K4Uတည်ထောင်သူကိုဖမ်းဆီးထားကြောင်း စစ်ကောင်စီကြေညာလာ၍ ကျောင်းနဲ့ဆက်စပ်သူများ လုံခြုံရေးအထူးဂရုပြုရန် အကလ ဗဟိုသတိပေး
ကျော်ဇော/People’s Spring
Kaung For Youပညာရေးကျောင်းတည်ထောင်သူနဲ့ ကျောင်းအုပ်ကြီးလည်းဖြစ်တဲ့ ဦးကောင်းသိုက်စိုးကိုဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ကြေညာလာတာကြောင့် ကျောင်းနဲ့ဆက်စပ်သူအားလုံး လုံခြုံရေးအထူးဂရုပြုနေထိုင်ကြဖို့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)က ဒီကနေ့(ဇူလိုင် ၁၆)မှာ သတိပေးချက်ထုတ်ပြန်ပါတယ်။




K4U မှာ ကျောင်းအပ်ထားတဲ့ကလေးမိဘတွေ၊ CDM တွေ၊ ကျောင်းသားတွေ အားလုံးဂရုစိုက်ကြရန်၊ကျောင်းနဲပတ်သက်သော Telegram၊ Viber Group များမှ Leave လုပ်ထားကြပြီး User name တွေ၊ Profile Photo တွေကိုပြောင်းပေးထားကြဖို့ နှိုးဆော်ပါတယ်။
ဒါ့အပြင် မိဘတွေအနေနဲ့ K4U ကိုပေးထားတဲ့ ဖုန်းနံပါတ်တွေကို ခဏစွန့်ပစ်ပြီးတစ်ခြားဖုန်းနံပါတ်ကိုပြောင်းလဲအသုံးပြုပေးကြဖို့၊ အတတ်နိုင်ဆုံး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိန်းသိမ်းထားကြဖို့နဲ့ ဖြစ်နိုင်ရင်နေရာပြောင်းရွှေ့ပြီးနေပေးကြပါလို့ အသိပေးပါတယ်။




“Kaung For You နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး ဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအ စည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်”လို့ ဖော် ပြပါတယ်။
Kaung For You က ဆက်သွယ်ခဲ့တဲ့ ဖုန်းများနဲ့အယောင်ဆောင်ဖုန်းများအားလုံးကို Black list(ဒါမှမ ဟုတ်)Block ထားကြဖို့ တိုက်တွန်းထားပါတယ်။




“ရန်သူကို ပါးနပ်စွာ ကာကွယ်ကြပါခင်ဗျာ”လို့ အကလ ဗဟိုက တိုက်တွန်းပါတယ်။
Kaung For You ပညာရေးကျောင်းမှာ ကျောင်းအပ်ခဲ့သူတွေကို ကျောင်းဘက်ကနေပြီးတော့ ကျောင်းအပ်လက်ခံရာမှာ အပ်သူရဲ့ နေရပ်လိပ်စာ၊ မိဘများမှာ CDM ဖြစ်ပါက မည်သည့်နယ်ပယ်၊ ဌာန၊ ဝန်ကြီးဌာနမှ CDM ဝန်ထမ်းဖြစ်ကြောင်းအပါအဝင် ဆွေမျိုးထဲမှာ CDM ပါမပါ စတဲ့အချက်အလက်တွေကိုပါ K4U က ကောက်ယူခဲ့တာဖြစ်တယ်လို့ ကျောင်းအပ်ခဲ့သူတွေကို ကိုးကားပြီး အကလ ဗဟိုက ဖော်ပြပါတယ်။




K4U ပညာရေးကျောင်းတည်ထောင်သူဖြစ်တဲ့ ဦးကောင်းသိုက်စိုးနဲ့ပတ်သက်ပြီး ဇူလိုင် ၁၃ ရက်မနက်အစောပိုင်းကတည်းက စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံရတယ်လို့ သတင်းတွေထွက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ဦးကောင်းသိုက်စိုးနဲ့အတူ ကျောင်းဆရာနှစ်ဦးကို ဖမ်းထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာဖြစ်ပါတယ်။
Crd
Unicode
K4Uတည္ေထာင္သူကိုဖမ္းဆီးထားေၾကာင္း စစ္ေကာင္စီေၾကညာလာ၍ ေက်ာင္းနဲ႔ဆက္စပ္သူမ်ား လုံျခဳံေရးအထူးဂ႐ုျပဳရန္ အကလ ဗဟိုသတိေပး
ေက်ာ္ေဇာ/People’s Spring
Kaung For Youပညာေရးေက်ာင္းတည္ေထာင္သူနဲ႔ ေက်ာင္းအုပ္ႀကီးလည္းျဖစ္တဲ့ ဦးေကာင္းသိုက္စိုးကိုဖမ္းဆီးထားတယ္လို႔ စစ္ေကာင္စီက ေၾကညာလာတာေၾကာင့္ ေက်ာင္းနဲ႔ဆက္စပ္သူအားလုံး လုံျခဳံေရးအထူးဂ႐ုျပဳေနထိုင္ၾကဖို႔ အေျခခံပညာေက်ာင္းသားလူငယ္မ်ားအစည္းအ႐ုံး(အကလ-ဗဟို)က ဒီကေန႔(ဇူလိုင္ ၁၆)မွာ သတိေပးခ်က္ထုတ္ျပန္ပါတယ္။




K4U မွာ ေက်ာင္းအပ္ထားတဲ့ကေလးမိဘေတြ၊ CDM ေတြ၊ ေက်ာင္းသားေတြ အားလုံးဂ႐ုစိုက္ၾကရန္၊ေက်ာင္းနဲပတ္သက္ေသာ Telegram၊ Viber Group မ်ားမွ Leave လုပ္ထားၾကၿပီး User name ေတြ၊ Profile Photo ေတြကိုေျပာင္းေပးထားၾကဖို႔ ႏွိုးေဆာ္ပါတယ္။
ဒါ့အျပင္ မိဘေတြအေနနဲ႔ K4U ကိုေပးထားတဲ့ ဖုန္းနံပါတ္ေတြကို ခဏစြန္႔ပစ္ၿပီးတစ္ျခားဖုန္းနံပါတ္ကိုေျပာင္းလဲအသုံးျပဳေပးၾကဖို႔၊ အတတ္နိုင္ဆုံး ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို ထိန္းသိမ္းထားၾကဖို႔နဲ႔ ျဖစ္နိုင္ရင္ေနရာေျပာင္းေရႊ႕ၿပီးေနေပးၾကပါလို႔ အသိေပးပါတယ္။




“Kaung For You နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို အတတ္နိုင္ဆုံး ဆက္လက္ၿပီးေစာင့္ၾကည့္ေပးၾကဖို႔ကၽြန္ေတာ္တို႔အေျခခံပညာေက်ာင္းသားလူငယ္မ်ားအ စည္းအ႐ုံး(အကလ-ဗဟို)အေနနဲ႔ႏွိုးေဆာ္ပါတယ္”လို႔ ေဖာ္ ျပပါတယ္။
Kaung For You က ဆက္သြယ္ခဲ့တဲ့ ဖုန္းမ်ားနဲ႔အေယာင္ေဆာင္ဖုန္းမ်ားအားလုံးကို Black list(ဒါမွမ ဟုတ္)Block ထားၾကဖို႔ တိုက္တြန္းထားပါတယ္။




“ရန္သူကို ပါးနပ္စြာ ကာကြယ္ၾကပါခင္ဗ်ာ”လို႔ အကလ ဗဟိုက တိုက္တြန္းပါတယ္။
Kaung For You ပညာေရးေက်ာင္းမွာ ေက်ာင္းအပ္ခဲ့သူေတြကို ေက်ာင္းဘက္ကေနၿပီးေတာ့ ေက်ာင္းအပ္လက္ခံရာမွာ အပ္သူရဲ့ ေနရပ္လိပ္စာ၊ မိဘမ်ားမွာ CDM ျဖစ္ပါက မည္သည့္နယ္ပယ္၊ ဌာန၊ ဝန္ႀကီးဌာနမွ CDM ဝန္ထမ္းျဖစ္ေၾကာင္းအပါအဝင္ ေဆြမ်ိဳးထဲမွာ CDM ပါမပါ စတဲ့အခ်က္အလက္ေတြကိုပါ K4U က ေကာက္ယူခဲ့တာျဖစ္တယ္လို႔ ေက်ာင္းအပ္ခဲ့သူေတြကို ကိုးကားၿပီး အကလ ဗဟိုက ေဖာ္ျပပါတယ္။




K4U ပညာေရးေက်ာင္းတည္ေထာင္သူျဖစ္တဲ့ ဦးေကာင္းသိုက္စိုးနဲ႔ပတ္သက္ၿပီး ဇူလိုင္ ၁၃ ရက္မနက္အေစာပိုင္းကတည္းက စစ္ေကာင္စီရဲ့ဖမ္းဆီးျခင္းကိုခံရတယ္လို႔ သတင္းေတြထြက္ခဲ့တာျဖစ္ၿပီး ဒီကေန႔မွာေတာ့ ဦးေကာင္းသိုက္စိုးနဲ႔အတူ ေက်ာင္းဆရာႏွစ္ဦးကို ဖမ္းထားတယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္လာတာျဖစ္ပါတယ္။
CRD