မုံရွာ-မန္တလေးလမ်းကိုယာယီပိတ်​ကြောင်း​ချောင်းဦးPDF​ကြေညာ

News

မုံရွာ-မန္တလေးလမ်းကိုယာယီပိတ်​ကြောင်း​ချောင်းဦးPDF​ကြေညာ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအားအရေးပေါ်လိုအပ်ချက်အရ ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU PDFက သတိပေးကြေညာသည်။

မုံရွာ – မန္တလေးလမ်းပိုင်းကို ကြေညာချက်ထုတ်ပြန်ချိန် ဇူလိုင်လ ၁၆ရက် နံနက် ၁၀နာရီ ၄၅ မိနစ်အချိန်မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင်ဖော်
ပြသည်။

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ချောင်းဦး PDFက ထပ်မံသတိပေးသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောကားများအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦးPDFကမေတ္တာရပ်ခံသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းခွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်၌တိုက်ပွဲဖြစ်​နေ၍ လမ်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသောယာဥ်တန်းများ၊ ဓါတ်ပုံ-CJ)

Crd

Unicode

မုံရြာ-မႏၲေလးလမ္းကိုယာယီပိတ္​ေၾကာင္း​ေခ်ာင္းဦးPDF​ေၾကညာ

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံရြာ-မႏၲေလးလမ္းမႀကီးအားအေရးေပၚလိုအပ္ခ်က္အရ ယေန႔နံနက္ပိုင္းမွစတင္ကာ ယာယီပိတ္ထားေၾကာင္း ေခ်ာင္းဦးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-CHU PDFက သတိေပးေၾကညာသည္။

မုံရြာ – မႏၲေလးလမ္းပိုင္းကို ေၾကညာခ်က္ထုတ္ျပန္ခ်ိန္ ဇူလိုင္လ ၁၆ရက္ နံနက္ ၁၀နာရီ ၄၅ မိနစ္အခ်ိန္မွစ၍ ေနာက္ထပ္ေၾကညာခ်က္တစ္စုံတရာမထုတ္ျပန္မီအထိ အေရးေပၚလိုအပ္ခ်က္အေျခအေနအရ ယာယီပိတ္ထားလိုက္ေၾကာင္း ေခ်ာင္းဦး PDF၏ ထုတ္ျပန္ခ်က္တြင္ေဖာ္
ျပသည္။

ယာယီပိတ္ထားခ်ိန္အတြင္းေၾကညာခ်က္ပါလမ္းပိုင္းကိုျပည္သူမ်ား၏ လုံျခဳံေရးအတြက္ လုံးဝအသုံးမျပဳၾကပါရန္ႏွင့္ လိုက္နာျခင္းမရွိသူတို႔၏လုံျခဳံေရးအတြက္အာမမခံေၾကာင္း ေခ်ာင္းဦး PDFက ထပ္မံသတိေပးသည္။

အထက္ပါလမ္းပိုင္းတြင္သြားလာေနၾကေသာကားမ်ားအေနျဖင့္ အႏၲရာယ္ကင္းရွင္းေစရန္အတြက္ ေရာက္ရာအရပ္တြင္ေခတၱရပ္နားထားၾကပါရန္ႏွင့္ အဆိုပါလမ္းပိုင္းကိုလက္ရွိအသုံးျပဳလ်က္ရွိေသာ မိမိ၏ေဆြမ်ိဳးမိတ္ေဆြမ်ားကို ထပ္ဆင့္အေၾကာင္းၾကားေပးၾကပါရန္ ေခ်ာင္းဦးPDFကေမတၱာရပ္ခံသည္။

မုံရြာ-မႏၲေလးလမ္းပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္မ်ား ျဖတ္သန္းသြားတိုင္း ေဒသတြင္း PDFအဖြဲ႕မ်ားက မၾကာခဏ မိုင္းခြဲတိုက္ခိုက္ေလ့ရွိသည္။

(မုံရြာ-မႏၲေလးလမ္းေပၚတြင္ ၂၀၂၁ ခုႏွစ္၌တိုက္ပြဲျဖစ္​ေန၍ လမ္းယာယီပိတ္ထားစဥ္ ေစာင့္ဆိုင္းေနေသာယာဥ္တန္းမ်ား၊ ဓါတ္ပုံ-CJ)

Crd

Leave a Reply

Your email address will not be published.