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် )

Crd

Unicode

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ငယ္ငယ္ထဲက သီခ်င္းနားေထာင္ရတာႀကိဳက္တယ္ သီခ်င္းေဟာင္းေတြကို ပိုႀကိဳက္တယ္ ဒါမဲ့ တခ်ိဳ႕သီခ်င္းေတြကို သိပ္ဘဝင္မက်ဘဴး လႊမ္းမိုးရဲ႕ ပဲျပဳတ္သည္မထား သီခ်င္းလိုမ်ိဳးေပါ့။

သီခ်င္းထဲမွာ သူက ဆင္ရဲသား သူ႕အိမ္မွာ မီးမရွိဘူး အဲ့ထိ ျပသနာမရွိဘူး သူေဌးသားေတြကလည္း မေပါင္းဘူးတဲ့ ကိစၥ မရွိေသးဘူး ဘယ္ဟာမွာ ဘဝင္မက်တာလဲဆိုေတာ့ သူက ပန္းတစ္ပြင့္ယူလာၿပီး မထားဆီက ထမင္းနဲ႕ ပဲျပဳတ္ဆီဆမ္းကို ေန႕တိုင္းကပ္ဆြဲတာ။

အဲ့ဒီမွာ စဥ္းစားမိတာက ပဲျပဳတ္သည္ေကာင္မေလးဆီကေတာင္ ေန႕တိုင္းကပ္တီးမူးလဲ လုပ္ေနတဲ့ေကာင္ကို ဘယ္သူေဌးသားက ေပါင္းခ်င္မလဲလို႔ မဟုတ္ဘူးလား။ ဒီလိုနဲ႕ ဆယ္တန္းၿပီးၾကေရာ ပဲျပဳတ္ေရာင္းၿပီး ေက်ာင္းတက္တဲ့ မိန္းကေလးက ဘြဲ႕ရသြားတယ္။

သူက ေယာက္က်ားေလးျဖစ္ၿပီး ေအာက္တန္းစားေရးနဲ႕ တိုင္ပတ္ေနတုန္း သတင္းစာေတာင္ ေဘးအိမ္ကေန ငွားဖတ္ရတဲ့ေကာင္၊ ေတာ္ေသးတယ္ မထား ကံေကာင္းလို႔ အဲ့လိုေကာင္နဲ႕သာရရင္ ပဲျပဳတ္ေတာင္း ေခါင္းေပၚကေန ဘယ္ေတာ့မွ ခ်ရမယ္မထင္ဘူး။

အမယ္ ဒါေတာင္ သူက ငယ္ငယ္က ေပးခဲ့ဖူးတဲ့ ပန္းေလးေတာင္ ျပန္ေမးေနေသးတာ ဟိုကျပန္ၿပီး နင္စားသြားတဲ့ ငါ့ရဲ႕ထမင္းနဲ႕ပဲျပဳတ္ဆီဆမ္းေတြေရာ ဘယ္မလဲလို႔ ျပန္ေမးလိုက္ရင္ ဒီေကာင္ ဘယ္လိုျပန္ေျဖမလဲ သိခ်င္မိတယ္။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ )

Crd

Leave a Reply

Your email address will not be published.